part (9)

507 29 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (9)
------------------------- unicode/ zawgyi

"မင်း မပြန်ရသေးဘူးလား "

ဘယ်အချိန်က အနားရောက်လာမှန်းမသိတဲ့ ရိုးရာကတိကို လဆန်းညို စိတ်ရှုပ်စွာ မေးလိုက်မိတော့

"စိတ်ဝင်စားစရာပါမလားလို့ ကြည့်နေမိတာ...
တစ်ရာဖိုးသုံးပုဒ် အပေါစားဇာတ်ဝင်ခန်းနဲ့တူနေတော့ ..  မြင်မကောင်းလို့လေ"

"မင်းကိစ္စမဟုတ်ဘူး ရိုးရာကတိ...
အခုပြန်လိုက်ပါ "

လဆန်းညိုနဲ့ ရိုးရာကတိ အခြေအတင်​ပြောနေတုန်းမှာပဲ လဲကျရာမှ ပြန်ထလာနိုင်ပြီဖြစ်တဲ့ ဒေါ်မူယာသွေးက

"သြော် ဟော....
ဒင်း ဘာလို့ လူပါးဝနေမှန်း အခုမှသိတော့တယ်...
စပွန်စာ တွေ့ထားလို့ အသံမာနေတာကိုး....
နင်လိုကောင်က ပိုက်ဆံနဲ့ပက်သက်ရင် ယောက်ျား မိန်းမ မရွေးဘူးပဲ ...
အံ့ဩတယ် အံ့ဩတယ်.. "

သူ့အကွက်ထဲ ဝင်သွားသလို ကျေကျေနပ်နပ်ကြီး ပြောနေတာကြောင့် လဆန်းညိုမှာ လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး ရှက်ဒေါသတွေနဲ့ ပူလောင်ဆို့နင့်နေကာ တုံ့ပြန်စကားတောင် ဆိုမရခဲ့

ရိုးရာကတိကတော့ မျက်နှာတစ်ချက် မပျက်ဘဲ

"နေပါဦး...
ခင်ဗျားက ကျုပ်ကို လိုက်အမ်းနေတဲ့ကောင်လို့ ပြောလိုက်တာလား...

အင်းလေ... ထင်လည်း ထင်စရာပေါ့....
ကျုပ်အနေအထားကြီးက မက်လောက်စရာဆိုတော့လည်း...

ဒါပေမယ့် ခင်ဗျားက လူကဲခတ် သိပ်မတော်ဘူးပဲ...
ကျုပ်က ခင်ဗျားသမီးလို အမ်းစားရမယ့် အဆင့်မှ မဟုတ်တာ ...."

ရိုးရာကတိပုံစံမျိုးက ဒေါ်မူယာသွေးနဲ့ ဖက်ဖြစ်လောက်မယ်လို့ ထင်မထားခဲ့တာကြောင့်
လဆန်းညိုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိ

ရိုးရာကတိရဲ့ လေသံမှန်မှန်နဲ့ အရှိုက်ထိအောင် ပြောတာကိုခံလိုက်ရတဲ့ ဒေါ်မူယာသွေးမှာတော့

"ဘာ... နင်ကများ... ငါ့သမီးကို ....
ကဲဟယ်... "

ရိုးရာကတိကို ရိုက်ဖို့ရွယ်လိုက်တဲ့ ဒေါ်မူယာသွေး အပြုအမူကြောင့် လဆန်းညို မျက်လုံးပြာသွားရပေမယ့်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now