Part (13)

418 22 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (13)
--------------------- unicode/ zawgyi

"ကတိ ကျောင်းပြီးဖို့က ဘယ်လောက်မှမလိုတော့ဘူး ...
မင်းအစီအစဉ်ကို ငါ့ကိုပြောပြဖို့ အချိန်မတန်သေးဘူးလား "

"ကျွန်တော်လည်း သေချာအောင် စုံစမ်းနေလို့ပါဆရာ...
ဒီအစီအစဉ်သာ ဖြစ်သွားရင် ကတိအတွက်လည်း အဆင်ပြေမှာသေချာတယ် "

လျှို့ဝှက်သည်းဖိုလုပ်နေတဲ့ လျှံ့ကြောင့် ဂုဏ်ရောင့်သိချင်စိတ်က ပိုနိုးကြားလာရပြီး

"နည်းနည်းလောက်ဖြစ်ဖြစ် ပြောပြလို့မရဘူးလား "

မျက်နှာငယ်လေးနဲ့ တောင်းဆိုလိုက်ရတာက ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ဦးဆောင်နေရသူက ကိုယ်မဟုတ်သလို.....

ကတိနဲ့ဆိုလျှင် လျှံက ကိုယ့်ထက်ပင် အနေနီးကပ်သူမို့ ကတိအတွက် ဆုံးဖြတ်ချက်တိုင်းမှာ လျှံ့အကြံဉာဏ်ကို လက်ခံခဲ့ရသည်က အခုမှ မဟုတ် လွန်ခဲ့တဲ့ ငါးနှစ် ကတည်းကပင်

ဒါကြောင့် အခုလိုတောင်းဆိုရသည်ကလည်း ဂုဏ်ရောင့်အတွက် သာမန်ဖြစ်ရပ်တစ်ခုသာ

"လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကတိကို အထက်တန်းကျောင်းသားလေးတစ်ယောက်က ကယ်ခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာကို ဆရာမှတ်မိလား... "

လျှံ့စကားကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ကို ဂုဏ်ရောင် ပြန်တွေးလိုက်မိပြီး

"ကတိပျောက်သွားတဲ့နေ့ကလား... "

"ဟုတ်တယ်ဆရာ...
ပြန်တွေ့တဲ့အချိန်မှာ ကောင်လေးတစ်ယောက်နဲ့ အတူရှိနေတယ်လေ...
အဲ့ဒီ့နောက်ပိုင်းမှာ ကတိအခြေအနေက တည်ငြိမ်သွားတာ မဟုတ်လား "

လွန်ခဲ့တဲ့ငါးနှစ် ဂုဏ်ရောင့်အမျိုးသမီး ကတိတို့ရဲ့အမေ မြေချတဲ့နေ့မှာ
ကတိက ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီး အားလုံးဒေါင်းတောက်အောင် ​ရှာခဲ့ကြပေမယ့်
ကတိကို ပြန်တွေ့ခဲ့သူက လျှံဖြစ်သည်

လျှံပြောပြခဲ့လို့ အဲ့ဒီ့နေ့က အကြောင်းအရာအားလုံးကို ဂုဏ်ရောင်သိပြီးသားပင်

ဒါပေမယ့်လည်း

"အဲ့တုန်းက အကြောင်းနဲ့...
အခုကိစ္စနဲ့က ပက်သက်နေလို့လား လျှံ"

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now