(Zawgyi code)
အခန်းထဲတွင် အလင်းရောင်ဖျဖျသာရှိနေတယ်။
ကုတင်ပေါ်မှာ အက်ဖီလှဲလျှောင်းနေရာမှ တဖြည်းဖြည်းလှုတ်ရှားရင်း နိုးသွားရတယ်။
ထိုစဉ် မီးအလင်းရောင်ရှိနေတဲ့အခန်းအပြင်ဖက်မှ တစ်စုံတစ်ယောက်က တံခါးကို ခပ်ဟဟဖွင့်လိုက်လို့ အခန်းထဲ အလင်းရောင်တစ်ကြောင်းနဲ့အတူ လူတစ်ဦးအခန်းဝသို့ရောက်လာတယ်။
အက်ဖီ အားယူပြီး ထဖို့ပြင်တော့ ထိုသူက ခြေလှမ်းသွက်သွက်တွေနဲ့ အက်ဖီအနားသို့ ရောက်လာတယ်လေ။
"မထနဲ့ဦးလေ... မင်းအခုမှ သတိရတာကို..."
ကြင်နာမှုနဲ့ပြည့်နှက်နေတဲ့ ထိုအသံပိုင်ရှင်ဟာ တီချယ်မှန်း အက်ဖီ စကြားတည်းက သိသွားပြီးနောက် ရင်ခုန်သံတွေ သိသိသာသာမြန်လာရတယ်။
"ချယ်... ချယ်မို့လားဟင်?"
"အင်း... ဟုတ်ပါတယ်။ တီချယ်ပါ..."
"ချယ်... အက်ဖီအခု ချယ့်ဆီမှာပဲလား?"
"ဟုတ်တယ်လေ... မင်းတို့အိပ်ခန်းထဲမှာ..."
"ချယ်ရယ်..."
အက်ဖီ အားနာမှုကို ခဏဘေးဖယ်ထားပြီး တီချယ့်ကို ခါးမှ သိုင်းပြီး တင်းကြပ်စွာဖြင့် ဖက်လိုက်မိတယ်။
"ချယ့်ကို အသည်းနင့်အောင်ချစ်တယ်..."
ခေါင်းငုံ့ကာ အားနဲ့ဖက်ထားရင်း ခပ်တိုးတိုးလေးညည်းညူမိတော့ တီချယ်က ဖွဖွလေးပြုံးတယ်။
အက်ဖီ ဖက်ထားရင်းမှ ခေါင်းကိုမော်ကာ တီချယ့်မျက်နှာလေးကို ဖူးမျှော်ကြည့်မိတယ်။
တီချယ်ဟာ အေးချမ်းလှတဲ့မျက်ဝန်းတွေနဲ့ အက်ဖီ့မျက်ဝန်းထဲငုံ့ကြည့်နေတယ်လေ။
မျက်ဝန်းအကြည့်ချင်းဆုံသွားတဲ့တခဏ အက်ဖီ့ရင်ခုန်သံတွေ ပိုမိုမြန်ဆန်လာရသလို လက်ဖျားခြေဖျားတွေပါ အေးစက်လာရတယ်။
"ပြွတ်စ်စ်စ်..."
မထင်မှတ်ထားစွာဖြင့် တီချယ်ဟာ အက်ဖီလက်တွေကို အသာယာဖြေလျော့ရင်း ခါးလေးကို အနည်းငယ်ကိုင်းကာ အက်ဖီနဖူးလေးကို မြတ်နိုးစွာ ငုံ့နမ်းတယ်။
![](https://img.wattpad.com/cover/352978268-288-k646816.jpg)
YOU ARE READING
အသည်းနင့်အောင်... ချစ်တယ်
Romanceချစ်ခြင်းကို နူးညံ့မှုလို့ ခေါင်းစဉ်တပ်မယ်ဆိုရင် ကျမ ရယ်မောမိပါလိမ့်မယ်။