Part - 16 ( Uni )

2.2K 148 4
                                    


အပိုင်း -၁၆

" ငါ ငါပြည်ပကို ခရီးထွက်ရမယ်ရှိန်း။ ဘယ်လောက်ကြာမလဲ မပြောတတ်သေးဘူး"

အခုမှကိုယ့်မျက်စိရှေ့ကိုပြန်ရောက်လာသူထံမှ ကြားလိုက်ရသည့်စကားကြောင့် ဒီတစ်ခါငြိမ်သက်သွားရသူက ရှိန်းကိုယ်တိုင်ပင်ဖြစ်နေလေတော့သည်။ မဟုတ်သေးပါဘူး အလင်းတစ်ယောက် ကိုယ့်ဆီကနေထွက်ပြေးဖို့ကြိုးစားနေတာ သိပ်ကိုတရားလွန်နေပြီမဟုတ်လား။



*
*
*
*
*
*
*
*

" ငါ့ကိုပြော မင်းပြည်ပကိုထွက်မယ်ဆိုတဲ့အကြောင်းပြချက်ရဲ့နောက်ကွယ်မှာရှိနေတဲ့အမှန်တရားက ဘာလဲဆိုတာကိုပေါ့ "

" ဟား! ဟား! ဟား! ဟား! ဟား! ရှိန်းရယ် မင်းဘာတွေအတွေးများနေတာလဲကွာ ။ ငါ့အလုပ်ကိစ္စနဲ့ငါသွားရမှာပါ။မင်းစိတ်ထဲ ဘာတွေအတွေးနေတာလဲဆိုတာ ငါတကယ်မသိတော့ဘူး"

ကိုယ်မေးလိုက်သည်စကားကို တဟားဟားရီမောရင်း ပြန်ဖြေလာသည့်အဖြေစကား။ နှစ်ပေါင်းများစွာကြာအောင် နှစ်ကိုယ့်တစ်စိတ်လိုရှင်သန်နေထိုင်လာသည့်လူတွေမို့ ပေါ့ပါးချင်ယောင်ဆောင်ထားသော ထိုရီမောသံများတွင် နာကျင်ခံခက်ခြင်းတို့ သယ်ပိုးထားမှန်းသိသာလှ၏။

" မင်းကိုယ်မင်း သိပ်လည်တယ်ထင်နေတာလား အလင်း။လည်တော့လည်ပေမဲ့ တစ်ပတ်မပြည့်တဲ့ဘီးကမင်းပဲ။ လုပ်ဇာတ်တွေဖန်တီးချင်ရင်လဲ တစ်ဖက် လူူကဘယ်သူလဲဆိုတာကိုသတိထားရမယ်လေ။ ငါက သိပ်နုံလွန်းပေမဲ့ မင်းနဲ့အချိန်အကြာကြီးရှိခဲ့တဲ့သူဆိုတာမမေ့နဲ့ "

" ဒီတစ်ခေါက်ခရီးသွားတာ သိပ်ကြာသွားလို့ မင်းငါ့အပေါ်အတွေးလွန်နေတာကို သိပါတယ်ရှိန်းရာ။ ဒါပေမဲ့ အခုငါခရီးထွက်မယ်ဆိုတာက ခဏပါပဲ။ ပြန်လာမှာပါ မင်းကိုတစ်ယောက်ထဲထားခဲ့စရာလား "

ရှိန်းသည် ပင်ပန်းလွန်းလှသည့်စိတ်ခံစားချက်များဖြင့် နံရံကိုမှီကာထိုင်ချလိုက်၏။ ခဏတာအချိန်အတွင်း စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးမှ အလင်းနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

" ရှေ့ရက်တွေက မင်းခရီးသွားတယ်ဆိုတာ ပဲခူးကိုသွားခဲ့တာ။ ဘာလို့သွားခဲ့တာလဲဆိုတော့ သွေးကြွေးဆပ်ဖို့သွားခဲ့တာ။ ငါပြောနေတဲ့စကားတွေက အမှန်တွေမဟုတ်ပါဘူးလို့မင်း မှန်မှန်လိမ်စမ်း လင်းမြတ်နိုင်"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now