ဇာတ်ကောင်မိတ်ဆက် ( ဇာတ္ေကာင္မိတ္ဆက္) Uni+Zaw

9.9K 406 19
                                    

❗ Hay! You Have To Be My Husband ၏
ဇာတ်ကောင်မိတ်ဆက်

ကိုယ်နာမည် လင်းမြတ်နိုင်။

အသက်၄၁နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပေါ့။ ဘဝကို တစ်ယောက်ထဲ
အေးအေးဆေးဆေးဖြတ်သန်းနေတယ်။ နာကျင်စရာအတိတ်တစ်ချို့ရှိခဲ့တော့ အချစ်ဆိုတာကို တကူးတကရှောင်နေတာမဟုတ်ဘဲ ဘယ်သူ့ကိုမှ ချစ်လို့မရတော့တာမျိုး။

ကိုယ်က မိဘတွေဘယ်သူမှန်းမသိခဲ့ရပဲ စွန့်ပစ်ခံရတဲအတိတ်ဆိုးတစ်ခုကိုလဲပိုင်ဆိုင်ထားသေးတယ်။ မိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့ရတဲ့
ကိုယ့်အတွက်တော့ တစ်ဦးတည်းသောတွယ်တာရာက ရှိန်းခေါင်ယံဆိုတဲကောင်လေးပဲ။ ကိုယ်နဲ့သူက အတူကြီးပြင်းခဲ့ရတဲ့ မိဘမဲ့ကံတူအကျိုးပေးတွေ။

အရွယ်ရောက်လာတော့ ကိုယ်က အမှောင်လောကစီးပွားရေးအရှင်သခင်တစ်ယောက်ရဲ့လူယုံဖြစ်လာတယ်။ ကိုယ့်ရည်မှန်းချက်က ရိုးရှင်းလွန်းပါတယ်။ ပိုက်ဆံတွေအများကြီးရှာမယ်။ ရှိန်းကို ပြည့်စုံတဲ့ဘဝတစ်ခုမှာထားမယ်။ အဖြူရောင်ဆိုတဲ့စိတ်ခံစားချက်တွေက အရောင်ပြောင်းလာပြီး ရှိန်းအပေါ်မေတ္တာသက်ဝင်မိပေမဲ့ ကိုယ်ဖွင့်မပြော
ရဲခဲ့ဘူး။ အထူးသဖြင့် ကိုယ့်အပေါ်ကိုတိမ်းညွှတ်နေတဲ့ရှိန်းရဲ့စိတ်တွေကို ပိုပြီးအရောင်ရင့်လာအောင် ရှေ့ဆက်မတိုးရဲခဲ့ဘူး။

ဘာလို့လဲဆိုတဲ့ အမေးစကားသာရှိလာရင် ကိုယ်ပြန်ဖြေချင်မိပါတယ်။ ကိုယ့်လိုနိမ့်ကျတဲ့ကောင်ရဲ့နားမှာနေပြီး ရှိန်းဘဝကို မနစ်မွန်းစေချင်လို့ပဲ။
ဒါကြောင့်ပဲ ကိုယ်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်ဘာသာမျိုသိပ်ထားမိတယ်။ရှိန်းရဲ့ ခံစားချက်တွေကိုလဲ ဥပေက္ခာပြုထားမိတယ်။ အဲဒါတွေရဲ့အကျိုးဆက်အနေနဲ့ ရှိန်းက ကိုယ့်ကို
စိတ်နာသွားပြီး အရွဲ့တိုက်ဖို့ကြိုးစားတော့တယ်။

ကံဆိုးလေသလား ကံကောင်းလေသလားမသိနိုင်ပေမဲ့ကိုယ့်ရဲ့ဆရာနဲ့ရှိန်းတို့ ချစ်သူဖြစ်သွားတယ်။ သေလောက်အောင်နာကျင်ခဲ့ရပေမဲ့ ရှိန်းအတွက် ကိုယ်ပြုံးထားခဲ့ပါတယ်။ ရှိန်းရဲ့ဘဝကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲလူရဲ့လက်ထဲမှာ စိတ်ချလက်ချထားခဲ့တော့မယ်လို့ ကြိုးစားပြီးစိတ်ဖြတ်နေမိတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲလောကဓံတရားက ရှိန်းကိုလူ့လောကနေ အပြီးတိုင်ခေါ်ထုတ်သွား ခဲ့တယ်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now