Part (20)

497 28 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (20)
------------------------- unicode/ zawgyi

ချောင်းသာ ခရီးစဉ်ကို ကိုယ်တိုင်စီစဉ်ခဲ့ခြင်းမဟုတ်တာကြောင့်

သွားလေရာမှာ ဦးဆောင်သူ ဖြစ်ခဲ့တဲ့ လျှံက ဒီတစ်ခေါက်မှာတော့ ဆရာ စီစဉ်တဲ့နောက်သာ လိုက်နေရသည်

အလုပ်ကိစ္စတွေနဲ့ ခရီးထွက်တိုင်း တည်းမယ့်နေရာ စားသောက်ချိန် တွေ့ဆုံရမည့်လူပုဂ္ဂိုလ် စသဖြင့် စသဖြင့် ကိစ္စအဝဝကို လျှံကပဲ ကြိုတင်စီစဉ်ပေးထားရတာကြောင့် အခုလိုဘာမှတွေးတောစရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ်ခရီးသွားရတယ်ရယ်လို့ မရှိဖူးခဲ့

ဒီခရီးစဉ်ကိုတော့ မန်နေဂျာ မသိင်္ဂီစီစဉ်ပေးထားခြင်းဖြစ်တဲ့အပြင် အလုပ်ကိစ္စလည်းမပါ၍ သက်တောင့်သက်သာ ရှိနေခြင်းပင်

တည်းခိုမယ့်ဟိုတယ်မှာ ကားရပ်လိုက်ရုံနဲ့ ကြိုတင်စီစဉ်ထားတဲ့အခန်းကို bellboy တွေနဲ့အတူ ဦးထယ်က ပစ္စည်းတွေသွားပို့ပြီး လျှံလုပ်စရာဆို၍ ဆရာ့နောက်က လိုက်နေရုံသာ

"ညစာ အရင်စားရအောင်...
ငါ ဗိုက်ဆာနေပြီ "

"ကျွန်တော် ရေအရင်ချိုးမှဖြစ်မယ်
ဆရာဆာရင် စားနှင့်ပါ"

ခရီးသွားတာဖြစ်ဖြစ် အပြင်ထွက်တာဖြစ်ဖြစ် ရောက်ရောက်ချင်းရေချိုးရမှနေတတ်တာ လျှံ့အကျင့်မို့ ရန်ကုန်ကထွက်ကတည်းက ဘာမှမစားရသေးပေမယ့် ရေချိုးဖို့ကိုသာ အရေးဆိုလိုက်တော့

"မင်းလည်း ညနေစာမစားရသေးဘူးမဟုတ်လား ...
ရေက အိပ်ခါနီးမှ ချိုးလည်းရပါတယ်...
အရင်စားရအောင် "

"ကျွန်တော် ရေမချိုးရသေးဘဲ စားလို့အဆင်မပြေလို့ပါ "

"ဟူး "

ဂုဏ်ရောင် စာအုပ်ကြီးသမားရဲ့အလိုကျ လိုက်လျောဖို့သာ ဆုံးဖြတ်လိုက်ရပြီး

"ဒါဆိုလည်း အခန်းကို အရင်သွားတာပေါ့ "

"ဆရာကရော..."

"ငါလည်း ရေချိုးပြီးမှ စားတော့မယ် "

ဘာကိစ္စမှ ခေါင်းထဲထည့်မလာတာတောင် ရေချိုးတဲ့ကိစ္စနဲ့ ထော်လော်ကန့်ဖြစ်ရသေးတယ်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now