Part - 2 ( Uni )

6K 358 13
                                    


အပိုင်း - ၂

" အလင်း အဲမှာဘာရပ်လုပ်နေတာလဲ။ အခန်းထဲဝင်လာခဲ့လေ "

*
*
*
*
*
*
*
*

ကိုယ်သဘောမကျသောနာမ်စားကို တွင်တွင်ခေါ်နေသည့်ကောင်လေးအား မျက်မှောင်ကျုံ့ပြီး ကြည့်မိသည်။ဒါကိုသတိထားမိသူက ချက်ချင်းရီပြလာရင်း ကိုယ့်အနားကို ဖျိုးဖျိုးဖျက်ဖျက်နှင့်လျှောက်လာတော့၏။ အနားရောက်တာနှင့်
ကိုယ့်လက်ကိုဆွဲခေါ်လာပြီး ကုတင်ပေါ်ထိုင်စေသည်။Laptop Screen ပေါ်တွင် ဆရာနှင့်အစ်ကိုလေးသက်ထက်ပန်ကို တွေ့လိုက်ရတာကြောင့် နှုတ်ဆက်လိုက်ရပြန်၏။

" ဆရာနဲ့အစ်ကိုလေး အဆင်ပြေရဲ့လား "

" ပြေတယ် ကိုလင်းမြတ် "

" ငါ့အမျိုးသားအနားရှိရင် အဆင်ကပြေနေပြီးသားပဲ "

ဆရာ့ရဲ့ခပ်ရွှင်ရွှင်စကားအဆုံး ကိုယ့်အနောက်မှာထိုင်နေသည့်လုံးလုံးက ကုတင်ကိုလက်သီးဖြင့်ခပ်ဖွဖွထိုးပြလာကာ

" ဂါး! ဒါကဘယ်လိုတောင် ပလီပလာတွေများနေရတာလဲ။ သားလေးကိုမသနားဘူးလား Dad "

" သနားရအောင် မင်းကိုငါ အိမ်ပေါ်ကများနှင်ချမိလို့လား။အဖေတွေအီတလီလာမယ်ဆိုကာမှ မင်းကချက်ချင်းမြန်မာပြည်ပြန်လာမယ်ဖြစ်တာလေ ။ မင်းအကြောင်း ငါသိများသိနေသလားလို့ "

" Stop!Stop! တော်လိုက်တော့Dad။ အခု Dadကဖေနဲ့ အီတလီမှာချစ်ကြည်နူးနေရမဲ့အချိန်လေ။ သားလေးလဲအနားယူတော့မယ် ဟုတ်ပြီလား "

" ဟုတ်ပါပြီ ကိုလင်းမြတ်ရေ လုံးလုံးလေးကိုဂရုစိုက်ပေးပါနော်။ ပြောရဆိုရခက်နေရင်လဲ အချိန်မရွေးလှမ်းတိုင်လို့ရပါတယ်။ အီတလီကိုချက်ချင်းပြန်ခေါ်ပါ့မယ်"

အစ်ကိုလေးသက်ထက်ပန်၏စကားအဆုံးတွင် အနောက်ဘက်မှသည် ကိုယ့်ခါးကိုတင်းကျပ်စွာဖက်လာသည့်လက်တစ်စုံနှင့် ကိုယ့်ပခုံးပေါ်ကိုမှေးတင်လာသည့် မျက်နှာတစ်ခု။
ရုတ်တရက်မို့လှည့်ကြည့်လိုက်မိသည့်အခါ ထိုသူ၏ပါးပြင်နှင့်ကိုယ်နှာဖျားက ခပ်ဖွဖွထိမိသွားရတော့၏။ သူ့မိဘတွေအရှေ့မှာမို့ အားနာစိတ်ကြီးသွားရတော့သည်။ ဖက်တွယ်ထားသည့်လက်တစ်စုံထဲမှ မသိမသာရုန်းထွက်မိသော်လည်း ပိုမိုတင်းကျပ်သွားသည့်အခြေအနေကိုသာကြုံရပြန်သည်။ အတင်းအကျပ်ရုန်းရင်လည်း သရုပ်ပျက်တော့မည်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now