Part (14)

444 19 0
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (14)
------------------------- unicode/ zawgyi

"ကတိအလုပ်ဝင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အခက်အခဲလေးနည်းနည်းရှိနေတယ်ကွာ...
မင်းသာ ဦးရဲ့အလုပ်မှာဝင်လုပ်ရင် အဲ့ဒီ့ကိစ္စက ဖြေရှင်းပြီးသားဖြစ်သွားနိုင်လို့ပါ...
ကတိက အပေါင်းအသင်းမရှိဘဲ သီးသန့်နေတတ်တာကို မင်းလည်းသိတယ်မဟုတ်လား...
မင်းကိုတော့ ထူးထူးခြားခြား သဘောကျပုံရလို့ ဦးက အကူညီတောင်းကြည့်တာပါ.."

ကိုယ့်ရှေ့က အံ့အားသင့်နေတဲ့ကောင်လေးကို နားလည်ရုံလောက်သာ အကြောင်းပြချက်ပေးပြီး ဂုဏ်ရောင်စည်းရုံးနေမိသည်

တစ်ချိန်မှာ သားက လုပ်ငန်းအားလုံးကို ဦးဆောင်ရမယ့်လူဖြစ်တာကြောင့်
သားရဲ့အခြေအနေအားလုံးကို အသိပေးလို့တော့မဖြစ်
စီးပွားရေးလောကမှာ ယုံကြည်မှုက အဓိကကျသည်မဟုတ်ပါလား
သားရဲ့ကျန်းမာရေးအခြေအနေကိုတော့ ဘယ်သူ့ကိုမှ မသိစေချင်
ဒါကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးတွေချည်းပေးချင်တဲ့ ဖခင်တစ်ယောက်ရဲ့ အတ္တပဲဖြစ်ပါလိမ့်မည်

"အလုပ်တစ်ခု လွယ်လွယ်ကူကူရတာက ကျွန်တော့်အတွက် ဝမ်းသာစရာပါပဲ အန်ကယ်လ်....
ဒါပေမယ့် ကျွန်တော့်ကြောင့်နဲ့ ကတိမှာ ဖိအားဖြစ်ရမယ်ဆိုရင်တော့ လက်မခံပါရစေနဲ့.. "

ဖြူဖြူသန့်သန့်လေးနဲ့ ရိုးသားပုံရသော ကောင်လေးစကားကြောင့်
ကတိ ဒီကောင်လေးကို ဘာလို့သံယောဇဉ်ဖြစ်ရတယ်ဆိုတာကို ဂုဏ်ရောင် နားလည်သွားသလိုပင်

"ဦးက ကတိရဲ့ အဖေပါကွာ...
ကိုယ့်သားအတွက် မကောင်းမယ့်ကိစ္စမျိုးကို လုပ်ပါ့မလား...
မင်းသာ အနားမှာနေရှိရင် ကတိအတွက် ပိုအဆင်ပြေနိုင်တယ်ဆိုတာ ယုံကြည်လို့ လာတွေ့တာပေါ့ "

အဆင့်အတန်းမြင့်မားပြီး အတွေးအခေါ်ကောင်းမယ့်လူလို့ မျက်နှာမှာထင်ဟပ်နေတဲ့ အန်ကယ်လ်ကြီးစကားကို လဆန်းညို ခေါင်းငြိမ့်ပြမိပြီး

"အဲ့လိုဆိုရင်တော့...
ကျွန်တော်က ဝမ်းသာရမှာပေါ့ အန်ကယ်လ်...
ဒါပေမယ့် ကျွန်တော် မေးချင်တာလေးတွေရှိပါတယ်... မေးခွင့်ရနိုင်မလားခင်ဗျ...
အဲ့ဒါကိုသာ သိရမယ်ဆိုရင် ကတိကို ပိုကူညီပေးနိုင်မယ် ထင်လို့ပါ "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now