Episode 27 (The End) (Z+U)

9.2K 413 63
                                    

(Zawgyi code)

အက်ဖီရေချိုးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ကိုခဏပြန်ခဲ့လိုက်တယ်။

ဖြစ်ချင်တော့ ဟေမာန့်မာမာလည်းရောက်နေတယ်ဆိုတော့ မပြန်စေ့ချင်တဲ့ဟေမာန်လေးမှာ စိတ်ထင်တိုင်းလည်း မတားမြစ်နိုင်ခဲ့။

အက်ဖီပြန်လာပါ့မယ်လို့အထပ်ထပ်ကတိပေးပြီးမှ အိမ်ပြန်ခွင့်ရခဲ့တာပါ။

တကယ်တော့ အက်ဖီဟာ ရေချိုးချင်လို့ အိမ်ပြန်ခဲ့တာလည်းမဟုတ်။

ဟေမာန်လေး စိန်ခေါ်တဲ့ ပြိုင်ပွဲကို တီချယ်လက်ခံခဲ့တဲ့အပေါ် အက်ဖီလုံးဝ ဘ၀င်မကျ။

ဘာမဟုတ်တဲ့ကလေးနဲ့ပြိုင်ပြီး ကလေးကလားတွေလုပ်ဖို့ကိုလည်း တီချယ့်ကိုခွင့်မပြုနိုင်။

နောက်ပြီး အက်ဖီ့ကို တီချယ်ဟာ နောက်တစ်ယောက်နဲ့ယှဉ်ပြိုင်ပြီးမှ ရယူစရာလည်းမလိုအပ်။

အက်ဖီ့ဟာ ဟိုးအရင်တည်းက တီချယ့်အတွက်သက်သက် အသက်ရှင်ခဲ့တာ။

ဒီဝေးကွာနေတဲ့ ၄ နှစ်လုံးမှာလည်း အက်ဖီဟာ တီချယ့်ကိုပဲ စက္ကန့်တိုင်း တမ်းတနေခဲ့ရတာ။

ဒီတော့ ရှင်းပါတယ်။ တီချယ့်ကို ဟေမာန်လေးနဲ့ ယှဉ်ပြိုင်မယ့်ကိစ္စကို အက်ဖီ ဘယ်နည်းနဲ့မှ လက်ခံမှာမဟုတ်ပါဘူး။

"ဟင်... အက်ဖီ... ဆေးရုံမှာအိပ်မှာဆို..."

တံခါးခေါက်သံကြောင့် အိမ်တံခါးကိုလာဖွင့်ရင်း အက်ဖီ့ကိုမြင်တာနဲ့ တီချယ်နားမလည်သလိုလေးမေးတယ်။

အက်ဖီ ဘာမှဆက်မပြောနိုင်။

ချက်ချင်း တီချယ့်ရင်ဘတ်ထဲတိုးဝင်ရင်း တီချယ့်ကို တင်းကြပ်စွာ ဖက်ထားလိုက်မိတယ်။

"ဘာ... ဘာများဖြစ်လို့လဲ အက်ဖီ..."

"ပြိုင်စရာမလိုဘူး... ဘာမှလည်းမပြိုင်နဲ့။ ကလေးကလားအလုပ်တွေကိုလည်း အက်ဖီ့ကြောင့် လုပ်စရာကိုမလိုတာ..."

ဖက်ထားရင်း ၀မ်းနည်းစွာပြောမိတယ်။

ဝမ်းနည်းမှုတွေက မျက်ရည်တွေအဖြစ် အက်ဖီ့မျက်ဝန်းထဲ နေရာယူပြန်တယ်။

"ဒါပေမဲ့ မင်းတို့ကို အရင်လို ပြန်လက်ခံဖို့ဆိုတာ..."

"ချယ်..."

"ရှင်...ဟင်... ဟယ်... ချယ်လို့ ခေါ်လိုက်ပြီ... ဟုတ်လား အက်ဖီ..."

"ပြန်ပြီးတွေ့တည်းက အဲဒီလို ခေါ်ချင်ခဲ့တာ။ ဒါပေမဲ့ အက်ဖီ့ကို အရင်တစ်ခါလို ပြန်ထားသွားမှာကို ကြောက်လို့သာ မူနေခဲ့တာ။ ကိုယ့်ကိုယ်ကို ထိန်းနေခဲ့တာ... ချယ်မသိဘူးလား။ အက်ဖီဟာ ချယ့်ကိုဘယ်လောက်တောင် မက်မက်မောမော ရူးသွပ်ခဲ့ရလဲဆိုတာ ချယ်မမြင်ခဲ့ဘူးလားဟင်?"

"ဒါပေမယ့်အက်ဖီရယ်... တို့က မင်းကိုထားရစ်ခဲ့တာလေ။ အဲဒီအတွက် ဟေမာန်လေးနဲ့ ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့သဘောပါ..."

"မလိုဘူး... လိုကို မလိုဘူး ချယ်။ ချယ့်ကို အက်ဖီချစ်တယ်။ အဲဒီလိုယှဉ်ပြိုင်မယ့်အစား အက်ဖီ့အနားက ဘယ်တော့မှ ထွက်မသွားဘူးဆိုတဲ့ ကတိကိုပဲ ပေးပါ။ ဒါဆို... အက်ဖီ့အတွက် ပြည့်စုံပြီ။ လုံလောက်ပြီ။ ကျေနပ်ပြီ"

"အက်ဖီရယ်..."

"တကယ်ပါ ချယ်ရယ်။ ချယ့်ကိုစတွေ့တည်းက ပြန်ပြီး လက်ခံချင်နေခဲ့တာပါ။ အရင်တစ်ခါလို ထပ်ပြီး ထားသွားတာကို ခံရမှာစိုးလို့၊ ခဲမှန်ဖူးတဲ့ စာသူငယ်တစ်ယောက်လို အသံကြားတိုင်း လန့်နေခဲ့တာပါ။ အဲဒါကြောင့် ချယ့်ကို ချယ်လို့ မခေါ်ရဲခဲ့တာပါ... ချယ့်ကိုချယ်လို့ မခေါ်ခဲ့ဘူးဆိုတာ မခေါ်ချင်တော့လို့မဟုတ်ရပါဘူး၊ အရင်တစ်ခါကလို အဲဒီလိုခေါ်ပိုင်ခွင့်လေး ထပ်ပြီးဆုံးရှုံးခံရမှာစိုးလို့ပါ ချယ်ရယ်... အက်ဖီတောင်းပန်ပါတယ်။ အက်ဖီ့အတွက် ချယ် ဘယ်သူနဲ့မှ ယှဉ်ပြိုင်စရာမလိုပါဘူး။ ဘာကိုမှ မယှဉ်ပြိုင်ပဲ ချယ်ဟာ အက်ဖီနှလုံးသားကို အနိုင်ရ၊ အပိုင်ရယူပြီးသားပါ။ ဒါဟာ သစ္စာစကားပါနော်။ အက်ဖီလေ ချယ့်ကို ခုတစ်ခါ ပြန်တွေ့တည်းက ချယ်လို့ မခေါ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်။ ချယ့်ကို အက်ဖီချစ်တာ သေးသေးလေးမဟုတ်ရပါဘူး။ အရမ်းချစ်တာ... အများကြီးချစ်တာဆိုတဲ့စကားကို ဒီ့ထက်ပိုလေးနက်အောင် အက်ဖီလည်း မပြောတတ်တော့ဘူး။ သေချာတာကတော့ နှလုံးသားထဲက ခံစားချက်ကို စကားလုံးတွေက မဖော်ပြနိုင်ဘူး ချယ်ရဲ့။ ချယ့်ကို အက်ဖီ့ အဲဒီလောက်ချစ်တာ..."

ရင်ထဲက ခံစားချက်အစစ်မှန်တွေကို တရပ်စပ်ပြောချလိုက်ပြီး အက်ဖီဟာ ချယ့်ကို ခွင့်တောင်းခြင်းမရှီတော့ပဲ အားရပါးရ သိုင်းဖက်မိတယ်။

သိုင်းဖက်ထားရင်းမှ မက်မောရူးသွပ်စွာဖြင့် တီချယ့်ပါးပြင်တွေ၊ နှုတ်ခမ်းတွေကို အငမ်းမရနမ်းမိတယ်။

နမ်းရင်းနဲ့ တပေါက်ပေါက်ကျလာတဲ့ အက်ဖီ့မျက်ရည်တွေဟာ တီချယ့်ပါးပြင်ပေါ်သို့ ခုန်ဆင်းကုန်တယ်။

အဲဒီအချိန် တီချယ်က ပြုံးလို့ပေါ့။

ကျေနပ်စွာဖြင့် မိန့်မိန့်ကြီး ပြုံးလို့ပေါ့။

အက်ဖီ အားရပါးရ နမ်းရှိုက်ပြီးနောက် ချယ့်မျက်နှာလေးကို မက်မက်မောမောလေး ငုံ့ကြည့်မိတယ်။

"ကဲ... အသည်းခွဲဘုရင်မရေ... အက်ဖီ့ဆီက ဘယ်တော့မှ ထွက်မသွားပါဘူးဆိုတဲ့ ကတိကို ဘယ်တော့မှ ပေးမှာလဲ ပြော။ အခုချက်ချင်းမပေးပဲ ဟိုလှည့်၊ ဒီလှည့်လုပ်နေဦးမယ်ဆိုရင်တော့ အက်ဖီ ခင်ဗျားကို အိပ်ခန်းထဲ ဆွဲခေါ်သွားတော့မှာနော်"

"အို... အက်ဖီနော်..."

"ကဲ ပေး... အဲဒီကတိ မြန်မြန်ပေးတော့။ အက်ဖီက ခေါ်သွားချင်နေပြီနော် ဟွင်း ဟွင်း..."

"အမယ်လေး...လေး... သူ့ဆီလိုက်လာတယ်၊ သူ့အိမ်မှာ ပေးနေတယ်ဆိုပြီး လူကို သိပ်အနိုင်ယူချင်တာပဲနော် အက်ဖီ။ ကျောင်းတုန်းက ချယ်ပြောသမျှကို ခေါင်းလေးငုံ့နားထောင်တတ်တဲ့ အက်ဖီက ဘယ်ရောက်သွားပြီလဲပြော..."

"အဲဒီအက်ဖီလား... အဲဒီအက်ဖီက ဒီတောင်ပေါ်မြို့လေးရဲ့ အအေးဒဏ်ကို မခံနိုင်လို့ သေတာဖြင့်ကြာပြီ။ အခုအက်ဖီက ချယ့်ကို ရေလည်ချစ်ပြီး ကြိုက်သလို ကြိုးဆွဲချင်တဲ့ ချယ့်ကို ဦးဆောင်မယ့် အက်ဖီပဲ... ဟွန်း..."

"အမယ်လေး... ကျမလည်း သူ့ထမင်းစားတာ တစ်ပတ်တောင်မပြည့်သေးဘူး ကြောက်နေရပါလားနော်..."

"ကဲ... ကတိပေးဘူးလားကွာ... အာ့ဆို ကြာတယ်..."

အက်ဖီဒေါမောဖြင့် တီချယ့်ကိုဆွေ့ခနဲ ပွေ့ချီပြီး အိပ်ခန်းထဲခေါ်ဆောင်တော့ တီချယ့်မှာ ကြောက်လန့်တကြား ငြင်းရှာ၊ ရုန်းရှာသေးတယ်လေ။

"ဟိုးထား ဟိုးထား အက်ဖီ။ တို့ အဖြေပေးမယ်။ တို့ အဖြေပေးမယ်။ အက်ဖီ့နားက ဘယ်တော့မှ ထွက်မသွားတော့သလို၊ အက်ဖီ့ကိုလည်း ဘယ်တော့မှ ထားမသွားတော့ဘူး။ အက်ဖီနဲ့ပဲ သေသည့်တိုင် အတူတူနေမယ်။ အက်ဖီ့ကိုပဲချစ်တယ်၊ အက်ဖီကလွဲပြီး ဘယ်သူ့ကိုမှ မျက်လုံးနဲ့တောင် မကြည့်ဘူး... ကဲ ကျေနပ်တော့... ကဲ ချတော့။ ကျမကို ပြန်ချပေးပါတော့..."

"ဟုတ်... ဟုတ်ကဲ့... အခု ချဖို့ပဲ အိပ်ခန်းထဲ ခေါ်သွားနေတာလဲ ချယ်..."

"အို... အက်ဖီ... မင်းသိပ်ဆိုးနေပါလားကွယ်..."

"ဒီနေ့တော့ ချယ် အက်ဖီ့ Dark Side အပြည့်အစုံကိုပြမှဖြစ်တော့မယ်။ ဒါမှ ကြောက်ပြီး နောက်တစ်ခါ အက်ဖီ့ကို မထားသွားရဲတော့မှာ..."

"အခုလည်း မထားသွားရဲတော့ပါဘူးဆို... ဖယ်ပါ။ ချပါတော့..."

"အင်း... စိတ်ချ... အိပ်ခန်းထဲရောက်တဲ့အထိတော့ စောင့်ပါဦး မိန်းမရယ်..."

"ဘုရားရေ...ဘယ်သူက ရှင့်မိန်းမလဲ..."

"ချယ်လေ.... ချယ်က အက်ဖီ့မိန်းမ... အက်ဖီယူမယ့် အက်ဖီ့ မိန်းမ... အက်ဖီ့အဖွားကြီး... ချစ်တယ်ရှင်... အဖွားကြီးကို တုန်ခါနေအောင်ကို ချစ်တယ်..."

တကယ်ပါ။ အက်ဖီဟာ တီချယ့်ကို အိပ်ခန်းအထိ မ,ယူခေါ်ဆောင်သွားခဲ့ပါတယ်။

အိပ်ခန်းတံခါးကို ခပ်သွက်သွပ်ပြန်ပိတ်လိုက်ရလို့ ချက်မကျတဲ့အခါ အိပ်ခန်းတံခါးလေးဟာ ခပ်ဟဟ ပွင့်ပြီး ကျန်နေခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အချစ်စိတ်ကြောင့် ဇောမောတို့ဖြင့်တောက်လောင်နေတဲ့ အက်ဖီ့မာန်ဖီသံတွေ၊ အချစ်စစ်ရဲ့အထိတွေ့ကြောင့် ထွက်ပေါ်လာတဲ့ တီချယ့် ငြီးတွားသံတွေရယ်၊ တစ်ချက်ချက် ရှိုက်သံလိုလို "အင့်"ခနဲ၊ "အ"ခနဲ အသံတွေရယ်၊ အမျိုးသမီး ၂ ယောက်တို့ရဲ့ အသက်ရှူသံပြင်ပြင်းတွေရယ်... ထိုခပ်ဟဟပွင့်နေတဲ့ နေရာလေးကနေ လွင့်ပျံ့ထွက်ပေါ်လာပါတော့တယ်။

ထိုနေ့ညနေက တော်တော်မှောင်သွားသည့်တိုင်အောင် အက်ဖီဟာ ဆေးခန်းသို့ ပြန်မရောက်ဖြစ်ခဲ့တော့။

-------------------------------------

ဆေးရုံကို အတော်နောက်ကျမှရောက်လာတဲ့ အက်ဖီဟာ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ဟေမာန်လေးကို သနားစိတ်ဖြင့် နဖူးကို ခပ်ဖွဖွလေး ပွတ်သတ်ပေးမိတယ်။
အက်ဖီ့ထိတွေ့မှုတွေကြောင့် ဟေမာန်လေး မျက်လုံးလေး ခပ်ဟဟပွင့်လာခဲ့တယ်လေ။

အဲဒီအချိန် ဆေးရုံခန်းထဲမှာ ဟေမာန်နဲ့ အက်ဖီ ၂ ယောက်တည်းသာရှိနေလေတော့တယ်။

ဟေမာန်လေးဟာ အက်ဖီ့ကို အဓိပ္ပါယ်တစ်မျိုးပါတဲ့ အပြုံးနဲ့ ပြုံးပြတယ်။

အဲဒီအပြုံးရဲ့ အဓိပ္ပါယ်ကို အက်ဖီနားမလည်ပေမယ့် သိပ်ကို ကလေးဆန်လှတယ်လို့တော့ တွေးမိတယ်။

"ချယ်ရောက်လာပြီလား? နောက်ကျတယ်နော်..."

"အင်း ဟုတ်တယ်... နဲနဲ နောက်ကျသွားတယ်..."

"အန်တီတီချယ်က အခု သမီးကို မုန်းတီးနေပြီလားဟင်?"

"အို... ဟေမာန်လေးရယ်။ အန်တီတီချယ်က အဲဒီလိုလူစားမျိုးမဟုတ်ပါဘူး။ ချယ်က တော်ရုံလူတွေကို မုန်းတီးလေ့မရှိပါဘူး"

"ဒါပေမဲ့ သမီးက ငယ်ငယ်လေးနဲ့ အန်တီတီချယ့်ကို စိန်ခေါ်တယ်ဆိုတော့ ဒါဟာ ရိုင်းစိုင်းတာပဲလေ..."

"အင်း... အဲဒီကိစ္စကို တီချယ်တို့ ပြန်ဆွေးနွေးရအောင်လား မိမာန်ရယ်။ တီချယ်ပြောမယ်။ တီချယ်ကလေ အန်တီတီချယ့်ကို သိပ်ချစ်တာ သိလား။ မိမာန်က သူနဲ့ ပြိုင်စရာကိုမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတီချယ့်ကို ချစ်မိတဲ့အချစ်နဲ့ ဟေမာန်လေးကိုချစ်မိတဲ့အချစ်က တူကို မတူလို့ပဲ...  မိမာန်လေးကိုကျ တီချယ်က ကိုယ့်သမီးလေးလို၊ ကိုယ့်ကလေးလေးလို စိတ်မျိုးနဲ့ချစ်တာ။ အန်တီတီချယ့်ကိုကျတော့ ချစ်သူလို၊ ဘ၀လက်တွဲဖော်လို ချစ်တာ။ အဲဒီတော့ မိမာန်က အန်တီတီချယ်နဲ့ ယှဉ်ပြိုင်စရာလည်းမလိုဘူးပေါ့။ နော်..."

အက်ဖီ့စကားဆုံးတော့ ဟေမာန်လေးက ဖွဖွလေးပြုံးတယ်။ ပြီးတော့ သက်ပြင်းချတယ်။

"တကယ်တော့ အဲဒါတွေ... တီချယ်အခုပြောလိုက်တဲ့စကားတွေကို သမီးဘာတစ်ခုမှ နားမလည်ဘူး..."

"ဟင်... ဘာကိုနားမလည်တာလဲဟင်..."

"အဲဒီ ချစ်တာခြင်းမတူတာတို့ ဘာတို့ကိုလေ... နောက်ပြီး သမီးလည်း အန်တီတီချယ်နဲ့ မယှဉ်ပြိုင်ချင်ပါဘူး..."

"မိမာန်... သမီး... ညည်းဘာတွေပြောနေတာလဲ?"

"ဟား...ဟား...ဟား... နောက်ဆုံးတော့ မိမာန်က မာမာတို့ကို သစ္စာဖောက်ပြီပေါ့ဟုတ်လား?"

အားရပါးရရယ်သံနဲ့အတူ အခန်းထဲရောက်လာတာ ဟေမာန့်မာမာ။

"အမ... ဘာ... ဘာဖြစ်လို့လဲဟင်?"

ဟေမာန့်မာမာဟာ အက်ဖီ့ကို သဘောကျစွာဖြင့် ပြုံးလျက် တစ်စိမ့်စိမ့်ကြည့်တယ်။

"နောက်ဆုံးကျတော့လည်း ထက်ယံက နိုင်သွားတာပဲ... တီချယ်လေးရယ်..."

"ထက်ယံက နိုင်သွားတာပဲဟုတ်လား...ဘာတွေပြောနေတာလဲ အမ... ကျမ နားမလည်တော့ဘူး..."

"အင်း... အိုကေ... တီချယ်လေး နားမလည်ဘူးဆိုရင် ကျမ အစအဆုံးသေချာရှင်းပြပါ့မယ်။ တစ်ခုတော့ ကြိုပြောထားချင်တယ်။ တီချယ်လေးကို ဒီတောင်ပေါ်မြို့က ကျောင်းမှာ စာလာသင်ပေးဖို့ စကားစပြောခဲ့တာ ထက်ယံ ဟုတ်တယ်နော်..."

"ဟုတ်ပါတယ်။ သူ့အဆက်သွယ်နဲ့ပဲ ကျမ ဒီမှာ စာလာသင်ဖြစ်သွားတာပါ..."

"တကယ်တော့ ထက်ယံနဲ့ ကျမက ငယ်သူငယ်ချင်းတွေပါ။ ဒါပေမဲ့ ထက်ယံဆိုတဲ့ကောင်အကြောင်းလည်း တီချယ်လေးသိတဲ့အတိုင်း။ စကားသိပ်နည်းတဲ့ကောင်။ ဒီတော့ တီချယ်လေးဟာ သူ့အသိဆိုတာလောက်ပဲ ကျမက သိထားတာလေ..."

"အော်... ဟုတ်..."

"ဒါပေမယ့် နောက်ပိုင်းမှာ မိမာန်ကို အိမ်ကိုပြန်လာတိုင်း တီချယ်လေးက ဘယ်လိုချစ်ဖို့ကောင်းတာ၊ တီချယ်လေးက စာသင်တာဘယ်လိုကောင်းတာ၊ တီချယ်လေးပြုံးလိုက်ရင် အရမ်းလှတာဆိုတာတွေ ဆက်တိုက်လိုလိုပြောလာတယ်။ နောက်ပြီး မိမာန်က တီချယ်လေးစကားဆို သိသိသာသာနားထောင်လာတယ်။ မိမာန်လေး လိမ္မာလာတယ်။ ဒီလိုတွေ တဖြည်းဖြည်းပြောင်းလဲလာတော့ ကျမလည်း တီချယ်လေးကို ဒီအတိုင်း လစ်လျူရှုမထားနိုင်တော့ဘူး။ အဲဒါကြောင့် တီချယ်လေးရဲ့ အပြုအမူ၊ အနေထိုင်တွေကို လေ့လာအကဲခတ်မိတယ်။ ကျမ အကဲခတ်မိတော့ တီချယ်လေးရဲ့ ရင်ဘတ် ဟိုးအတွင်းတနေရာက သိပ်ကိုနာကျင်နေတယ်ဆိုတာ ကျမ ရိပ်မိခဲ့တယ်... ဒါနဲ့ပဲ ကျမ ထက်ယံကိုဖုန်းဆက်မေးတော့ ထက်ယံက တီချယ်လေးနဲ့ တီချယ်ဟေမာန်တို့အကြောင်းတွေ ကျမကို ပြောပြတယ်။ အဲဒီလိုနဲ့ ကျမလည်း တီချယ်လေးဟာ တီချယ်ဟေမာန့်ကြောင့် အသည်းကွဲနေရတယ်ဆိုတာ သိခဲ့ရတယ်။ ဖြစ်ချင်တော့ မိမာန်နဲ့ တီချယ်လေးကို အသည်းခွဲခဲ့တဲ့ တီချယ်ဟေမာန်နဲ့က နာမည်ချင်းဆင်တူနေတယ်လေ။ ဒီတော့ တီချယ်လေး စိတ်သက်သာရာရအောင် မိမာန်လေးကို ကျမကပဲ တီချယ်လေးကို ချစ်တယ်ဆိုတာတွေ၊ ချစ်သူဖြစ်ချင်တယ်ဆိုတာတွေ ပြောခိုင်းခဲ့တာ..."

"ဟုတ်တယ် ချယ်... သမီး ချယ့်ကိုပြောသာ ပြောခဲ့တာ။ အဲဒီစကားတွေကို ဘာမှနားမလည်ဘူး။ မာမာက ချယ့်ကို သမီး အဲဒီလိုမပြောဘူးဆို ချယ်က သမီးကို ချစ်တော့မှာမဟုတ်ဘူးဆိုပြီးပြောခဲ့လို့သာ..."

"အို... အဲဒီလို မဟုတ်ပါဘူးနော်..."

"အဟင်း...ဟင်း... ဟုတ်ပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ တီချယ်လေးက မိမာန်အပေါ် ဖြူဖြူစင်စင်နဲ့ သံယောဇဉ်တွယ်တယ်ဆိုတာ ကျမ သိပါတယ်။ ဒါပေမဲ့ ကျမကလည်း မိမာန်လေးနဲ့ပဲ အချိန်တွေကုန်ရင်း တီချယ်လေးရဲ့ အသည်းကွဲဒဏ်ရာကို ကုစားပေးချင်ရုံသက်သက်နဲ့ အခုလို ကလေးကို ကလေးနဲ့မတန်တဲ့စကားတွေသင်ပေးပြီး တီချယ်လေးကို ကူညီပေးခဲ့တာပါ..."

"အော်... ဒါဆို မိမာန်လေးက တီချယ်နဲ့ ပြိုင်မယ်ဆိုတာကလည်း အမပဲ အတို့ထောင်လုပ်ပေးခဲ့တာပေါ့ဟုတ်လား?"

"အဲဒီလို ပြိုင်ခိုင်းတာလည်း ကျမပါပဲ။ ဒါကလည်း တီချယ်လေး နောက်တစ်ခါ အသည်းထပ်ကွဲမှာကြောက်လို့ပါ။ ဒါပေမယ့် တီချယ်ဟေမာန်က မိမာန်လေးနဲ့ အသက်အရွယ်၊ ဂုဏ်သိက္ခာကိုမငဲ့ပဲ တီချယ်လေးအတွက် ယှဉ်ပြိုင်မယ်ဆိုတဲ့စကားကို ကျမတို့ကြားသိလိုက်ရတော့ တီချယ်ဟေမာန်ဟာ တီချယ်လေးကို နောက်တစ်ခါထပ်ပြီးအသည်းခွဲတော့မှာ မဟုတ်ဘူးဆိုတာ သေချာသွားပါပြီ။ နောက်ပြီး မိမာန်ကလည်း တီချယ်ဟေမာန့်ကို ခင်မင်နေပြီဆိုတော့ ကလေးက တီချယ်ဟေမာန် မုန်းတီးမှာကိုကြောက်နေပြီလေ..."

"ဒါဆို ထက်ယံနိုင်သွားပြီဆိုတဲ့ကိစ္စကရော?"

"ကျမက တီချယ်ဟေမာန်နဲ့ တီချယ်လေးတို့ကြားက သံယောဇဉ်ကို သိခဲ့တာမဟုတ်ဘူးလေ။ ဒီတော့ တီချယ်ဟေမာန်က တီချယ်လေးကို နောက်တစ်ခါအသည်းခွဲဖို့ရောက်လာတယ်လို့ပဲ ကျမထင်နေခဲ့တာ။ ထက်ယံကတော့ တီချယ်ဟေမာန်က တီချယ်လေးဆီ အပြီးလိုက်လာတာဆိုပြီးပြောတယ်။ ဒါနဲ့ပဲ ကျမနဲ့ ထက်ယံက တီချယ်ဟေမာန်ဟာ တီချယ်လေးအတွက်နဲ့ မိမာန်နဲ့ ယှဉ်ပြိုင်မှာဟုတ်/မဟုတ် အလောင်းစားလုပ်ခဲ့ကြတာ။ အခု တီချယ်ဟေမာန်က တီချယ်လေးအတွက်နဲ့ မိမာန်နဲ့ယှဉ်ပြိုင်မယ်ဆိုတာ လက်ခံလိုက်တော့ ကျမရှုံးပြီပေါ့"

"အော် အခုမှပဲ ကျမလည်း ဇာတ်ရည်လည်တော့တယ်..."

"ဒါတွေအကုန်လုံးက ကျမရဲ့လုပ်ဇာတ်တွေပါ တီချယ်လေးရယ်... ကျမတောင်းပန်ပါတယ်။ တီချယ်ဟေမာန့်ကိုလည်း ကျမ သေချာတောင်းပန်ဦးမှာပါ... သူ့အချစ်ကို အထင်သေးခဲ့မိတဲ့အတွက် ကျမ တောင်းပန်သင့်တယ်လေ..."

"အို... ရပါတယ်။ ချယ်က အဲဒီလို အပြစ်မယူတတ်ပါဘူး... တောင်းပန်စရာမလိုပါဘူး အမရယ်"

"ကျမတော့ တောင်းပန်ရမှ ကျေနပ်မယ်လေ..."

အရာရာဇာတ်ရည်လည်သွားပြီးတဲ့နောက် အက်ဖီတော်တော်လေးနေလို့ထိုင်လို့ အဆင်ပြေသွားတယ်။

မနက်မိုးလင်းတာနဲ့ တီချယ်ရှိနေတဲ့ အိမ်လေးဆီကို အက်ဖီ အားအင်အပြည့်နဲ့ပြန်လာခဲ့မိတယ်။

ဒါပေမယ့် တီချယ်ဟေမာန်က အိမ်မှာရှိမနေ။

ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းကို အိမ်ထဲမှာပဲထားခဲ့တယ်ဆိုတော့ အက်ဖီလည်း တီချယ်ဘယ်များရောက်နေလဲဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့အတူ လိုက်ရှာမိတယ်ပေါ့။

တီချယ်ဟာ အက်ဖီ့အိမ်ရဲ့အတော်လှန်းလှန်းနေရာက တောပန်းရိုင်းလေးတွေပွင့်နေတဲ့ နေရာမှာ ခြင်းတောင်းလေးတစ်လုံးနဲ့ ပန်းတွေခူးနေတာကို တွေ့လိုက်ရတယ်။

တောပန်းရိုင်းခရမ်းရောင်လေးတွေပွင့်နေတဲ့ ပန်းခင်းကြီးအလယ်မှာ ခြင်းတောင်းလေးတစ်လုံးနဲ့ ပန်းလေးတွေ ခူးဆွပ်နေတဲ့ တီချယ်ဟာ အပြိုင်ဆိုင်ကင်းစွာ ကြည်လင်သန့်ရှင်းလို့နေတယ်။

အက်ဖီဟာ တီချယ့်ဆီ ခြေလှမ်းမှန်မှန်တွေနဲ့ရောက်သွားပြီး တီချယ့်ကိုနောက်မှ သိုင်းဖက်ထားလိုက်မိတယ်။

တီချယ်ဟာ ဆတ်ခနဲတွန့်သွားပြီးတော့ သာယာစွာပြုံးလျက်ငြိမ်သက်သွားတယ်။

"ဘယ်သူလဲသိလား...?"

"အင်း သိတယ်။ အက်ဖီမဟုတ်လား..."

"အင်း... ချယ့်အက်ဖီလေ... ချယ်..."

"ရှင်..."

"ကျမတို့ နောက်နောင် ဘယ်တော့မှ မခွဲတော့ဘူးနော်"

"အဲဒီကတိကို ချယ် မနေ့ညက ပေးပြီးပြီနဲ့တူပါတယ်နော်..."

"မသိဘူးကွာ။ ထပ်ပေး..."

"အင်းပေးမယ်... ခဏလွှတ်..."

အက်ဖီဟာ တီချယ့်ကို သိုင်းဖက်ထားရာမှ လွှတ်ပေးလိုက်တော့ တီချယ်ဟာ အက်ဖီနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်တယ်။

ပြီးတော့ အက်ဖီ့ကို တစိမ့်စိမ့်ကြည့်ရင်း ဖွဖွလေးပြုံးရင်း အက်ဖီ နဖူးလေးကို နမ်းလာတယ်။

"ချယ့်ကိုလေ လှုတ်လို့မရအောင် အက်ဖီ့အချစ်တွေနဲ့ ချည်နှောင်ထားပြီးပြီ အက်ဖီရဲ့... ဒီတော့ ချယ်က အက်ဖီနဲ့ဝေးရာကို ဘယ်လိုလုပ်ပြီး ထွက်သွားလို့ရတော့မှာလဲ... ရှင်ပဲပြောတော့ အက်ဖီရေ... ရှင်ပဲပြောတော့"

"အာ့ဆို အက်ဖီ့ကိုချစ်လား..."

"အရမ်းချစ်တာပေါ့ အက်ဖီရယ်။ အရမ်းချစ်တယ်။ အများကြီးချစ်တယ်။ ချစ်တယ်ဆိုတဲ့စကားကို ဘာသာပေါင်းစုံနဲ့ကို ပြောပြချင်တာ..."

"ချယ်..."

"ရှင်..."

"အက်ဖီတို့ လက်ထက်ရအောင်..."

"တကယ်?"

"အင်း..."

"ဘယ်တော့လဲ?"

"ဘယ်တော့ ချယ်လက်ထပ်ချင်လဲ?"

"လက်ထပ်တယ်ဆိုတာ လူတစ်ဦးနဲ့လူတစ်ဦး တစ်သက်လုံးပေါင်းသင်းရတော့မှာဆိုတော့ အလျှင်လိုလို့မရဘူးလေ။ တကယ်ချစ်တယ်ဆိုတာ သေချာနေမှ လက်ထပ်လို့က ကောင်းမှာ..."

"အင်းပါ။ ချယ်က ဘယ်တော့လောက် လက်ထပ်ချင်လဲလို့... "

"ဒီညနေလောက်ဆိုရင်ရော?"

"ရှင်..."

"ဟုတ်တယ်လေ... ချယ်က အက်ဖီ့ကိုချစ်မိသွားပြီဆိုတာ အရမ်းကြီးသေချာနေတဲ့နောက် အက်ဖီနဲ့ အတူတူ အိုမင်းဖို့ ဆုံးဖြတ်ရမှာကိုလည်း တွေးနေစရာမှမလိုတော့တာ။ အဲဒါကြောင့်.... ချယ်ချစ်တဲ့လူနဲ့ အတူတူနေဖို့ပဲလေ... ချယ်ချစ်တဲ့အက်ဖီ့ကိုအပိုင်ရဖို့ပဲ... အချိန်ယူပြီး စဉ်းစားနေစရာကို မလိုတော့တာလေ..."

အရမ်းကို အံ့သြသွားလို့ မျက်လုံးအ၀ိုင်းသားဖြစ်သွားတဲ့ အက်ဖီ့ကိုကြည့်ပြီး တီချယ်က ပြုံးတယ်။

အက်ဖီ အတိုင်းမသိဝမ်းသာလွန်းလို့ တီချယ့်ကို သိုင်းဖက်ရင်း ဆွဲလှည့်လိုက်မိတယ်။

တီချယ်ဟာ သဘောကျစွာဖြင့်ရယ်မောနေတယ်ဆိုတော့ ခရမ်းရောင်တောရိုင်းပန်းခင်းအလယ်မှာ တီချယ့်ရယ်သံဟာ ကြည်နူးစရာပျံ့လွင့်လို့နေတော့တယ်လေ။

-------------------------------------

ပြီးပါပြီ...

-------------------------------------

(Uni code)

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now