Episode 15 (Z+U)

4.6K 296 19
                                    

(Zawgyi code)

မိုးဆုံးပါးသွားပြီးတဲ့နောက် ဟေမာန်ဟာ အရင်ကထက်ပိုပြီး အေးစက်တိတ်ဆိတ်လာခဲ့တယ်။

တခါခါဆို အမနဲ့ အတူရှိခဲ့စဉ်က အချိန်တွေမပေးနိုင်ခဲ့ကြောင်းတွေးနေရင် မီးပိတ်ထားတဲ့ အခန်းထောင့်မှာ ကြောင်ပျင်းတစ်ကောင်ခွေသလို ခွေနေတတ်တယ်။

မိုးရွာနေတဲ့နေ့တွေမျိုးမှာဆို ပြတင်းပေါက်မှန်ကိုလာထိမှန်ပြီး တစ်လိမ့်ချင်းစီးကျသွားတဲ့ မိုးစက်မိုးပေါက်လေးတွေကို ငေးကြည့်ရင်း အကြောင်းမဲ့ မျက်ရည်ဝေ့နေတတ်ပြီ။

နောင်တတွေဟာ လူကို တဖြည်းဖြည်းလှိုက်စားနိုင်တယ်ဆိုတာ ဟေမာန်ဟာ မိုးသေဆုံးပြီးနောက်ပိုင်း လက်ခံလိုက်ရတယ်လေ။

မိုးဆုံးပါးသွားပြီးတဲ့နောက်ပိုင်း မိုးရဲ့အမွေတွေကို ဟေမာန် မလိုချင်ပဲနဲ့ကို လက်ခံလိုက်ရတယ်လေ။

ဒီတော့ မိုးရဲ့စီးပွားရေးကိစ္စတွေအတွက်ပါ မိုးခေါင်းစားရတော့တာပေါ့။

ဟေမာန့်ကို မိုးရဲ့ကိုယ်ရေးရှေ့နေက မိုးအပိုင်ဖြစ်တဲ့ ဘောက်ထော်ထဲကလုံးချင်းအိမ်မှာ သွားနေဖို့ တိုက်တွန်းပေမယ့် ဟေမာန်ဟာ သံယောဇဉ်ကြီးတတ်သူပီပီ သူမ နေနေတဲ့ အခုတိုက်ခန်းလေးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။

ဟိုနေ့ညက ဟေမာန်နဲ့မိုးတို့ နောက်ဆုံးထိုင်ဖြစ်ခဲ့ကြတဲ့ Heaven's Song ဆိုတဲ့ဘားလေးဟာလည်း မိုးရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါပဲ။

ဟေမာန်ကတော့ ထိုဘားလေးကို ပိတ်ပစ်လိုက်ချင်ပေမယ့် မိုးသိပ်နှစ်သက်ခဲ့တဲ့ ထိုဘားလေးကို မပိတ်ရက်ခဲ့။

ဟေမာန်မှတ်မိသေးတယ်။ အဲဒီဘားလေးစဖွင့်တော့ ဘားအတွင်း Decoration ကို မိုးကိုယ်တိုင် သေချာ ဒီဇိုင်းဆွဲပြီး မီးအလင်းအမှောင်ကအစ မိုးကိုယ်တိုင် လုပ်ခဲ့တာ။

ဒီတော့ ဟေမာန်လည်း ထိုဘားလေးကို မပိတ်ရက်။

မိုးလုပ်ခဲ့တဲ့ စီးပွားရေးလေးတွေကိုလည်း ဟေမာန်အရင်ကစိတ်နဲ့ဆို အကုန်ရပ်ပစ်လိုက်မိမှာ။

ဒါပေမဲ့ မိုးအနား တရင်းတနှီးမနေခဲ့မိတဲ့အတွက် ထို စီးပွားရေးတွေကိုပါ ဆက်လက်လုပ်ဖို့ ဟေမာန်ဆုံးဖြတ်လိုက်ရတယ်။

နောက်ပြီး ဟေမာန် တစ်ခဏလေးသာဆုံဆည်းခဲ့မိတဲ့ အမည်မသိကောင်မလေး။

ထိုကောင်မလေးဟာ မိုးမဆုံးခင် နောက်ဆုံးအနေနဲ့ ပတ်သတ်ခဲ့တဲ့ မိန်းကလေး။

မိုးဟာ ထိုမိန်းကလေးအပေါ် ခံစားချက်ရှိရှိ/မရှိရှိ။

ဟေမာန် ထိုမိန်းကလေးကို စိတ်ထဲက အပြီးပိုင်မေ့ဖြစ်ဖို့ ဆုံးဖြတ်ရတယ်။

ဘာပဲဖြစ်ဖြစ် မိုးနဲ့ ပတ်သတ်ဖူးထားတဲ့ ထိုမိန်းကလေးကို ဆက်ချစ်နေရမှာ ဟေမာန် စိတ်ထဲ လိပ်ပြာမသန့်နိုင်။

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now