Part - 8 ( Uni )

3.1K 175 4
                                    

အပိုင်း - ၈

" ဂေဟာမှာနေရတဲ့ငါတို့က ပြည့်စုံကြွယ်ဝတဲ့သူတွေကို
ဘာများပြန်ပြီးလက်တုန့်ပြန်နိုင်မှာတဲ့လဲ"

" ငါပြည့်စုံကြွယ်ဝတဲ့အခြေအနေကိုရောက်အောင် ကြိုးစားနိုင်ခဲ့မယ်ဆိုရင်ရော "

" ဘုရားတောင် အမှီရှိမှပွင့်နိုင်တာလေအလင်းရယ်။ ငါတို့ကခြေဗလာ လက်ဗလာပါ "

" အမှီရှိမှရမယ်ဆိုလဲ အဲဒီအမှီကိုငါရအောင်ရှာမှာမို့ မင်းကသည်းခံပြီးစောင့်ပေး။ ငါမင်းအတွက် ကျိန်းသေပေါက် လက်တုန့်ပြန်ပေးမယ် "

*
*
*
*
*
*
*
*

" ကြီးငယ် အလုပ်နားမှာတကယ်လားဟင် "

" ကြီးငယ် အသက်ကြီးနေပြီလေ ကလေးရယ်။ ဂေဟာမှာနေလဲ စားဖိုဆောင်တာဝန်ကိုမယူနိုင်တော့ဘူး။ နောက်ပြီးသေဖို့နီးလာပြီဆိုတော့ ကိုယ့်နောက်ပါမှာလေးတွေ အတွက် အချိန်ပေးရတော့မယ် "

ဂေဟာမှာ နှစ်ပေါင်းများစွာအတူနေခဲ့သည့်ကြီးငယ်သည် အသက်အရွယ်ကြီးလာတာကြောင့် သူ့အိမ်မှာပြန်ပြီးနေဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လင်းမြတ်ကိုယ်တိုင်က ကြီးငယ်ကိုမခွဲနိုင်။ ရှိန်းကလည်း ငို၍သာနေလေသည်။ ဒီလပိုင်းတွေထဲ ရှိန်း၏ကျန်းမာရေးက ထင်သလောက်မကောင်းချေ။ မကြာခဏဆိုသလို ထိတ်လန့်ပြီးနေမကောင်းဖြစ်နေတတ်သည်။ မင်းသူ၏စနောက်မှုအပြီး ရှိန်းကပုံမှန်စိတ်အခြေအနေကိုပြန်မရောက်သေးချေ။

" ကြီးငယ်မရှိရင် ရှိန်းက ပိုအားငယ်နေတော့မှာ။ သူ့ကျန်းမာရေးကို ကြီးငယ်လဲသိနေတာပဲလေ "

" ကြီးငယ်လဲ ဘယ်ထားခဲ့ချင်ပါ့မလဲသားရယ် "

စကားတိုးတိုးဆိုလာသည့်ကြီးငယ်၏မျက်နှာသည် ချက်ချင်းပင်စိတ်မကောင်းသလိုမျက်နှာမျိုးဖြစ်သွားရလေသည်။ ရှိန်းကိုကြီးငယ်က အရမ်းဂရုစိုက်ပေးခဲ့တယ်မဟုတ်လား။

" ကြီးငယ် သားတို့ကြီးငယ်နဲ့လိုက်နေချင်တယ် ။ သားတို့ကိုခေါ်သွားပါလားဟင် "

" သားရယ် မဖြစ်နိုင်တာ ။ ဒီမှာနေတာက သားတို့အတွက်ပြည့်စုံတယ်လေကွယ် "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now