Part (22)

422 17 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (22)
------------------------ unicode/ zawgyi

"ဆရာ... သဘက် "

စောစောစီးစီး ပင်လယ်ထဲ စတန့်အမျိုးမျိုးပြနေတဲ့ ဆရာ့ရဲ့ speedboat က ကမ်းစပ်ပြန်ရောက်လာတာနဲ့ တပြိုက်နက် လျှံအပြေးသွားကာ သဘက်ကြီးကြီးတစ်ထည်ကို ဆရာ့လက်ထဲအတင်းထိုးထည့်ပေးတော့

"ရေချိုးပြီးမှ သုတ်မယ်လေ "

ပြောပြောဆိုဆို ရေစိုနေတဲ့ဆံပင်ကို လက်နဲ့ခါထုတ်လိုက်တဲ့ဆရာ့ကြောင့် ဆရာ့ဆံပင်က ရေတွေက လျှံ့မျက်မှန်ပေါ် သီးထသွားရပြီး

"သုတ်ဖို့မဟုတ်ပါဘူး ...
ခြုံဖို့ပေးတာ... အေးတယ်... ခြုံထား "

ကိုယ့်ပခုံးပေါ် သဘက်ကြီးလွှမ်းပေးပြီး သူ့မျက်မှန်ကိုချွတ်ကာ သုတ်နေပြန်တဲ့ လျှံ့ကို ကြည့်လိုက်မိရင်း ဂုဏ်ရောင် မျက်နှာပြန်မလွှဲဖြစ်ဘဲ

"အခုမှ သတိထားမိတယ်...
မင်းက မျက်မှန်မပါရင် ပိုကြည့်ကောင်းတာပဲ"

"ဗျာ "

မျက်မှန်က ရေတွေ စင်မစင်အာရုံရောက်နေတဲ့ လျှံက ဂုဏ်ရောင့်စကားကို သေချာမကြားလို့ပဲလား အံ့ဩသွားလို့ပဲလားမသိ ပြူးကြောင်ကြောင်နဲ့ ပြန်ကြည့်နေပြန်သည်

"ငါမချမ်းတတ်ပါဘူး...
သဘက်ပြန်ယူထားလိုက်... "

သဘက်ကိုဖယ်ချပြီး ကိုယ့်လက်ထဲပြန်ထည့်ပေးနေတဲ့ဆရာ့ကြောင့် လျှံ စိတ်မရှည်နိုင်တော့ဘဲ

"မချမ်းတတ်လည်း ခြုံထားပါ...
လူမြင်ကွင်းမှာ အင်္ကျီဗလာနဲ့နေတာက တခြားသူတွေကို အနှောက်ယှက်ဖြစ်စေတယ် မဟုတ်လား "

"ငါ့ကြောင့်လား... မဖြစ်နိုင်တာ.....
ပြီးတော့... ဒါက ပင်လယ်ကမ်း​ခြေလေ "

"ဘယ်လိုဖြစ်ဖြစ် ခြုံထားလိုက်ပါ "

ကိုယ့်ပခုံးပေါ် သဘက်ပြန်လွှမ်းပေးတဲ့အပြင် ရင်ဘတ်တွေပါလုံအောင် ဆွဲစေ့ပေးနေတဲ့ လျှံ့အပြုအမူကြောင့် ဂုဏ်ရောင် ပြုံးမိသွားပြီး

"မနာလိုဖြစ်နေတာလား "

"ဟမ်...
ဘာလို့မနာလိုဖြစ်ရမှာလဲ...
အဲ့လောက်ပြချင်နေလည်း ပြပါ..
ဆရာ့သဘောပဲ..."

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now