Part (36)

380 23 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (36)
-----------------------

"တခြားသူ တစ်ယောက်လိုမျိုးလား "

"ဟုတ်တယ်...
ချစ်သူတွေမဖြစ်ခင်ကတောင် အမြင်စောင်းလောက်အောင် ရွဲ့ကပ်ကပ်လုပ်ခဲ့တာတွေရှိပေမယ့် အခုလောက်တော့မဆိုးဘူး...
သူစိတ်ဆိုးဒေါသထွက်ရင် ဘာမှမမြင်တတ်တာကိုတော့ ကျွန်တော်လည်း သိပါတယ်...
ဒါပေမယ့် ဖြစ်သွားတဲ့ကိစ္စက ဘာမှမဟုတ်ဘဲ ပေါက်ကွဲမှုကပြင်းထန်လွန်းနေတော့ စိုးရိမ်မိတယ်...
အလုပ်ထွက်မယ်ဆိုတော့လည်း သူ့ပင်ကိုအသိစိတ်က လက်မခံပြန်ဘူး...
ကျွန်တော်ဘာလုပ်သင့်လဲ "

ကိုယ်ပြောပြတဲ့ အကြောင်းအရာတွေကို စေ့စေ့ငှငှနားထောင်းအပြီးမှာ
ဦးမြတ်လွန်းလျှံက ခေါင်းတဆတ်ဆတ်နဲ့သာ...

"ကတိကြောင့် မဟုတ်ရင်တောင်
ငါ့အမြင်မှာလည်း အလုပ်ထွက်တာက ဖြေရှင်းနည်းအစစ်မဟုတ်ဘူးလို့ ယူဆတယ်...

တစ်ခုတွေးကြည့်လေ မင်းအလုပ်ထွက်လိုက်ရင် ပြဿနာက အထိုက်အလျောက်တော့ အေးသွားတာမှန်ပေမယ့်...
ကတိက ကောင်းမွန်တဲ့ဘက်ကို တကယ်ပြန်ရောက်သွားတာမှ မဟုတ်ဘဲ...

နောက်တစ်ချက်က မင်းလည်း လူ့အသိုင်းဝိုင်းထဲကထွက်ပြီး ဘယ်လောက်ကြာကြာနေနိုင်မှာလဲ...
ငါးနှစ်လား ဆယ်နှစ်လား...
အဲ့လိုအနေ ကြာလာတာနဲ့အမျှ ကတိကို မင်းဘဝရဲ့ ဝန်ထုပ်ဝန်ပိုးလို့မြင်လာမှာပဲ ...
မင်းဘက်က အဲ့လိုမမြင်ဘူးပဲထား ကတိကလည်း လက်ခံမှာ မဟုတ်တာသေချာတယ်..."

"ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ...
ကတိ သေချာပြန်ကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းမရှိဘူးလား..."

"ငါလည်း သေချာမသိဘူး...
မင်း အလုပ်ထွက်ဖို့ကိုတော့ အလျင်စလို မဆုံးဖြတ်ပါနဲ့ဦး...
ငါလည်း ဆရာနဲ့တိုင်ပင်ကြည့်ဦးမယ်...
အခုအခြေအနေက ငုံ့လျှိုးနေတဲ့ စရိုက်ပြန်ပေါ်လာတာမျိုးလည်းဖြစ်နိုင်တော့ ပါရဂူကြီးနဲ့ဆွေးနွေးရမယ် ထင်တယ်...
အခုလောလောဆယ်တော့ အခြေနေကိုကြည့်ပြီး မင်းဘက်ကပဲ ကြည့်ထိန်းပေးထားပါဦး...
ဒီအပြောင်းအလဲက အကောင်းဘက်ကိုလည်းဦးတည်နိုင်တော့ အရမ်းမစိုးရိမ်ပါနဲ့"

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now