Part (16)

422 25 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (16)
----------------------- unicode/ zawgyi

"ကျွန်တော်အဆင်ပြေပါတယ် ...
ဆရာပြန်လိုက်ပါ "

"မင်းကိုထားခဲ့ပြီး ဘယ်လိုပြန်ရမှာလဲ "

"ကိုဗညားလည်း ရှိနေတာပဲ...
ပြန်လို့ရပါတယ် "

"ဗညားက အိမ်ထောင်သည် ညဘက်စောင့်ခိုင်းလို့ အဆင်မပြေဘူး "

"nurse လည်း ရှိပါတယ် ...
ကိစ္စမရှိဘူး... ဆရာပြန်နားလိုက်ပါ "

"မပြန်ဘူးလို့ပြောနေတယ်လေ...
ဘာလို့ အတင်းနှင်နေတာလဲ "

"ဟမ် "

အပူကြီးပြီးဖျားနာရုံလောက်ကို စိုးရိမ်စိတ်လွန်ကဲနေတဲ့ ဆရာ့ကြောင့် လျှံ ဘာပြန်ပြောရမှန်းပင် မသိတော့

ဆရာ့နောက်မှာရပ်နေတဲ့ HR မန်နေဂျာ ကိုဗညားကို လှမ်းကြည့်တော့လည်း
ငြင်းမနေနဲ့ဆိုတဲ့ပုံစံမျိုးဖြင့် ပြုံးစိစိခေါင်းရမ်းပြနေပြန်သည်

ကုတင်ဘေးဝိုင်းအုံနေတဲ့ အခြားသူတွေကို ကြည့်လိုက်တော့လည်း ထိုနည်းတူပင် ပြုံးစိစိတွေနဲ့

ဘာတွေသဘောကျနေကြမှန်းမသိတဲ့လူစုကြောင့် လျှံ့မှာ အူကြောင်ကြောင်ဖြစ်နေရကာ

"နှင်တာမဟုတ်ပါဘူး...
ဆရာ အလုပ်ပိုမှာစိုးလို့ပါ "

"ငါက အလုပ်ပိုမလုပ်ဘူး....

ဗညားတို့လည်း ပြန်လိုက်ကြပါ...
ငါစောင့်လိုက်မယ် "

ကိုယ့်ကိုလည်းပြော တခြားသူတွေကိုလည်း လှည့်ပြောနဲ့ မလိုအပ်တာတွေလုပ်နေတဲ့ ဆရာ့ကို လျှံ တုံ့ပြန်မနေတော့ဘဲ ငြိမ်နေလိုက်ရသည်

သူစောင့်ပေးလည်း ဘာအကူညီဖြစ်မှာမို့လည်း
ကိုယ်ပဲ စိတ်မသက်မသာဖြစ်ရတာ ရှိမည်

နေ့တိုင်းမတွေ့ချင်လည်းတွေ့နေရတဲ့ မျက်နှာကြီးကို နေမကောင်းလို့ ဆေးရုံပေါ်နားရတဲ့အချိန်လေးမှာတောင် တွေ့နေရမှာကတော့ မဟုတ်သေး

အလိုက်ကန်းဆိုးမသိတဲ့ သူဌေး

-------------------------------------------------

"မင်းအခန်းက မနေတာကြာနေတော့ လှည်းကျင်းဦးမှထင်တယ် "

လက်ကဒဏ်ရာအား အဖေဖြစ်သူကို မမြင်စေချင်တာကြောင့် ရိုးရာကတိက ကွန်ဒိုမှာနေဖို့ စဉ်းစားထားခြင်းပင်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now