Part (37)

331 24 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (37)
------------------------- unicode/ zawgyi

"ဒီ ဒီဇိုင်းက လက်ရှိtrend အဖြစ်ဆုံး ဒီဇိုင်းလည်းဖြစ်နေတယ် ခေတ်မီဆန်းသစ်မှုကိုလည်း မြင်သာတယ်ဆိုတော့ yoeyar ထုတ်ကုန်ရဲ့ အရည်အသွေးနဲ့ ကိုက်ညီတယ်လို့ ကျွန်မကတော့ မြင်ပါတယ်"

ရေသန့်စက်ရုံရဲ့တွဲဖက်စက်ရုံသစ်အနေနဲ့အချိုရည်စက်ရုံကိုပါ တိုးချဲ့တည်ဆောက်ထားပြီးပြီမို့ အချိုရည်ဘူးခွံဒီဇိုင်းကအစ သေချာရွေးချယ်နေကြပြီး

ဘူးခွံစက်ရုံက နမူနာ ပို့လိုက်တဲ့ ဒီဇိုင်းတွေထဲကမှ yoeyar အမှတ်တံဆိပ်နဲ့ကိုက်ညီတာကို ဆန္ဒပြုနေကြခြင်းပင်

သူမ ရွေးချယ်ထားတဲ့ဒီဇိုင်းအပေါ် စိတ်အားထက်သန်စွာရှင်းပြသွားတဲ့ မွန်မြတ်သူရဲ့အဆိုပြုမှုကို အားလုံးက စိတ်ဝင်စားသွားကြပေမယ့်

"ကျွန်တော်ကတော့ ကြည့်လိုက်ရုံနဲ့ yoeyar ထုတ်ကုန်မှန်းသိသာစေတဲ့ ဒီဇိုင်းပဲ ဖြစ်စေချင်တယ်..
yoeyar ထုတ်ကုန်တိုင်းရဲ့ အရည်အသွေးက အဆင့်တန်းတစ်ခုမှာ ရှိနေပြီးသားဆိုတော့...
trendနောက်လိုက်ပြီး ကလေးကလားတွေ လုပ်ဖို့ မလိုဘူးလို့ ယူဆတယ်....
ပြီးတော့ trend ဆိုတာက အမြဲတမ်းပြောင်းလဲနေတာမျိုးပါ....
ဘူးခွံဒီဇိုင်းကတော့ ခဏခဏပြောင်းလို့ မရဘူး...
ဒေါ်မွန်မြတ်သူ ရွေးချယ်တဲ့ဘူးခွံဒီဇိုင်းက လှပပြီးချစ်စရာကောင်းတဲ့ပုံစံပေါ်ပေမယ့်...
စျေးကွက်ထဲ ပေါက်နေတဲ့ yoeyar ထုတ်ကုန်တိုင်းက ခန့်ညားတဲ့ ထုပ်ပိုးမှုပုံစံနဲ့ရှိနေတာဆိုတော့...
ကျွန်တော်ကတော့ ဒီ ဒီဇိုင်းကိုပဲ အဆိုပြုမယ်"

နမူနာ ပုံစံတွေထဲကမှ ကတိ ကောက်ကိုင်လိုက်တဲ့ ဒီဇိုင်းကိုမြင်လိုက်ကြရတော့

"ဟုတ်တယ်...
ဒါမှ yoeyar ပုံရိပ်နဲ့ကွက်တိပဲ "

"ဒီ ဒီဇိုင်းက အသင့်တော်ဆုံးပဲ "

"ဒါပဲ ဖြစ်သင့်တယ် "

အုပ်ချုပ်မှုပိုင်းက လူအားလုံးရဲ့ အသံက တစ်ယောက်တစ်ပေါက်နဲ့ပေမယ့် ထောက်ခံမှုဘက်ကိုတော့
တညီတညွတ်တည်း...

ပြိုင်ဆိုင်မှုတိုင်းမှာ ရှုံးနိမ့်ရတဲ့လူဆိုတာ ရှိစမြဲမို့ မွန်မြတ်သူကတော့ အောင့်သီးအောင့်သက်ပင်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now