Part (19)

408 20 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
to part (19)
------------------------ unicode/ zawgyi

ရန်ကုန် ပုသိမ် လမ်းမကြီးထက် တရိပ်ရိပ်ပြေးနေသော ဦးထယ် မောင်းနေတဲ့ ကားပေါ်

ကိုယ့်ဘေးမှာ သက်တောင့်သက်သာ မှီလျော့ထိုင်နေတဲ့ ဆရာ့ကိုကြည့်ပြီး လျှံဝေခွဲမရ

ခရီးထွက်ဖို့ ကိုယ့်ကိုလာခေါ်တဲ့ ဆရာ့ပုံစံကလည်း ပေါ့ပေါ့ပါးပါးပင်

ဒါနဲ့တောင် ခရီးထွက်ပြီးအပမ်းဖြေဖို့အထိ လိုအပ်နေတယ်ဆိုတော့ မွန်မြတ်သူကိစ္စကို ဆရာမြိုသိပ်ခံစားနေတာလား

ဆရာဟန်ဆောင်ကောင်းလွန်းတာကို သိနေလို့သာ လျှံ မယုံမရဲဖြစ်မိခြင်းပါ

ဆရာ့အမျိုးသမီး ဆုံးတဲ့အချိန်ကဆိုလျှင် ပတ်ဝန်းကျင်မှာ ပုပ်ပွနေတဲ့ဆရာ့သတင်းတွေက နားနဲ့မဆံ့

ဆရာ့အမျိုးသမီးသေဆုံးရတဲ့ အကြောင်းအရင်းက ဆရာ့ကြောင့်လို့ ထင်မြင်ယူဆကြတဲ့အပြင်

မိန်းမဆုံးပြီးကာစ မုဆိုးဖိုတစ်ယောက်နဲ့မတူလောက်အောင် တက်တက်ကြွကြွနေပြခဲ့တဲ့ ဆရာ့ပုံစံကြောင့်လည်း ပါသည်

ချစ်ဇနီးကို ဆုံးရှုံးရတဲ့အပြင် ပတ်ဝန်းကျင်ထိုးနှက်မှုကိုပါ တပြိုင်တည်းခံစားခဲ့ရတဲ့ ဆရာ့ရဲ့နာကျင်မှုကို ဆရာနဲ့နီးစပ်သူတွေလောက်သာ သိခဲ့ကြပေမယ့်

ဆရာကတော့ "ငါသာ မှိုင်တွေနေရင် ငါ့သားတွေပိုဆိုးလိမ့်မယ်လို့ " ပြောပြီး ဘယ်လိုဝေဖန်မှုကိုမှ ဂရုစိုက်ခြင်းမရှိခဲ့ဘဲ နေမြဲအတိုင်းသာ နေပြခဲ့ခြင်းပင်

အဆိုးရွားဆုံးအချိန်မှာတောင် မူမပျက်တဲ့အထိ ဟန်ဆောင်ကောင်းလွန်းတဲ့ ဆရာက အခုလည်း ဟန်ဆောင်နေပြန်တာလား... 

"အပမ်းဖြေချင်လို့ ခရီးထွက်လာတာနော် လျှံ"

"ဗျာ "

ကိုယ့်ဘက်လှည့်ကြည့်ပြီး ရုတ်တရက်စကားထပြောလိုက်တဲ့ ဆရာ့ကြောင့် လျှံ အငိုက်မိသွားရကာ

"မျက်ခုံးတွန့်ရလောက်အောင်...
ဘာတွေတွေးနေတာလဲ...
အလုပ်ကိစ္စတွေကို ခေါင်းနဲ့သယ်လာပြန်တာလား "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now