Part (11)

451 24 0
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (11)
------------------- unicode/ zawgyi

နေ့လည်နေ့ခင်းဆို လျှံကပဲ ကားမောင်းလေ့ရှိတာကြောင့် ဘေးမှာသက်တောင့်သက်သာထိုင်စီးရင်း ဂုဏ်ရောင် အတွေးနယ်ချဲ့နေမိကာ

"မြတ်လေးက ဒီလုပ်ငန်းကို တော်တော်စိတ်ဝင်စားပုံပဲ...
မင်းရောဘယ်လိုထင်လဲ... အဆင်ပြေမယ်လို့ တွေးမိတယ် မဟုတ်လား "

"ကျွန်တော် ကားမောင်းတာကိုပဲ အာရုံစိုက်ထားချင်တယ် "

လျှံက ကားမောင်းတိုင်း အာရုံစိုက်ပြီးမောင်းတတ်တာကိုသိပေမယ့်
ဒီစကားကတော့ အာရုံစိုက်ခြင်းနဲ့မသက်ဆိုင်ဘဲ မကျေနပ်မှုကိုဖော်ပြတယ်ဆိုတာ ဂုဏ်ရောင် ခံစားသိလိုက်သလိုပင်

"မင်းကို မတိုင်ပင်မိတာကို စိတ်ထဲထားနေတုန်းပဲလား "

မြတ်လေးကို ရေသန့်လုပ်ငန်းမှာ GM ရာထူးနဲ့ အလုပ်ဝင်ခိုင်းမယ်လို့ ပြောလိုက်ကတည်းက ကိုယ်ဆုံးဖြတ်ပြီးသားကိစ္စမို့ ဘာတစ်ခုမှဝေဖန်မှု​ပြုမလာသော်လည်း စိတ်တိုင်းမကျတာသိသာနေတဲ့ လျှံ့ကို ဂုဏ်ရောင် မေးလိုက်မိတော့

လျှံက ကားကို လမ်းဘေးချရပ်လိုက်ပြီးမှ

"ကတိ ကျောင်းပြီးတော့မှာကို ဆရာလည်း သိတာပဲ...
ကတိက ရေသန့်လုပ်ငန်းကို စိတ်ဝင်စားတယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား...
အခု မွန်မြတ်သူကို ပေးလိုက်တဲ့နေရာက ကတိ နေရာပဲ..
ကျွန်တော့်ကို မတိုင်ပင်လို့ စိတ်ထဲထားနေတာမဟုတ်ပါဘူး...
ကတိရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ထည့်မတွေးတဲ့ဆရာ့ကို စိတ်ပျက်မိတာ "

လျှံ့ဆီက စိတ်ပျက်တယ်ဆိုတဲ့စကားကို ကြားလိုက်ရတာကြောင့် ဂုဏ်ရောင် စိုးထိတ်သွားမိတာတော့အမှန်ပင်

ဆယ်နှစ်ကျော် အလုပ်တွဲလုပ်လာတဲ့သက်တမ်းမှာ ဒီလောက်ပြင်းထန်တဲ့ ဝေဖန်မှုမျိုးကို လျှံ့ဆီက တစ်ခါမှ မကြားခဲ့ရဖူးဘူး မဟုတ်လား

"မင်းကတော့ ငါ့စိတ်ကူးကို နားလည်မယ်လို့ထင်ခဲ့တာ မှားသွားတာပဲ.. "

စိတ်ဓာတ်ကျသွားသလို ပြောလိုက်တဲ့ ဆရာ့ကို လျှံ မပွင့်တပွင့်ပြုံးပြမိရင်း

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now