Part - 20 ( Uni )

2.9K 186 9
                                    

အပိုင်း - ၂၀



" အ .... အလင်း "

မယုံကြည်နိုင်ခြင်းများစွာဖြင့် ရှိုက်ငိုကာပင်နေသော ထိုကလေးကိုပြန်လှည့်ကြည့်လိုက်ရင်း

" မငိုနဲ့လေ ကိုယ်တို့အခန်းတံခါး Lock ချထားဖို့လိုတယ်မဟုတ်လား "

ဒီညတော့ နေမကောင်းသောထိုကလေး၏ ခန္ဓာကိုယ်အပြင်ပိုင်းထက် အတွင်းပိုင်းဆီမှ ပို၍ပူလောင်နေကြောင်းသိရှိလိုက်ရတော့၏ ။



*
*
*
*
*
*
*
*

နံနက်ခင်း၏နေရောင်ခြည်သည် အခန်းတွင်းဝင်ရောက်လာနိုင်ခြင်းမရှိသည့်တိုင် ထိုနေရောင်ခြည် ၏အနွေးဓာတ်ကိုတော့ခံစားခွင့်ရလေသည်။ ခြောက်ကပ်ပြီးနာကျင်နေသောလည်ချောင်းထဲမှခံစားချက်သည် အတော်ပင်ဆိုးဝါးနေ၏။
တစ်စုံတစ်ယောက်က ကိုယ့်ကို ထွေးပွေ့ပေးထားသည်ဆိုသည့်အသိကြောင့် ညကအဖြစ် အပျက်ကိုပြန်လည်သတိရမိသွား၏။

အား!!! ညက မထင်မှတ်ထားပဲရခဲ့သည့် နှစ်ယောက်အတူအိပ်ရာထဲမှာ လူးလှိမ့်ရသည့်အခြေအနေသည် နည်းနည်းတော့ရှက်စရာကောင်းခဲ့တယ်ဆိုပေမည့် ပြန်ရလာသည့်ခံစားမှုက အတော်ကြီးပြီးပြည့်စုံနေတာကိုတော့ လက်ခံလိုက်ရသည်။ အမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းဆန်စွာပြုမူနေထိုင်တတ်သည့် ကိုယ့်လူကြီးရဲ့ အိပ်ရာပေါ်မှစွမ်းဆောင်ရည်သည် ကိုယ့်ကိုသတိလစ်စေမတတ်ပင် ကောင်မွန်းနေလွန်းခဲ့၏။ အရဲစွန့်ရကြိုးနပ်သွားတယ်ပဲ ပြောရမလား။

သျှန်းအံ့တစ်ယောက် တွေးချင်ရာတွေးပြီး ကိုယ့်ကို မျက်နှာချင်းဆိုင်အနေအထားဖြင့်ပွေ့ဖက်ထားသူအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။ အလင်းက ချောမောလွန်းလှသည်။မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်း စသည့်အစိတ်အပိုင်းတစ်ခုချင်းစီက အရမ်းကြီးလှနေတာမျိုးမဟုတ်ပါဘဲနှင့် ယောကျ်ားပီသစွာချောလွန်းသူဖြစ်သည်။ အသက် ၄၁နှစ်အရွယ်ယောကျ်ားတစ်ယောက်ရဲ့ ခန့်ညားမှုတွေကိုပါထပ်ပြီးပေါင်းထည့်လိုက်သည့်အခါ အလင်းသည် ကိုယ့်အတွက်တော့ နှစ်ယောက်မရှိနိုင်တော့သည့် အပြည့်စုံဆုံးလူသားဖြစ်သွားရတော့၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now