Part (28)

473 23 3
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (28)
------------------------ unicode/ zawgyi

"အဆင်ပြေရဲ့လား...
လိုတာရှိရင် ငါ့ကိုပြောနော်..."

ကိုယ်နေရမယ့်အခန်းကို ကြည့်ပြီး လပြည့် ဘယ်လိုမှအသားမကျ
နေ့လည်စာ လာစားရာကနေ အပြီးလိုလိုပြောင်းလာရတဲ့အထိဆိုတော့ ရုတ်တရက်ဆန်လွန်းတာကြောင့် စိတ်ရှုပ်သလိုဖြစ်နေရပေမယ့်
ကိုကိုကိုလည်း ကိုယ့်ကြောင့်နဲ့စိတ်မညစ်စေချင်
လပြည့် တစ်ယောက်တည်း စိတ်မသက်မသာနဲ့

"မင်း စိတ်ညစ်နေတာလား "

သူ့စကားကို ဘာတုံ့ပြန်မှုမှမပေးဘဲ လပြည့် ငူငူငိုင်ငိုင်ရပ်နေတော့ သတ္တိက လက်မောင်းကို ဆုပ်ကိုင်ကာ မေးလာပြန်သည်

"စိတ်ညစ်တယ်တော့ မဟုတ်ပါဘူး..."

"ဒါဆိုဘာလို့လဲ... အခန်းပြင်ထားတာ သဘောမကျလို့လား "

"သဘောမကျစရာ ဘာရှိမှာလဲ...
ငါ့အိမ်လောက်ကျယ်တဲ့ အိပ်ခန်းပဲ "

အရင်ကိုယ်နေခဲ့တဲ့အိမ်တစ်လုံးစာနီးပါးကျယ်သော အိပ်ခန်းထဲမှာ ပြင်ဆင်ပေးထားတာကလည်း ကျကျနနပါပဲ...

သတ္တိနဲ့လည်း တစ်အိမ်တည်းဖြစ်သွား၍ အခုလိုနေရမှာကို ပျော်သင့်ပါလျှက်နဲ့ လပြည့်မပျော်နိုင်...

"မင်း ဒီကိုပြောင်းလာရတာ အဆင်မပြေလိုလား "

ကိုယ့်မျက်နှာရိပ် မျက်နှာကဲကို ခတ်နိုင်သလို မေးလာသော သတ္တိအား လပြည့် ချက်ချင်းမဖြေဖြစ်ဘဲ

ကုတင်စွန်းမှာ ဝင်ထိုင်လိုက်ပြီးမှ...

"အစစအရာရာ အဆင်ပြေပါတယ်...
ငါ့စိတ်က ဘာဖြစ်နေမှန်းမသိတာ တစ်ခုတည်းပါပဲ... "

"ရုတ်တရက်ကြီးဆိုတော့...
အသားမကျသေးလို့နေမှာပါ...
ဒီလို လုပ်ပါလား... ဒီနေ့စောစောနားလိုက်လေ...
တစ်ညအိပ်လိုက်ရင် ကိုယ့်အိမ်လို့ ခံစားရမလား မသိဘူး "

လပြည့် စိတ်စနိုးစနောင့် ဖြစ်နေရာကပဲ သဘာဝမကျတဲ့ သတ္တိစကားကြောင့် မသက်မသာ ပြုံဖြစ်ရင်း

"အင်းပါ...
အဲ့လို လုပ်လိုက်မယ် ...
မင်းလည်း စောစောနားပါ "

"အာ... အင်း ...
ဒါဆို ငါသွားပြီနော် ...
နားတော့ နားတော့ "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now