Episode 18 (Z+U)

4.2K 290 22
                                    

(Zawgyi code)

"မင်းအခုဘာလုပ်ဖို့လဲအက်ဖီ... မင်းဘာလုပ်ဖို့လဲဟင်? တို့ဒီအခန်းထဲကထွက်သွားတာနဲ့ မင်းလက်မှာတပ်ထားတဲ့ဆေးပိုက်တွေကို မင်းက ဆွဲဖြုတ်ပစ်ဖို့လား... ဟုတ်လား... တို့ ဒီအခန်းထဲက ထွက်လို့မရအောင် မင်းက တားမြစ်နေတာလား အက်ဖီ..."

"ချယ့်ကိုစတွေ့တည်းက ချစ်ခဲ့တာ... ချယ်ဘာပဲပြောပြော အက်ဖီနားထောင်ခဲ့တာ၊ ချယ်ဒါဆို အက်ဖီဒါပဲလုပ်ခဲ့တာ၊ ချယ်စိတ်ဆင်းရမှာကိုသေမလောက်ကြောက်ခဲ့ရတာ... ချယ်စိတ်ခုမှာကို ရူးမတတ်ကြောက်တာ... ချယ်အထင်လွဲမှာကို ငရဲကျမှာထက်ကြောက်ခဲ့ရတာ... အဲဒါတွေ ချယ် မမြင်ဘူးလားဟင်..."

"မင်းက အဲဒါ တို့အမမိုးအပေါ်မှာရှိတဲ့ မင်းရဲ့စိတ်ကို တို့ဖက်ကို အတင်းကြီး ယိမ်းပြစ်ခဲ့တာလေ..."

"ချယ်ရယ်... စော်ကားလိုက်တာ... စော်ကားတတ်လိုက်တာရှင်..."

အက်ဖီဟာ ရင်ဘတ်ထဲကိန်းအောင်းလာတဲ့ ခံစားချက်နဲ့အတူ အားကုန် ကုန်းအော်ရင်း ပြောလိုက်တော့ တီချယ့်လှုတ်ရှားမှုတွေ တံ့ကုန်တယ်လေ။

"စော်ကားတတ်လိုက်တာ... ချယ်... အက်ဖီက ချယ့်ကိုချစ်ခဲ့မိတာပါ... ချယ်က အစားထိုးခံဘဝမဟုတ်ရပါဘူး။ ချယ် မကျေနပ်သေးဘူးဆိုရင် အက်ဖီတို့ ဒီစကားတွေကိုထပ်ပြီး ဆွေးနွေးကြမယ်လေ... ဒီတစ်ခါတော့ ချယ့်စိတ်တိုင်းကျ ပြောပြီးတာနဲ့ ကျောခိုင်းသွားဖို့ မလုပ်ပါနဲ့နော်..."

"တို့က ကျောမခိုင်းဘူးဆို ဘာဆက်လုပ်ရမှာလဲ အက်ဖီရယ်... မင်းတို့ဖက်လည်း ငဲ့ကြည့်သင့်ပါတယ်"

"ငဲ့ကြည့်ပါတယ် ချယ်ရယ်... ငဲ့ကြည့်လို့ပေါ့... ချယ့်သိက္ခာကျမယ့်ကိစ္စ၊ ချယ်နာမည်ပျက်မယ့်ကိစ္စတွေကို အက်ဖီ ဝေးဝေးက ရှောင်ခဲ့တာလေ။ ချယ်ရယ်... မြင်အောင်ကြည့်ပေးပါလားဟင်?"

တီချယ်ဟာ လှလှပပလေး မဲ့ပြုံးနဲ့ ပုခုံးကို တွန့်လိုက်တာ။

"အက်ဖီ... မင်းအခု အရမ်းနာကျင်နေရတယ်မဟုတ်လား? မင်းကိုနာကျင်အောင်လုပ်တဲ့မိန်းမကို မင်းဘာအတွက် ဖက်တွယ်ချင်နေတာလဲဟင်?"

"ချစ်လို့လေ ချယ်... ချစ်မိနေလို့လေ... ချယ်ကို အက်ဖီဘာအတွက်ချစ်မိနေရတာလဲဟင်? အက်ဖီ့အချစ်တွေကို အထင်သေးစော်ကားခံရဖို့လား? ဒါမှမဟုတ် အက်ဖီ့ဂုဏ်သိက္ခာတွေကို ချိုးဖဲ့ဖျက်စီးခံဖို့လား? ဘာပဲဖြစ်ဖြစ် အက်ဖီ ချယ့်ကို ချစ်တယ်... အဲဒါ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး"

"ကောင်းပြီ။ မင်း တို့ကိုတကယ်ချစ်တယ်ဆို မင်း တို့စကားကို နားထောင်နိုင်ရမှာပေါ့..."

"ချည်ပြီ... ချယ်အခု အက်ဖီ့ကို အက်ဖီပြောထားတဲ့စကားတွေနဲ့ ပြန်ချည်တော့မလို့မဟုတ်လား..."

နာကျင်မှုက ရင်ဘတ်ထဲ မွန်းကြပ်လာပြီး အက်ဖီ့ပါးပြင်သို့ မျက်ရည်များအဖြစ် ခုန်ဆင်းကုန်တယ်။

အသည်းနင့်အောင်... ချစ်တယ်Where stories live. Discover now