Part (38)

355 19 4
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (38)
----------------------------------------------

ရုံးချုပ်က ဝန်ထမ်းအသစ်တွေ ရေသန့်စက်ရုံကို ရောက်လာတဲ့နေ့မှာတော့
တာဝန်ယူထားတဲ့အတိုင်း မွန်မြတ်သူကိုယ်တိုင် လိုက်ရှင်းပြပေးဖြစ်သည် ...

ဝန်ထမ်းအုပ်စုနဲ့ မွန်မြတ်သူသွားရာနောက်ကို တကောက်ကောက်လိုက်ကြည့်နေသူက ကတိ...

ကတိလိုက်နေရတဲ့ အ​ကြောင်းအရင်းက တစ်ခုတည်း
ဝန်ထမ်းသစ်တွေထဲမှာ ပါလာသူတစ်ယောက်ကြောင့်သာ

တကောက်ကောက်လိုက်ကြည့်နေတယ်ဆိုလို့ ပေါ်တင်လိုက်နေခြင်းတော့လည်း မဟုတ်....

ဟိုထောင့်ချိုးက ပေါ်လာလိုက်...
ဒီထောင့်ချိုးက ထွက်လာလိုက်နဲ့...
မျက်နှာချင်းဆိုင် တွေ့တွေ့နေရတာက

သူ တမင်တကာလုပ်နေတယ်ဆိုတာကို ဘယ်သူမှမရိပ်မိနိုင်ဘူးထင်နေပုံပင်..

ကတိလုပ်နေပုံကြောင့် လဆန်းညို ရယ်ချင်စိတ်ကို ထိန်းချုပ်နေရပြီး...
အကြောင်းသိနေတဲ့ သက်စုကလည်း ပြုံးစစနဲ့...

မွန်မြတ်သူကတော့ ရိပ်မိပေမယ့် မသိချင်ယောင်ဆောင်နေရပုံမျိုး

အခက်တွေ့ရသူတွေက ရုံးချုပ်ကလာတဲ့ ဝန်ထမ်းသစ်တွေပင်
ပထမဆုံးအကြိမ် ကတိနဲ့ဆုံကတည်းက AGM အဖြစ် မိတ်ဆက်ပေးထားတာကြောင့်

နောက်ထပ်မျက်နှာချင်းဆိုင်တွေ့ဆုံတိုင်းလည်း ပြုံးမိန့်မိန့်ကြီးလုပ်ပြနေတဲ့ကတိကို နှုတ်ဆက်နေရတာက အကြိမ်ရေမနည်းတော့ အူကြောင်ကြောင် ဖြစ်လာကြပုံပင်...

ဒီAGM က အလုပ်သိပ်လုပ်တာပဲလို့ တွေးနေကြမှာလား....

အားအားရှိစက်ရုံထဲ လိုက်ပတ်နေတာပါလားလို့ပဲ ထင်နေကြမှာလားမသိ.....

ကတိကတော့ မင်သေသေပင် သူလုပ်ချင်တာကိုလုပ်နေမြဲ...

"အဲ့ဒါ CEOရဲ့သားမဟုတ်လား "

"ဟုတ်တယ်ထင်တယ်...
ဒီစက်ရုံမှာလို့ ကြားတာပဲ "

ကိုယ့်ဘေးက မိန်းကလေးနှစ်ယောက်ရဲ့သူတို့အချင်းချင်းတီးတိုးပြောသံကြောင့် လဆန်းညို နားစွင့်နေမိတော့

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now