Part (27)

397 18 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (27)
------------------------- unicode/ zawgyi

"ခွင့်ပြုပါ အန်ကယ်လ်"

"သြော် လဆန်းညို လာလေကွာ "

ခြံထဲမှာ ဝိုင်းထိုင်နေတဲ့ ဦးဂုဏ်ရောင်နဲ့ ဦးမြတ်လွန်းလျှံ အနားကို ရောက်သွားကာ လဆန်းညို ခွင့်တောင်းလိုက်တော့
ဦးမြတ်လွန်းလျှံက ဖော်ဖော်ရွေရွေ ဖိတ်ခေါ်လာပြီး ဦးဂုဏ်ရောင်ကလည်း အသိမှတ်ပြုသလို ခေါင်းဆတ်ပြသည်

လဆန်းညို လွတ်နေတဲ့ခုံမှာ ရိုရိုကျိုးကျိုးဝင်ထိုင်လိုက်တော့

"မင်းကြည့်ရတာ စိတ်ကျဉ်းကြပ်နေသလိုပဲ...
နောက်လည်း အတူတူနေရတော့မှာကို သက်တောင့်သက်သာ နေပါကွ"

ဦးမြတ်လွန်းလျှံကပဲ အားပေးနှစ်သိမ့်နေပြန်တာကြောင့်
ယောက္ခမလောင်းကြီးရဲ့ မျက်နှာကို လဆန်းညို မဝံ့မရဲ ကြည့်လိုက်မိတော့လည်း ဦးမြတ်လွန်းလျှံ စကားကို ထောက်ခံဟန်နဲ့ အေးအေးချမ်းချမ်းရှိနေတာ တွေ့လိုက်ရ၍ စိတ်သက်သာသွားရပြီး

"ဟုတ်ကဲ့ပါ...
ကျေးဇူးတင်ပါတယ် ဦးမြတ်လွန်းလျှံ"

"ဟေ...
မင်းကျေးဇူးတင်ရမှာ ငါ့ကိုမဟုတ်ဘူးလား "

ဘာရည်ရွယ်ချက်မှမရှိဘဲ ကိုယ့်ကိုတိုက်ရိုက်ပြောလာသူကိုသာ ကျေးဇူးတင်စကားပြောလိုက်မိတဲ့ လဆန်းညိုမှာ
အံ့အားတသင့်ကြီးနဲ့ ထပြောလိုက်တဲ့ ယောက္ခမလောင်းကြီးကြောင့် ပြာသွားရကာ

"ဟုတ်ကဲ့...
တင်ပါတယ် "

ကတိုက်ကရိုက် ပြောလိုက်မိတော့...

"ဟား...
ဆရာက စနေတာပါကွ...
အဲ့လောက်မကြောက်ပါနဲ့ "

"ဒီကောင်လား ငါ့ကိုကြောက်တာ..
ငါ့မျက်နှာစေ့စေ့ကြည့်ပြီး ငါ့သားကို ခိုးပြေးမယ်လို့ပြောသွားတာမှ မကြာသေးဘူး "

ရယ်ရယ်မောမော ပြောနေတဲ့ ဦးမြတ်လွန်းလျှံစကားကို ထထောက်လိုက်တဲ့ ယောက္ခမလောင်းကြီးကြောင့် လဆန်းညို မျက်နှာမထားတတ်တော့ပေ...

အဲ့ဒီ့အချိန်တုန်းက မောင့်ကို အဆုံးရှုံးမခံနိုင်တာတစ်ခုတည်းသာ ခေါင်းထဲရှိပြီး ပြောမိပြောရာပြောခဲ့သမျှက ပြဿနာတက်ပြီထင်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now