Part- 1 ( Uni )

9.4K 428 25
                                    

အပိုင်း - ၁


ညနေ ငါးနာရီခွဲ။ ဆောင်းဝင်စအချိန်ဖြစ်တာကြောင့်
အပြင်မှာမှောင်စပျိုးနေပြီ။ ကားကိုခပ်ဖြေးဖြေးမောင်းထွက်လာရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းဖို့အတွက်သီချင်းဖွင့်လိုက်မိ၏။

🎶 ရင်မှာနင်ပဲ ရှိခဲ့လဲကွာ အခြေအနေကမပေး မင်းရဲ့အဝေးမှာ လွမ်းတယ် အချစ်လေးရေ ရူးမတတ်ချစ်နေမိ မဆုံနိုင်တော့မှန်းသိရက်နဲ့ အကြိမ်ကြိမ်မျှော်လင့် တမ်းတခဲ့တယ်အမြဲလေ အချစ်လေးရေ မင်းလေးမသိနိုင်ခဲ့ 🎶

🎶 ငါ့လောက်ချစ်တာ ငါပဲရှိတယ် ငါသိပ်ချစ်ခဲ့တာငါပဲသိတယ် ဒီဘဝမှာပြန်ပြင်မရတဲ့စည်းလေးတစ်ခုက ခြားနေတုန်း 🎶

🎶 နောက်ဘဝမှာများ ဆုံခဲ့ကြရင် ဒီဘဝလိုမဖြစ်ပါရစေနဲ့ကွယ် နောက်ဘဝမှာများ ပြန်ဆုံနိုင်ရင် ချစ်ခွင့်လေးရှိပါ့မလားအတွေးနဲ့ ရူးနေမိ 🎶

🎶  နောက်ဘဝမှာများ ဆုံခဲ့ကြရင် ဒီဘဝလိုမဖြစ်ပါရစေနဲ့ကွယ် နောက်ဘဝမှာများ ပြန်ဆုံနိုင်ရင် ချစ်ခွင့်လေးရှိပါ့မလားအတွေးနဲ့ မသေချာတဲ့နောက်ဘဝတွေကို မျှော်နေမယ် 🎶

ခလုတ်ကိုပိတ်ချလိုက်မိတော့ သီချင်းသံကပျောက်ကွယ်သွားလေသည်။ နာကျင်မှုနှင့်အတူ ပင့်သက်ရှိုက်မိ၏။ အချိန်အားဖြင့် အနှစ်၂၀လောက်တောင်ကြာမြင့်ခဲ့လေပြီ။ တစ်ချိန်က အသက်၂၀ကျော်အရွယ် လင်းမြတ်ဘဝမှသည် အခုဆိုရင် အသက်၄၁နှစ်အရွယ် ကုမ္ပဏီCEOဦးလင်းမြတ်နိုင်ဆိုသည့် နေရာတစ်ခုကိုပင်ရောက်ရှိခဲ့လေပြီ။ အသက်ကြီးလာသည့်တိုင် နှလုံးသားထဲကဒဏ်ရာတွေကို ပျောက်မသွားသေး။ တစ်ချိန် တုန်းကတွေးခဲ့မိသည်။ တစ်ချိန်ချိန်တော့ ကိုယ့်ရင်ထဲကနာကျင်မှုတွေကို အချိန်ကကုစားပေးသွားမှာပါဆိုပြီးပေါ့။ နှစ်ပေါင်း ၂၀လောက်ကြာသည့်အချိန်မှာတော့ ထိုအတွေးမှားနေကြောင်းသိခဲ့ရလေပြီ။

မမေ့နိုင်ခဲ့ဘူး။ တစ်ချိန်ကလူတစ်ယောက်ကို။
ထိုသူက ကိုယ့်ဘဝရဲ့အချစ်ဦး။ ကိုယ်ကတစ်သက်လုံး
စောင့်ရှောက်ပေးချင်မိတဲ့သူ။ နောက်ပြီး ကိုယ်မကာကွယ်နိုင်လိုက်သည့် ကိုယ့်ဘဝရဲ့ကိုးကွယ်ရာ ။ပါးပြင်ပေါ်သို့ မျက်ရည်စတချို့စီးကျလာခဲ့တော့၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now