Part - 19 ( Uni )

2.8K 198 22
                                    

အပိုင်း - ၁၉


" စောင့်နေမဲ့သူမရှိတဲ့ဘူတာရုံလေးဆီ နောက်တစ်ခေါက်ပြန်လာချင်မိပါရဲ့။ ဒီတစ်ခါ ကိုုယ့်ရဲ့ဘူတာရုံလေးနဲ့ပြန်တွေ့ရမယ်ဆိုရင် ဘယ်လိုုနှင်ထုတ်မှုမျိုးကိုမှလက်မခံဘဲ ငါ့ဘက်ကစပြီးတွယ်ကပ်နေတော့မှာပါ။ အဲလိုပြန်တွေ့ရဖို့ အချိန်တွေအများကြီးစောင့်ရမယ် ဆိုရင်တောင် ငါ့ရဲ့ခိုနားရာကမင်းဖြစ်နေလို့အဆင်ပြေပါတယ်။ တစ်နေ့တော့ ကျိန်းသေဆက်ဆက်ပြန်တွေ့ဆုံရအောင်အလင်း"


*
*
*
*
*
*
*
*

အလုပ်ပြန်နောက်ကျသည့် လင်းမြတ်တစ်ယောက် ရေအမြန်ချိုးပြီးတာနှင့် ညစာကိုလည်းမြန်မြန်စားပြီး လက်စသတ်လိုက်သည်။ ထမင်းစားပွဲမှမထခင်မှာပင် အိမ်အကူဒေါ်အေးလှသည် ကိုယ့်ကိုတစ်ခုခုပြောစရာရှိနေသလိုမျိုး မကြာခဏလှမ်းကြည့်နေလေသည်။

" ဒေါ်အေးလှ ကျွန်တော့်ကိုဘာပြောချင်တာရှိလို့လဲ "

တစ်ဖက်က စကားစဖို့ခက်နေဟန်ရှိတာကြောင့်
ကိုယ်ကပဲစကားလမ်းကြောင်းပေးလိုက်သည်။

" ဟို ဟိုလေဆရာ "

ဘာများဆက်ပြောမလဲဆိုပြီး ခဏစောင့်နေပေမည့် စကားသံကထွက်မလာချေ။

" ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။ဘာလဲ ခွင့်တွေဘာတွေယူဖို့ပြောချင်တာလား။ ခွင့်အတွက်ဆိုရင်တော့ လောလောဆယ်ဒီလပိုင်းထဲ အဆင်မပြေလောက်သေးဘူး။ အိမ်မှာဧည့်သည်ရှိနေတော့ သူ့အတွက်စားရေးသောက်ရေးစီစဉ်ပေးဖို့လူလိုတယ် "

" မ မဟုတ်ပါဘူးဆရာ။ အခုပြောချင်တာလဲ ဧည်သည်ကလေးအကြောင်းပါပဲ "

သက်လုံးပုံရဲ့အကြောင်းလို့ဆိုလာပြန်တော့ ဒီကလေးဘာမွှေထားပြန်ပြီလဲဆိုပြီးတွေးမိသွားပြန်သည်။

" သက်လုံးပုံ ဘာတွေမွှေထားလို့်လဲ ။ သူက နည်းနည်းဆိုးချင်လို့ အလိုလိုက်ပြီးသည်းခံပေးကြပါအုံး "

" သူဆိုးလို့မွှေလို့မဟုတ်ပါဘူးဆရာ။ ကလေးက ဒီနေ့တစ်နေကုန် ဘာမှခေါ်ကျွေးလို့မရဘဲ အခန်းအောင်းနေတယ်။ မနက်စာထမင်းစားဖို့သွားခေါ်တုန်းကလဲ မစားသေးဘူးဘဲပြောတယ်။ ညစာအတွက် သွားခေါ်တော့လဲ သူဗိုက်ဆာတော့မှလာစာပါ့မယ် တဲ့။ ဘယ်သူမှလာမခေါ်ပါတော့နဲ့တဲ့ "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now