Part (6)

504 23 1
                                    

ကျွန်တော့်ချစ်သူ့ ဆိုက်ကိုပါ့သ် (bl)
part (6)
----------------------- unicode/ zawgyi

"ဟား.. "

ငြိမ်ကျသွားတဲ့ လဆန်းညိုပုံစံကြောင့် ရိုးရာကတိက အလွတ်မဲ့ရယ်လိုက်ပြီး

"အိုကေလေ ...
မင်းက အလေးအနက်တွေးတတ်တဲ့ type ဆိုတာ ငါမေ့သွားတယ်...
ဒါပေမယ့် ငါ မနေ့က သင်ပေးခဲ့တာလောက်ကိုတော့ မင်း လုပ်ရလိမ့်မယ် "

အလျော့ပေးလိုက်သလို ပြောရင်း မနေ့ကအကြောင်းကိုပါ ထည့်ပြောလာတဲ့ ရိုးရာကတိကြောင့် လဆန်းညို မျက်နှာပူသွားရကာ အကြည့်လွှဲလိုက်မိတော့

"ထပ်လေ့ကျင့်ဖို့လိုသေးလား "

ရိုးရာကတိက ရယ်ဟဟ မေးနေပြန်သည်

ခန့်မှန်းရခက်တဲ့ ရိုးရာကတိအပြုအမူတွေကို လဆန်းညို တကယ်ပဲနားမလည်နိုင်ပေ

မနေ့ကလို ယောက်ျားချင်း အလွယ်တကူ ထိတွေ့နမ်းရှိုက်နိုင်တဲ့ ရိုးရာကတိရဲ့အကျင့်စရိုက်ကိုလည်း ခန့်မှန်းမရ

ဘယ်သူနဲ့မှတွဲတယ်လို့မကြားဖူးခဲ့တဲ့ ရိုးရာကတိက ကိုယ်သတိလက်လွတ်ဖြစ်လောက်အောင် ဘာ​ကြောင့်ဆွဲဆောင်မှုရှိလွန်းနေရတာလဲ

"မင်း ... မင်းမှာ ချစ်သူရှိလား "

"အင်း ..."

နှုတ်ခမ်းကို စေ့စေ့ပိတ်ထားပြီး လည်ချောင်းသံနဲ့ အင်းလိုက်တဲ့ ရိုးရာကတိပုံစံက အတည်လိုလို နောက်နေသလိုလို

"အော်.. "

ဒီ့ထက်လည်း ဆက်မေးဖို့ မသင့်တော့တာကြောင့် ရပ်လိုက်ရပေမယ့်

ရိုးရာကတိရဲ့ အပြုအမူတွေအတွက် လဆန်းညို စိတ်ရှုပ်နေရဆဲပင်

ရိုးရာကတိရဲ့အနမ်းတွေက စိတ်လိုလက်ရရှိလွန်းတယ်လို့ ခံစားနေမိတဲ့ ကိုယ့်စိတ်က ပျော့ညံ့လွန်း၍ ပဲလား

ဒါမှမဟုတ် ရိုးရာကတိကပဲ

"မင်း ချစ်သူက ယောက်ျားလေးလား "

"အင်း... ဟုတ်တယ် "

စိတ်ဝင်စားလှချည်လားဆိုတဲ့ အပြုံးမျိုးနဲ့ ဖြေလိုက်တဲ့ ရိုးရာကတိစကားကြောင့် လဆန်းညို ရဲ့ ဝေခွဲမရစိတ်က ရှင်းလင်းသွားရသည်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now