Part (5)

566 28 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (5)
--------------------- unicode/ zawgyi

"တင်း တောင် !!!!"

ခြံတခါးဝက ဘဲလ်သံကြောင့် လပြည့် ခြံဝကိုမျှော်ကြည့်လိုက်တော့ သံပန်းတခါးရှေ့မှာ မယောင်မလည် ရပ်နေသူက ရိုးရာသတ္တိ

"ဒီကောင် ဘာလာလုပ်ပြန်တာလဲ "

လပြည့် စိတ်လိုက်မာန်ပါနဲ့ အိမ်ရှေ့ထွက်သွားမိကာ

"ဘာကိစ္စလဲ "

"ဟို ...
ငါ ဝင်လို့ရလား "

ဘုဆတ်ဆတ် မေးလိုက်တဲ့ကိုယ့်စကားကို ရိုးရာသတ္တိက အဆီငေါ်မတည့်စွာ မေးခွန်းပြန်ထုတ်နေတာကြောင့် လပြည့် ခြံတခါးဖွင့်ပေးလိုက်ပြီး

"ဝင်ခဲ့ "

မှုန်ကုတ်ကုတ်မျက်နှာထားနဲ့ မကြည်ဖြူသလိုလေသံဖြစ်နေတဲ့ အိမ်ရှင်ကို ဂရုမထားနိုင်ဘဲ ခြံထဲသို့ သတ္တိ ဝမ်းသာအားရ ဝင်လာခဲ့တော့

"ကဲပြော.... ဘာလာလုပ်တာလဲ... "

"ဟို...  အိမ်ထဲ "

လာရင်းကိစ္စပြောဖို့အရေး အိမ်ထဲဝင်ချင်သေးတဲ့ သတ္တိကို ​ခြံတခါးနဲ့ ခြေဆယ်လှမ်းလောက်သာ ဝေးထဲအိမ်ထဲသို့ လပြည့် ဦးဆောင်ခေါ်လာရပြန်သည်

"အခန်းထဲ ဝင်ဦးမလား "

"ဟမ်... "

အိမ်ထဲရောက်သည်နှင့် စိတ်မရှည်စွာ မေးလိုက်တဲ့ လပြည့်စကားကို သတ္တိ ကြောင်သွားရပြီးမှ

"ဟို...
အဲ့လောက်ထိ မလို........ "

"မလိုတာ ငါသိတယ်...
မသိတာက မင်း ...
အခုရော
မင်းလာရတဲ့ အကြောင်းအရင်းကို ပြောလို့ရပြီလား"

"ဟီး ... ရပါပြီ "

မျက်နှာချောချောလေးနဲ့မှ မလိုက်မဖက် စိတ်တိုလွယ်သော လပြည့်ကို သတ္တိ မျက်နှာချိုသွေး လိုက်မိရင်း

"မင်းအတွက် စာကူးပေးထားတာတွေ လာပို့တာပါ ... ကျောင်းပိတ်ရက်မှာ စာကျက်လို့ရအောင်လေ.. "

"မင်းကို ဘယ်သူခိုင်းလို့လဲ .."

"မခိုင်းပါဘူး...
မင်း ကျောင်းပျက်တာက ငါ့ကြောင့်ဆိုတော့.. ငါ့ဘက်က ဒီလောက်တော့ လုပ်ပေးသင့်တယ်လေ "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now