Episode 23 🚨 (Z+U)

8.3K 328 42
                                    

(Zawgyi code)

"ဆရာမလေးအက်ဖီဆိုတာ ဒီမြို့မှာ မသိတဲ့လူမှ မရှိတာ။ ဒီလိုပဲ လမ်းမေးပြီး လာရတာပေါ့..."

"ဒီလောက်ညဥ့်နက်နေပြီ... တီချယ်က ဘာလာလုပ်တာလဲဟင်?"

"တို့ကို ဒီတစ်ညလောက် ဒီမှာ တည်းခွင့်ပြုပါလား အက်ဖီရယ်..."

တောင်းပန်သံတစ်ဝက်နဲ့တောင်းဆိုနေတဲ့ တီချယ့်စကားကို အက်ဖီ မငြင်းနိုင်။

ငြင်းချင်စိတ်ရှိနေသေးတာတော့ ၀န်ခံပါတယ်။

ကိုယ့်ကိုနာကျင်အောင် ဖန်တီးခဲ့တဲ့၊ ကိုယ့်ခံစားချက်ကို နားမလည်ပေးခဲ့တဲ့၊ ကိုယ့်အချစ်ကို အထင်သေးခဲ့တဲ့ ထိုအမျိုးသမီးရဲ့တောင်းဆိုမှုကို အက်ဖီ ငြင်းချင်နေသေးတယ်ဆိုပေမယ့်...

ကိုယ်သာငြင်းလိုက်ရင် ဒီလောက်အေးစိမ့်စိုစွတ်နေတဲ့ ညကြီးအလယ် သူ ဘယ်များ သွားအိပ်မှာလဲလို့ စိတ်ပူမှုက အက်ဖီ့ငြင်းချင်စိတ်ကို မှေးမှိန်စေတယ်။

ပြီးတော့ ဒီမြို့လေးမှာ သူနဲ့သိတာဆိုလို့ ကိုယ်တစ်ယောက်တည်းပဲရှိတယ်ဆိုတဲ့ အသိကလည်း ကိုယ့်ကို ဒီတစ်ညတာတော့ လက်ခံလိုက်ပါလားဆိုပြီး တိုက်တွန်းနေပြန်တယ်။

"အက်ဖီ... မင်းပြီးမှဆက်စဉ်းစားပါလား။ အရင်ဆုံးတို့ကို မင်းအိမ်လေးထဲ ခဏလေးဖြစ်ဖြစ်ဝင်ခွင့်ပေးပါလားဟင်? တို့ ဟိုမီးလင်းဖိုလေးရှေ့ မီးလှုံချင်လို့ပါ။ နောက်ပြီး ဒီမှာကြည့်ပါဦး... တို့စကတ်အောက်ပိုင်းနဲ့ တို့လောင်းကုတ်အောက်ပိုင်းတွေ ဆီးနှင်းတွေ ရွှဲနေတယ်။ တို့ အရမ်းချမ်းစိမ့်နေပြီ သိလား? ခဏလေးပဲဖြစ်ဖြစ်ပါနော်။ တို့မီးလှုံနေတဲ့အချိန် မင်းဆက်စဉ်းစားပေါ့။ တကယ်လို့ မင်းက ဒီတစ်ညတာကိုတောင် တို့ကို ခွင့်မပြုပေးနိုင်ဘူးဆိုရင် တို့ ချက်ချင်းထွက်သွားပေးပါ့မယ်... တို့စကားတည်မှာပါ။ ချစ်လွန်းလို့... ထပ်မဝေးချင်တော့လို့... ထပ်ဝေး မနေနိုင်တော့လို့ မင်းနောက်ကို လိုက်ခဲ့တယ်ဆိုပေမယ့် တို့မှာလည်း တို့သိက္ခာတော့ကျန်ပါသေးတယ် အက်ဖီရယ်... တို့ကို မယုံရင်တောင် တို့သိက္ခာကိုတော့ ယုံပါနော်..."

ထပ်မဝေး မနေနိုင်တော့လို့ဆိုတဲ့ တီချယ့်စကားက အက်ဖီ့အကြားအာရုံထဲ အကြောင်းမဲ့ ပဲ့တင်ထပ်သွားတယ်။

အက်ဖီတစ်ယောက် အဲ့ဒီစကားသံကြောင့်ပဲ လက်ဖျားတွေတောင် ခါချင်နေပြီ။

ရင်ခုန်သံကတော့ မပြောနဲ့တော့။

အိမ်ပေါက်ဝမှာ တီချယ့်ကို ဘွားခနဲ မြင်လိုက်ရတည်းက ထိန်းမနိုင်၊ သိမ်းမရ ဒုန်းဒိုင်းကျဲခုန်နေပြီလေ။

"ကဲ... ၀င်... ၀င်..."

"ကျေးဇူးတင်ပါတယ် အက်ဖီလေးရယ်..."

"လေးရယ်ထည့်မပြောနဲ့။ အက်ဖီဆို လုံလောက်ပြီ..."

"ဟုတ်... ဟုတ်ကဲ့..."

အက်ဖီ ခပ်တည်တည်ပြန်ပြောလိုက်တော့ တီချယ်က ဆွေ့ခနဲ ပြုံးလိုက်တယ်။

ဟင်...အဲဒီအပြုံးက ဘာလဲ?

သူဒီလိုလာပြီးတောင်းဆိုတာနဲ့ အက်ဖီက ချက်ချင်းကြီး လက်ခံမယ်ဆိုတာ တီချယ်က သိနေတာလား?

ဒါဆိုရင်တော့ တီချယ် သွသူ သိပ်ကိုအထင်ကြီးလွန်းသွားပြီကွာ။

ဒါဟာ အက်ဖီ့ ဇ,ကို အထင်သေးတဲ့သဘော။

အက်ဖီ့ဥပေက္ခာပြုနိုင်မှုကို စိန်ခေါ်တဲ့သဘော။

စိတ်ထဲ ထောင်းခနဲဖြစ်သွားပြီး သူ့ကို ချက်ချင်းပဲ အိမ်ထဲက ပြန်ထွက်ဖို့ မောင်းထုတ်လိုက်ရင် ကောင်းမလားလို့ တွေးမိရင်း လှမ်းကြည့်လိုက်တော့ တီချယ်က အက်ဖီ့ကိုတောင်ခွင့်မတောင်းပဲ မီးလင်းဖိုရှေ့ထိုင်ပြီး မီးလှုံနေပြီ။

အက်ဖီ ဘာဆက်လုပ်ရင် ကောင်းမလဲတွေးနေတုန်း အချမ်းအနည်းငယ်ပြေသွားတဲ့ တီချယ်ဟာ ထိုင်ခုံလေးမှ ထ,ရပ်ပြီး ၀တ်ထားတဲ့ အပေါ်က လောင်းကုတ်အသားရောင်လေးကို ချွတ်ချလိုက်တယ်။

အတွင်းမှာ ကတ္တီပါသားလို့ ကိုယ်နဲ့ ကွက်တိလို အ၀တ်စားဝတ်ထားတာဆိုတော့ တီချယ့်ခန္ဓာကိုယ် ကောက်ကြောင်းက ထင်းခနဲ ပေါ်လွင်သွားတယ်။

ဒါကိုပဲ ဘာဆက်လုပ်ရမှန်းမသိဖြစ်ရင်း ငေးကြည့်မိနေတဲ့အက်ဖီ သတိထားမိကာ မျက်လုံးပဲ လွှဲလိုက်ရမလား၊ ဆက်ပဲကြည့်နေရမလားတွေးမိရင်း အခုန မောင်းထုတ်ဖို့ အကြံကတော့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားရပြီ။

"ဘာကြည့်တာလဲ?"

ခန္ဓာကိုယ်ကိုကြည့်ရင်း မျက်နှာက လှမ်းကြည့်နေပြီဆိုတာ သတိမေ့သွားတဲ့တခဏ၊ တီချယ့်ဆီက အသံကြားတော့ မက်မက်မောမောငေးကြည့်နေတဲ့ အက်ဖီ့ကို တီချယ်က ကြောင်တစ်ကောင်က ကြွက်ကလေးကို ကစားတဲ့အခါ ကြည့်တဲ့အကြည့်မျိုးနဲ့ စိုက်ကြည့်နေပြီ။

ဟင်... အဲဒီတီချယ့်အကြည့်ကြီးက ဘာသဘောလဲ?

မသိရင်ပဲ အက်ဖီဟာ တီချယ့်ကို မက်မောလွန်းလို့ အကြည့်မလွှဲဖြစ်နေတာကို သိတဲ့အထာကြီး။

ဟုတ်လားလို့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း တီချယ့်ခန္ဓာကိုယ်ပေါ်က အကြည့်ကိုလွှဲချလိုက်မိတယ်။

ပြီးတော့ မီးလင်းဖိုဘေးနားမှာထောင်ထားတဲ့ မှန်ထဲ ကိုယ့်ကိုယ်ကို လှမ်းကြည့်မိရင်း ဟုတ်တယ်နော် တကယ်ပဲ တီချယ့်ဆီက အကြည့်မလွှဲနိုင်တာပါလားလို့ ပြန်တွေးမိရင်း ဒေါသထွက်မိတယ်။

အဲဒီဒေါသက ဘယ်သူ့ပေါ် ပုံချရမှန်းကို အက်ဖီ မသိနိုင်တော့။

"ဘာကြည့်တာလဲဆိုတာ တမျိုးမေးတာမဟုတ်ဘူးနော်။ တို့အ၀တ်တွေရွှဲနေတာကို မင်းက စိုးရိမ်ပြီး ကြည့်နေတယ် ထင်လို့ပါ... ဘာပဲဖြစ်ဖြစ် မင်းမှာတို့ကို စိုးရီမ်စိတ်လေး ရှိနေသေးတဲ့အတွက်..."

"အို...တော်ပါ...တော်ပါ... မစိုးရိမ်ပါဘူးနော်..."

"မစိုးရိမ်ဘူးဆို အခုန ဘာလို့ အဲဒီလောက်စိုက်ကြည့်နေတာလဲ? မင်းအကြည့်တွေက စိုးရိမ်မှုကြောင့်ဖြစ်တဲ့အကြည့်မဟုတ်ဘူးဆိုရင်တော့ တို့တစ်မျိုးအဓိပ္ပါယ်ကောက်မိလိမ့်မယ်..."

"တီချယ်..."

အခုနဒေါသကြောင့်ရော၊ အိုးမလုံအုံပွင့်ရင်းဖြစ်ပေါ်လာတဲ့ ရှက်စိတ်ကြောင့်ပါ အက်ဖီ့အော်သံက သာမာန်ထက် အနည်းငယ်ပိုကျယ်သွားတယ်။

ဒီတော့ ပြုံးစပ်စပ်ဖြစ်နေတဲ့ တီချယ့်မျက်နှာလေး သိသိသာသာ သိမ်ငယ်ရင်း မျက်လွှာချသွားတယ်။

"တို့က ရင်းနှီးမှု တိုးချင်လို့ စ,နောက်တဲ့သဘောပါ အက်ဖီ။ ဒါပေမဲ့ မင်းလည်း အခုအရွယ်ရောက်နေတဲ့လူ၊ နောက်ပြီး တို့ တပည့်မဟုတ်တော့ဘူးဆိုတာ တို့မေ့သွားတယ်... အင်းပေါ့လေ... မတွေ့တော့တာ ၄ နှစ်တောင်ရှိပြီဆိုတော့ မင်း တို့ကို အော်တတ်နေပြီပေါ့... မင်းအပြစ်မရှိပါဘူးလေ... နောက်ပြီး ဒီနေ့က စပြီးအော်ခံရတာဖြစ်ပေမယ့် တို့အကျင့်ဖြစ်အောင်တော့ ခံယူထားပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်နောင်လည်း မင်းက တို့ကို အခုလိုပဲ အော်ငေါက်ပြီး ဆက်ဆံချင် ဆက်ဆံနေဦးမှာဆိုတော့..."

မျက်လွှာလေးချရင်းပြောလိုက်တဲ့ တီချယ့်စကားတွေကြောင့် အက်ဖီ တကယ့်ကို ပြာယာခတ်သွားတယ်။

အရမ်းလည်း အားနာသွားတယ်။

တီချယ့်ကိုအော်ရက်လေခြင်းဆိုပြီး ကိုယ့်ပါးကိုယ် ရိုက်ချင်သွားမိတာ။

ဒါပေမဲ့ အမူအရာတွေ၊ ခံစားချက်တွေကို မနည်းထိန်းရင်း ဘာမှမဖြစ်သလို သွေးအေးအေးနဲ့ အားတင်းထားမိတယ်။

"ဒီစောင်... ခဏယူလို့ရမလား?"

ထိုင်ခုံပေါ်မှာ ဟေမာန်လေးကျန်ခဲ့တဲ့ စောင်လေးကိုလက်ညိုးထိုးရင်း တောင်းဆိုတော့ အက်ဖီ ခေါင်းညိတ်ပြမိတယ်။

တီချယ် ထိုစောင်လေးကိုယူပြီး သူ့ကိုယ်သူ လုံအောင်ပတ်ခြုံလိုက်ရင်း ထိုင်ခုံပေါ်ထိုင်ပြီး မီးဆက်လှုံတယ်။

အက်ဖီက တီချယ်တင်ထားတဲ့ တီချယ့်လောင်းကုတ်ကိုယူပြီး အ၀တ်ချိတ်တဲ့ဂျိတ်မှာ သွားချိတ်ပေးမိတယ်။

"မင်းအိပ်တော့မယ်ဆို အိပ်နော်... တို့မနက်ဆိုတာနဲ့ ထွက်သွားပေးပါ့မယ်...စိတ်ချနော်။ မင်းအခန်းက ဘာမှ ပျောက်မသွားစေရပါဘူး"

နံရံပေါ်က နာရီကိုကြည့်ရင်း တီချယ်က အက်ဖီ့ကို နှင်သလိုလေးပြောတယ်။

အက်ဖီ့စိတ်ထဲ အခုနအော်မိလို့ ၀မ်းနည်းစိတ်က ရှိနှင့်နေပြီ။
ပြန်တောင်းပန်ချင်ပေမယ့် သိပ်လည်းမရဲဝံ့ပြန်။

နောက်ပြီး တီချယ့်ကိုရေချိုးမလား... ထမင်းစားပြီးပြီလား... တစ်ခုခုစားဦးမလား... ဗိုက်ဆာနေလား... အချမ်းပြေပြီလား... စားပြီးပြီဆိုရင်လည်း အစာကြေရဲ့လား...ဆိုတာတွေ မေးချင်နေရဲ့သားနဲ့ အခုလို အနှင်ခံလိုက်ရတော့ လူက တစ်ဆို့ဆို့နဲ့။

အင်းပေါ့လေ... ကိုယ်က စိတ်ကောက်၊ စိတ်ဆိုးနေရမယ့်လူဆိုတော့လည်း သူတောင်နှင်နေပြီပဲ။

အေး ပြီးရောဟာဆိုတဲ့ပုံစံနဲ့ ခပ်တည်တည် အိပ်ခန်းထဲဝင်သွားဖို့ကလွဲပြီး ဘာများ ကျန်ဦးမှာလဲ။

နောက်ပြီး အခုနလို့ ထမင်းစားဖို့တို့ ရေချိုးဖို့တို့စကားတွေပြောမယ်ဆို ကိုယ်က ဧည့်ဝတ်ကျေပွန်သလိုဖြစ်သွားမှာ။

အခုက အက်ဖီက ဧည့်ဝတ်ကျေပွန်နေရမယ့်လူလည်း မဟုတ်ပြန်ဘူး။

မှားခဲ့တာ တီချယ်။

အက်ဖီက စိတ်ကောက်ရမှာ။

"Role မရောနဲ့အက်ဖီရေ... နင် တင်းထားစမ်းပါ"ဆိုတဲ့စိတ်နဲ့ ခေါင်းတစ်ချက်ဆတ်ပြရင်း အက်ဖီ အိပ်ခန်းထဲဝင်ခဲ့လိုက်ပေမယ့် တံခါးကို ပြန်ပိတ်ဖို့ကျပြန်တော့ နောက်ဆံတင်းနေပြန်ရော။

အနည်းဆုံးတော့ "တစ်ခုခုစားမလား"လို့သွားမေးလိုက်ချင်နေသေးတာ။

"တော်ကြာဗိုက်ဆာပြီး လေခံသွားရင် ဘယ်နှယ့်လုပ်မလဲ"ဆိုတဲ့အတွေးနဲ့ အိပ်ခန်းထဲက ပြန်ထွက်ဖို့ ခြေလှမ်းပြင်မိသေးတယ်။

ဒါပေမဲ့ "တို့စားပြီးပြီ၊ ကျေးဇူးနော်"လို့သာ တီချယ်တုန့်ပြန်လိုက်ရင် အက်ဖီ ဘာဆက်လုပ်မလဲ။

သွားမေးမိတာကပဲ အိုဗာဖြစ်နေဦးမလားပေါ့။

ဒီအတွေးနဲ့ အိပ်ခန်းထဲပြန်ဝင်မိတယ်။ ပြီးတော့ တံခါးကိုပိတ်ဖို့ ဟန်ပြင်မိတယ်။

ဒါပေမဲ့ တီချယ်တစ်နေ့လုံး တောင်ပေါ်တက်လာရတာဆိုတော့... ငြီးစီနေမှာပဲ။

ရေလေးတော့ ချိုးချင်ရှာမှာပဲဆိုတဲ့အတွေးနဲ့ အိပ်ခန်းထဲက ပြန်ထွက်ဖို့ ဟန်ပြင်မိပြန်ရော။

ဒါပေမဲ့ "အို...ရတယ်...မ ချိုးတော့ဘူး။ အေးလို့လေ"လို့ပြန်ဖြေလိုက်ရင် သေပြီ။

အရှက်က ထပ်ကွဲဦးမှာ။

"မဖြစ်ဘူး...သွားမေးလို့ မဖြစ်ဘူး"ဆိုတဲ့အတွေးနဲ့ အက်ဖီ အိပ်ခန်းထဲပြန်ဝင်မိပြန်တယ်။

"အက်ဖီ..."

မထင်မှတ်စွာ လှမ်းခေါ်တဲ့ တီချယ့်အသံကြောင့် အိပ်ခန်းပေါက်ဝကနေ ဧည့်ခန်းထဲ လှမ်းကြည့်မိသွားတယ်။

"ဘာလိုချင်လို့လဲဟင်... တို့ကြည့်နေတာကြာပြီ။ မင်းအိပ်ခန်းထဲဝင်လိုက်၊ ထွက်လိုက်နဲ့။ ဘာလိုချင်လို့လဲဟင်။ တို့ဘာယူပေးရမလဲ?"

အဲ... သေစမ်း။

တီချယ်ဟာ တစ်ချိန်လုံးစောင့်ကြည့်နေမယ်ဆိုတာ အက်ဖီမှ သတိမထားမိတာ။

ကိုယ့်စိတ်ထဲက အတွေးတွေကို တီချယ်များကြားသွားပြီလားဆိုတဲ့ အိုးမလုံအတွေးနဲ့ တီချယ်ကို ခိုးကြည့်မိရင်း တီချယ့်မျက်လုံးရွဲရွဲကြီးတွေနဲ့ တန်းတိုးလို့ အက်ဖီ့မှာ ချက်ချင်း အကြည့်လွှဲရသေးတယ်။

"ဘာမှမဖြစ်ဘူး... အိပ်တော့မယ်..."

ရှက်ကိုးရှက်ကမ်းဖြစ်သွားတဲ့အမူအရာကို မနည်းပြန်ထိန်းရင်း အက်ဖီ အိပ်ခန်းထဲဝင်ကာ အိပ်ခန်းတံခါးကို ၀ုန်းခနဲ စောင့်ပိတ်မိတာ သာမာန်ထက်ပိုပြီး အသံကျယ်သွားတယ်။

"ဟာ... ဒုက္ခပါပဲ... စောက်တံခါးက တမျိုး..."

အခုနလို အော်မိသလို၊ တံခါးကိုစောင့်ပိတ်လိုက်တယ်လို့ တီချယ်ထင်ပြီး ထပ်အားငယ်သွားမှာ အက်ဖီ အရမ်းကြောက်သွားတယ်။

"တီချယ့်ကိုရည်ရွယ်ပြီးတံခါးပိတ်မိတာ မဟုတ်ဘူးနော်"လို့ပြောဖို့ တံခါးဖွင့်ဖို့ လော့ခ်ဘုသီးကိုလှမ်းကိုင်လိုက်ပေမယ့် တကယ်လို့ တီချယ်က အက်ဖီတံခါးပိတ်လိုက်သံကိုတောင် သတိမထားမိဘူးဆိုရင် ကိုယ်ပဲ အိုဗာတင်းတွေဖျော်သလို ဖြစ်နေဦးမှာ။

အဲဒီအတွေးနဲ့ အက်ဖီ ကုတင်ဆီသွား၊ ကုတင်ပေါ်ထိုင်မိသွားတယ်။

ကုတင်ပေါ်ထိုင်မိပေမယ့် လှဲအိပ်လိုက်ဖို့ စိတ်က မဖြောင့်။

တီချယ် ဗိုက်ဆာနေလား၊ အရမ်းချမ်းနေမလားဆိုပြီး စိုးရီမ်စိတ်က တထင့်ထင့်နဲ့။

အရမ်းချမ်းနေလို့ ရေနွေးလေးနဲ့ ရေချိုးလိုက်ရင်လည်း ကောင်းသားလို့ တွေးမိသေးတယ်။

တီချယ့်တွက် စိုးရီမ်စိတ်ကြောင့် လူက ဘယ်လိုမှ မအိပ်နိုင်။
ဒါပေမဲ့ တီချယ်ဟာ အက်ဖီ့ကိုအပိုင်တွက်ထားတယ်ဆိုတာ အခုန အိမ်ထဲဝင်တုန်းက အပြုံးရယ်၊ တီချယ့်ကို လှမ်းကြည့်မိနေတုန်းက အက်ဖီ့ကို စိုက်ကြည့်တဲ့မျက်လုံးတွေရယ်က ဖော်ပြနေပြီးသား။

ဒီတော့ အက်ဖီ သိပ်ပြီးလည်း ဈေပေါနေလို့မဖြစ်။

"၄ နှစ်... ၄ နှစ်... ၄ နှစ်... သူထားခဲ့တာ ၄ နှစ်... အက်ဖီ တင်းထားစမ်း။ တင်းထား။ တင်းထားစမ်း။ အက်ဖီ နင်လုပ်နိုင်တယ်။ နင့်ကို သူ အပိုင်တွက်ထားတာ နင်လည်း အမြင်ပဲ။ အက်ဖီ နင်တင်းထားစမ်း..."

ပုတီးစိပ်သလိုကို ကိုယ့်ကိုယ်ကို သတိပေးရင်း အက်ဖီ အိပ်ရာပေါ် လှဲချလိုက်ပေမယ့် ဘယ်လိုမှ စိတ်က မအေးနိုင်။

နောက်ပြီး ရင်ဘတ်ထဲ ဘလောင်ဆူနေမိပြီ။

အခုန မြင်လိုက်ရတဲ့ တီချယ့် ခန္ဓာကိုယ်ကောက်ကြောင်းက အက်ဖီ့အာရုံထဲပေါ်လာတိုင်း အက်ဖီ ထူပူပြီး ခေါင်းမီးတောင် တောက်ချင်ချင်ရယ်။

မဖြစ်ဘူးဟာ၊ မလုပ်ရဘူးလို့ ထိန်းချုပ်ထားရင်း... ကိုယ့်ကိုယ်ကို သတိထားမိတော့ သိပ်မကျယ်လှတဲ့အိပ်ခန်းထဲ အက်ဖီဟာ ခေါက်တုံ့ခေါက်ပြန်လျှောက်မိနေပြီ။

နောက်ပြီး တီချယ့်ကိုပေးထားတဲ့ စောင်က တစ်ထည်တည်းရယ်။

အက်ဖီ့ဆီမှာရှိနေတာဟာ တစ်ထည်။

တစ်အိမ်လုံး စောင်က ၂ ထည်တည်းရှိတာ။

ဒါပေမဲ့ အဲဒီ ၂ထည်လုံး ထပ်ခြုံမှသာလျှင် ဒီတောင်ပေါ်မြို့ရဲ့ညအအေးဒဏ်ကို အံတုနိုင်တာ။

အခုတော့ အက်ဖီ့မှာလည်း ၁ ထည်တည်း။

တီချယ့်မှာလည်း ၁ ထည်တည်။

ဘယ်လိုလုပ်ပြီး အချမ်းပြေကြမှာလဲ?

ချမ်းစိမ့်မှုကိုတွေးမိနေတဲ့ အက်ဖီ့လက်ဖျားတွေမှာက ချွေးစီးတွေတောင်ထွက်လို့။

အော်... ဒါဆို ဒီလောက်အအေးဒဏ်က လူ့စိတ်ထဲက လောင်ကျွမ်းမှုကို မဖုံးအုပ်နိုင်ဘူးပေါ့။

မဆီမဆိုင် ခေါင်မိုးကိုမော့ကြည့်မိရင်း "ဒီတစ်မိုးအောက်ထဲမှာပဲ တီချယ်နဲ့အတူတူရှိနေတာလား"ဆိုတဲ့အတွေးက အက်ဖီ့ကျောပြင်ကိုပါ ချွေးတို့စို့စေတယ်။

အို မဖြစ်သေးပါဘူးဆိုတဲ့အတွေးနဲ့ နဖူးကို စမ်းကြည့်တော့ နားသယ်စပ်တွေမှာတောင် ချွေးတွေစို့နေတယ်။

ယောင်ယမ်းပြီး အချိန်ကိုကြည့်လိုက်မိတော့ ညဥ့်နက် ၂ နာရီထိုးနေပြီ။

အမယ်လေး အချိန်က ကုန်တာ မြန်လိုက်တာ။

ဒါဆိုသေချာပြီ။ ဒီညတော့ အက်ဖီ ဘယ်နည်းနဲ့မှ အိပ်ပျော်တော့မှာမဟုတ်ဘူး။

ဟာ... ဘာလဲကွာ... ဒီအမျိုးသမီး အက်ဖီ့ကို ဒုက္ခတွေတော်တော်ပေးနိုင်တာပဲ။

ဒုက္ခကို တော်ရုံပေးတာမဟုတ်ဘူး။ မော်တာတပ်ပြီးတော့ကို ဒုက္ခတွေထုတ်လုပ်ပြီး ပေးနေတာ။

"ဟူးးးး..."

မြည်သံဆွဲကာ အသက်ပြင်းမောကိုချလိုက်ရင်း ကုတင်ပေါ် ပလက်လှန်လှဲလိုက်ချိန် ရုတ်တရက် တီချယ့်မျက်နှာက အာရုံပေါ် ပေါ်လာတဲ့အချိန် အက်ဖီ ချက်ချင်းပဲ ၀ုန်းခနဲ လှဲနေရာက ထ,ထိုင်မိသွားတယ်။

ဒါဟာ တီချယ်သိပ်ကို အနိုင်ယူလွန်းရာ မကျနေဘူးလား။

ပြစ်ထားခံရတာ ၄ နှစ်ကြီးများတောင်။

အစားထိုးတာ မဟုတ်ရပါဘူးလို့ အကြိမ်ကြိမ်တောင်းပန်ခဲ့တာ၊ ရှင်းပြခဲ့တာ။

ဒါကိုတောင် လက်မခံ၊ နားမ၀င်ပဲ... အခုအရာရာတည်ငြိမ်လုဆဲဆဲဖြစ်နေမှ... အခုကြည့်ဦး... အက်ဖီ ညဥ့်နက် ၂ နာရီကျော်တာတောင် အိပ်စက်ခြင်းတွေ ကင်းဝေးနေရပြီ။

နာကျင်မှုကြောင့် မျက်ဝန်းအိမ်က စိုစွတ်ရပြန်တယ်။

ရှင်းပြတုန်းက လက်ခံခဲ့ရင် ဘာဖြစ်မှာမို့လို့လဲ?
ပြစ်ထားတုန်းက ပြစ်ထားပြီး... အခုမှ ဘာလို့ပေါ်လာတာလဲ။

ဘာလဲ တည်ငြိမ်နေတဲ့ဘ၀လေးကို ဗြောင်းဆန်အောင် လာလုပ်ပြန်တာလား။

အက်ဖီဟာ တီချယ်ဆော့ကစားခြင်းကိုသာခံရမယ့် သက်ရှိအရုပ်လား။

မခံမရပ်ဖြစ်မှု၊ မကျေနပ်မှု၊ ဒေါသတွေနဲ့ အက်ဖီ ဘာဘာညာညာ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ပဲ အိပ်ခန်းထဲက ၀ုန်းခနဲ တံခါးကိုဆွဲဖွင့်ရင်း ဧည့်ခန်းထဲ ၀င်သွားမိတယ်။

ရှူးရှူးရှဲရှဲနဲ့ ရောက်လာတဲ့ အက်ဖီ့ကိုမြင်တော့ မီးလင်းဖိုထဲမှ ကျလုဆဲဆဲ ထင်းလေးတွေကို မီးထိုးနေရင်းကနေ တီချယ်လှည့်ကြည့်ရင်း မတ်တပ်ရပ်လာတယ်။

"မအိပ်သေးဘူးလား အက်ဖီ... ညဥ့်နက်လှပြီ"

"ဖြေစမ်း... ခင်ဗျားဖြေစမ်းပါ။ ခင်ဗျား အက်ဖီ့ကို စောက်ရမ်းမုန်းတာမို့လား။ အက်ဖီ့ကို အရမ်းမုန်းတာမို့လား... အဲဒီမျက်လုံးကြီးတွေနဲ့ စိုက်မကြည့်ပဲနဲ့ မေးတာကိုသာ ဖြေစမ်းပါ... ခင်ဗျားကြောင့် အက်ဖီ အဲ့ဒီကျောင်းကိုဆက်မတက်ရဲတော့တာသိလား။ အဲဒီကျောင်းမှာလေ ဘယ်နေရာကိုပဲကြည့်ကြည့် ခင်ဗျားကိုမြင်နေမိတာ... လူကလေ စောက်ရူးလိုပဲ။ ဘာကိုပဲမြင်မြင် မျက်ရည်က အလိုလိုကျနေခဲ့ရတာ။ နောက်ဆုံး အဲဒီကျောင်းကနေ လူကြောက်တစ်ယောက်လိုပဲ ထွက်ပြေးလာခဲ့ရတာ။ တီချယ်...အလဲလဲအကွဲကွဲဆိုတာမှ တကယ့်ကို အလဲလဲအကွဲကွဲနော်။ တစ်ချိန်ခင်ဗျားနဲ့ ပြန်ဆုံတဲ့အခါ ငါ့ဘ၀က စုတ်ပြတ်သတ်နေလို့မဖြစ်သေးပါဘူးဆိုတဲ့စိတ်လေးနဲ့ ဒီတောင်ပေါ်မြို့ကိုရောက်လာရတာ... ဟား... ဘာလဲ... တစ်ချိန်လုံးကြီး ပြစ်ထားပြီးမှ... ခင်ဗျား လူကိုလာသတ်နေတာလား တီချယ်ရယ်... အက်ဖီ့မှာ ခင်ဗျားကိုဆပ်ရမယ့် ၀ဋ်ကျွေးတွေက မကုန်နိုင်သေးတာလားဟင်... လူကိုသေသွားမှ ကျေနပ်မှာလားဟင်? အခုဒီလိုဖြစ်နေအောင် အက်ဖီ မနည်းကြီးကို ကြိုးစားခဲ့ရတာ... မနည်းကြီးနော်... အဲဒါ ခင်ဗျားသိလား... တောက်... မတရားကြီး တီချယ်ရာ... မတရားကြီး..."

မကျေနပ်တာတွေကို တရပ်စပ် မရပ်မနားပြောရင်း အက်ဖီ မျက်ရည်တွေလည်းကျ၊ နှာရည်တွေလည်းထွက်၊ ဒေါသတွေလည်းထွက်၊ တောက်တွေလည်း တခေါက်ခေါက်နဲ့။

"အင်းပါ... အင်းပါ... အဲဒါဆို တို့တောင်းပန်ပါတယ် အက်ဖီရယ်။ တို့က မင်းဆီပြန်လာချင်တာလေး တစ်ခုတည်းကို သိပြီး လာခဲ့တာပါ။ မင်း တို့ကိုပြန်လက်ခံဖို့ ဒီလောက်တောင် ခက်ခဲနေလည်း တို့အခုပဲ ထွက်သွားပေးပါ့မယ်"

သူ့ခရီးဆောင်အိတ်လေးဆီ ခပ်သွက်သွက်လေးသွားရင်း အိတ်လေးကိုလှမ်းကိုင်လိုက်တဲ့တီချယ့်လုပ်ရပ်ဟာ အက်ဖီ နှလုံးသားတစ်ခုလုံးကို ချွေမွပစ်လိုက်တယ်။

အခုနထက် သိသိသာသာပိုဝမ်းနည်းလာပြီး ကြောက်လန့်စိတ်လည်းဖြစ်ပေါ်လာရတယ်။

နာကျင်မှုတွေက စိုးရိမ်စိတ်တွေအဖြစ် စက္ကန့်ပိုင်းအတွင်း ခပ်သွက်သွက်လေးပဲ ပြောင်းလဲသွားတယ်။

"အဲဒါပဲ... အဲဒါပဲ... ခင်ဗျား အက်ဖီ့ဘ၀ထဲက မထွက်သွားပါနဲ့ မထွက်သွားပါနဲ့လို့ တောင်းပန်တုန်းကတော့ ထွက်သွားပြီး အခုကျတော့... အခုလည်း ထပ်ပြီးထွက်သွားဦးမယ်ပေါ့ဟုတ်လား။ အခုန အက်ဖီ အိပ်ခန်းထဲမှာလေ ခင်ဗျားထမင်းမှ စားပြီးရဲ့လား၊ ခင်ဗျားရေချိုးချင်နေလား၊ ခင်ဗျားဗိုက်များဆာနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အရမ်းကို ပူလောင်နေခဲ့တာ။ ခင်ဗျားကတော့ ဒီကောင်မလေး ငါခေါင်းတစ်ချက်ခွေ့လိုက်တာနဲ့ အရည်ပျော်ပါတယ်လို့ တွက်ဆထားမှာပေါ့"

"ဟင့်အင်း အက်ဖီ... အဲ့လို မဟုတ်..."

"တော်စမ်းပါ... အခုန အိမ်ထဲဝင်လာတဲ့ ခင်ဗျားအပြုံးကို အက်ဖီမြင်တယ်။ ပြီးတော့ ခင်ဗျားကို ငေးကြည့်နေမိလို့ လှမ်းကြည့်တဲ့ ခင်ဗျားအကြည့်ကို အက်ဖိမြင်တယ် တီချယ်ရဲ့... အက်ဖီမြင်တယ်။ အက်ဖီ့ကို ဘ၀ပျက်သွားမတတ် ပြုစားခဲ့တဲ့ ခင်ဗျားကို... ခင်ဗျားမျက်နှာလေးမြင်ရတာနဲ့တင် အက်ဖီက အရည်တွေပျော်နေပြီဆိုတာ ခင်ဗျားသိနေရဲ့သားနဲ့...အခု ခင်ဗျားထပ်ထွက်သွားပြီး... ထပ်ထွက်သွားပြီး... အက်ဖီကို ထပ်နှိပ်စက်ဖို့လား။ ဟုတ်လား။ ထွက်သွားဦးမယ်ဆိုလည်း ဘာလို့ရောက်လာသေးတာလဲဟင်... ခင်ဗျားသိလား... ဒီတစ်ခါ အလဲလဲအကွဲကွဲဆိုတာထက် ပိုဆိုးသွားမှာနော်။ သေချာတယ်။ ဒီတစ်ခါ အသက်ပါပျောက်သွားမှာ။ ခင်ဗျား ထွက်ပြေးလို့ ပျင်းသွားတဲ့တစ်နေ့... ခင်ဗျား ပြန်လာကစားဖို့ အက်ဖီဆိုတာ လူ့လောကထဲမှာ ရှိတော့မှာ မဟုတ်..."

"ရှူး..."

တီချယ်ဟာ အက်ဖီ့စကားတွေ မရပ်ခင်မှာပဲ အက်ဖီ့အနားသို့ သွက်လက်တဲ့ခြေလှမ်းတွေနဲ့ရောက်ချလာပြီး အက်ဖီနှုတ်ခမ်းလေကို လက်ညိုးလေးတစ်ချောင်းနဲ့ လှမ်းပိတ်တယ်။

အက်ဖီဟာ တီချယ့်အထိတွေ့နဲ့ ကြုံတာနဲ့ သိတဲ့အတိုင်းပဲ။

မှော်ဝင်ခံလိုက်ရတဲ့လူလိုပဲ။

အသက်မဲ့သွားပြီး စကားလုံးတွေ အကုန်ပျောက်ရှကုန်တာ။

အခုန ငိုယိုအော်ဟစ်နေတာဟာ အက်ဖီမဟုတ်တော့သလိုပဲ။

လက်ညိုးထောင်ခေါင်းညိတ် ဘ၀ကို ချက်ချင်းကိုရောက်ရှိသွားပြီး မျက်လုံးအ၀ိုင်းသားနဲ့ တီချယ့်ကို ပျောက်သွားမှာ ရူးမတတ်စိုးရိမ်ရင်း ငေးကြည့်နေမိတယ်။

"တော်ပြီလေ... နော်... တို့ဒီမှာရှိနေပြီလေ အက်ဖီ။ တို့ မင်းဆီက ထွက်သွားမှာ မဟုတ်တော့ပါဘူး... နောက်ဆုံး မင်းနှင်ရင်တောင် ထွက်မသွားဘူး... နော်... ဘာဖြစ်လို့လဲသိလား... မင်းရင်ထဲမှာရှိတဲ့ တို့အတွက်နေရာက မင်းရင်ဘတ်တစ်ခုလုံးတင်သာမက မင်းတကိုယ်လုံးမှာပါ ပျံ့နှံ့နေပြီဆိုတာ တို့သိလိုက်ပြီလေ အက်ဖီရယ်... နော်... နော် ချယ့်အက်ဖီလေး..."

နှုတ်ခမ်းမှာတေ့ထားတဲ့ လက်ညိုလေးကို တီချယ် ခပ်ဖွဖွပြန်ဖယ်တယ်။

ပြီးတော့ အက်ဖီ့ချိုင်းတွေအောက်သို့ လက်ကိုလျှိုထည့်ရင်း တင်းကြပ်စွာဖက်လာတယ်။

ရှိုက်ငိုထားတဲ့ မျက်ရည်စီးကြောင်းတွေဟာ တီချယ့်ဆံသားတွေနဲ့ ထိပြီး စေးကပ်ကုန်တယ်။

အက်ဖီ ပထမတော့ တင်းထားဦးမလို့ပါပဲ။

ဒါပေမဲ့ မရတော့ဘူးဆိုတာ အက်ဖီခန္ဓာကိုယ်ကရော၊ အက်ဖီနှလုံးသားကပါ အချက်ပြနေပြီလေ။

ထိန်းမနိုင်သိမ်းမနိုင် ခုန်ပေါက်နေတဲ့ ရင်ခုန်သံတွေဟာ တီချယ့်ရင်ဘတ်ကိုတောင် ပင်လယ်လှိုင်းတွေလို ရိုက်ခတ်နေပြီလား ထင်ရတယ်။

နောက်ပြီး အက်ဖီ ခန္ဓာကိုယ်။

ပျော်ဝင်သွားမှုက သိပ်ကို မက်မောစရာကောင်းလှတယ်။

ထိတွေ့မှုဟာ မှော်ဝင်လွန်းတယ်။

မငြင်းပယ်နိုင်တော့စွာဖြင့် အက်ဖီဟာ တီချယ့်ကို တင်းကြပ်စွာ ပြန်လည်ဖက်ထားမိတယ်။

ဖက်ထားမှုက ဘယ်လောက်တင်းကြပ်နေလဲဆို နံရိုးတွေအချင်းချင်းတောင် ထပ်တူကျမတတ်ပါပဲ။

မိနစ်အတ်ာကြာတဲ့အထိ တင်းကြပ်စွာဖက်ထားပြီးမှ တီချယ်ဟာ ဖက်ထားတာကိုဖယ်တယ်။

ပြီးတော့ အက်ဖီ့ကို မက်မောစွာဖြင့် မော့ကြည့်တယ်။

အဲဒီအကြည့်မျက်ဝန်းတွေထဲမှာ အရာရာကို ပေးဆပ်တော့မယ်ဆိုတဲ့ စကားလုံးတွေ ပါဝင်နေတယ်။

အက်ဖီ့နှုတ်ခမ်းတွေဟာ မက်မောတောင့်တမှုကြောင့် တုန်ရီနေပြီ။

ဒါပေမဲ့ ဘယ်တုန်းကမှ မရဲဝံ့ခဲ့တဲ့ ထိုအမျိုးသမီးကို အနမ်းနဲ့ စပြီးထိတွေ့ဖို့ဆိုတာ သိပ်ကိုခဲယဉ်းခက်ခဲလှတဲ့ အလုပ်။

မနမ်းပဲ စိတ်ကိုထိန်းထားဖို့ကတော့ ပိုပြီးခဲယဉ်းခက်ခဲပြန်တယ်။

ဆတ်ဆတ်ခုန်နေတဲ့ နှုတ်ခမ်းတွေကို ငုံ့ကြည့်ရင်း အက်ဖီ အာရုံက ထိုနေရာမှာပဲ တည်ရှိနေတော့တယ်။

"ပြွတ်စ်စ်စ်..."

သိပ်ကိုတုန့်ဆိုင်း စိုးရိမ်နေတဲ့ အက်ဖီ့ကို တီချယ်ဟာ နှုတ်ခမ်းချင်းထိတွေ့မှု အနမ်းတစ်ပွင့်နဲ့ လမ်းဖွင့်ပေးလိုက်သလိုပါပဲ။

အက်ဖီ အနမ်းတွေနဲ့ ဝေးနေခဲ့တာ ကြာလှပေါ့။

တီချယ်မှမဟုတ်ရင် ဘယ်လိုမှ စိတ်မပါနိုင်တော့တဲ့ အက်ဖီ့အဖို့ ဒီအနမ်းဟာ အရာရာကို တောက်လောင်စေနိုင်တယ်။

မင်းဘာပဲလုပ်လုပ်ရပါတယ်ဆိုတဲ့ ခွင့်ပြုမိန့်ပါတဲ့ ထိုအနမ်းလေးဟာ အက်ဖီ့စိတ်တွေကို ဓါတ်ဆီလောင်းပေးလိုက်သလို တဟုန်ထိုး တောက်လောင်စေတယ်။

ဘယ်လိုအရာမျိုးနဲ့မှ တားဆီးမထားနိုင်တော့တဲ့၊ မျိုသိပ်မထားနိုင်တော့တဲ့ တောင့်တမှုတွေဟာ အနမ်းတွေအဖြစ် တီချယ့်နှုတ်ခမ်းတွေပေါ်သို့ ကျရောက်ကုန်တယ်။

နှုတ်ခမ်းချင်းအထိတွေ့၊ ရွှမ်းစိုဆွဲဆောင်လှတဲ့ ခံစားချက်တွေဟာ အက်ဖီ့ကို စိန်ခေါ်တယ်။

အက်ဖီဟာ တီချယ့်နှုတ်ခမ်းကို အငမ်းမရ၊ မက်မောစွာ စုပ်နမ်းနေရင်း စိတ်တွေဟာ ပိုပိုပြီး ရိုင်းလာတယ်။

အားနာမှုနဲ့ တီချယ့်ကို တစ်ချက်ငုံ့ကြည့်လိုက်စဉ် ပြုံးရင်း ခေါင်းကို ခပ်ဖွဖွလေးဆတ်ပြတဲ့ တီချယ့်အမူအရာဟာ အက်ဖီ့အားနာမှုတွေကို မီးလောင်တိုက်သွင်း သတ်ပြစ်လိုက်တယ်။

အက်ဖီချက်ချင်းပဲ တီချယ့်နှုတ်ခမ်းသားလေးကို တောင်လောင်နေတဲ့ဆန္ဒတွေနဲ့အတူ လောင်ကျွမ်းမိတယ်။

"အွန်း... အက်ဖီရယ်..."

အနမ်းရဲ့ပြင်းထန်လှတဲ့အထိတွေ့တွေဟာ တီချယ့်ကို အသက်ရှူမှားစေတယ်။

အက်ဖီ့အနမ်းတွေဟာ နှုတ်ခမ်းမှာပဲ ရပ်တံ့သွားတာမျိုးမဟုတ်ပဲ လည်တိုင်တွေ၊ ရင်ဘတ်တွေဆီ နယ်ချဲ့လာတဲ့အခါမှာတော့ တီချယ်ဟာ အသိစိတ်ပျောက်မတတ် အက်ဖီ့လှုတ်ရှားမှုထဲ လူးလှိမ့်ကာ အသက်ရှူသံခပ်ပြင်းပြင်းတွေနဲ့ ရင်ဘတ်ဟာ လှိုက်ဖိုငင်စွာ နိမ့်ချည်မြင့်ချည်ဖြစ်လာရပေပြီ။

"အား...အွန်း..."

အိမ်လေးရဲ့အပြင်မှာ အအေးဓါတ်က သိသိသာသာ ပတ်ဝန်းကျင်ကို နှိပ်စက်နိုင်ပေမယ့်လည်း အက်ဖီနဲ့ တီချယ့်ခန္ဓာကိုယ်တွေကိုတော့ မနှိပ်စက်နိုင်ရှာ။

တောက်လောင်တွေရဲ့စိတ်တွေကြောင် ခန္ဓာကိုယ်အပူရှိန်တွေဟာ မြင့်မားလျက်ရှိနေပြီ။

အက်ဖီ့အထိတွေ့တွေဟာလည်း ဆာလောင်မွတ်သိပ်မှု၊ မက်မောတောင့်တမှုတွေကြောင့် သိပ်ကို ထိရှပြိုကျစရာ။

ဒါ့ကြောင့် တီချယ်ဟာ ငြင်းချင်ပါတယ်ဆိုတဲ့စိတ်လေးတောင် မဖြစ်ပေါ်နိုင်တော့။

အနမ်းတွေရဲ့အကြား တဖြည်းဖြည်း အထိတွေ့တွေ ကပ်လာခဲ့ပြီ။

တီချယ့်ခန္ဓာကိုယ်အနှံ့ပွတ်သတ် တောင့်တနေတဲ့ အက်ဖီ့လက်ဖ၀ါးတွေဒဏ်ကို တီချယ် ကြာကြာ တောင့်မခံနိုင်တော့။

တီချယ့်ကို နမ်းရင်း နမ်းရင်းနဲ့ အက်ဖီဟာ အိပ်ခန်းထဲထိ ခေါ်ဆောင်လာနိုင်ခဲ့ပြီ။

ဒါပေမယ့် တီချယ့်ခန္ဓာကိုယ်ပေါ်က အ၀တ်စားများကတော့ ဧည့်ခန်းနဲ့ အိပ်ခန်းဆီလာရာလမ်းတစ်လျှောက်မှာ ကျကျန်ခဲ့ရပြီလေ။

အခုန စောင် ၂ ထည်နဲ့မှ နွေးမယ်ဆိုတဲ့ တောင်ပေါ်မြို့လေးရဲ့အအေးဒဏ်ကိုလည်း တီချယ်ရော အက်ဖီပါ ဘာအ၀တ်စားမှတောင် မပါပဲ အံတုနိုင်နေပြီ။

"အား... အက်ဖီ..."

"တီချယ်... အွန်း..."

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now