Part - 26 ( Uni )

3.2K 168 21
                                    

အပိုင်း - ၂၆

စကားသံတို့ပြတ်တောက်သွားရပြီး အနမ်းဝတ်မှုံတို့ပြန့်ကျဲလာရတော့သည်။ ရှည်လျားလွန်းသည့်ညတာထဲတွင် ရောင်စုံသော အချစ်ညလေးဖြစ်သွားရတော့၏။ အရိုင်းဆန်ခြင်းနှင့် ညင်သာခြင်းဟူသောအခြေအနေကြားထဲတွင် သျှန်းအံ့ကိုယ်တိုင်လဲ အလိုတူစွာပင် စီးမျောခံစားနေမိလေတော့သည်။

*
*
*
*
*
*
*
*

အဖွဲ့လိုက်လုပ်ဆောင်ရမည့်Project တစ်ခုမှ ကိုယ်တာဝန်ယူလုပ်ရမည့်အပိုင်းတွေအတွက် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတုန်းမှာပင် အနောက်မှနေပြီး ကိုယ့်ဆံပင်တွေကို ကြမ်းတမ်းစွာဆွဲဖွလာတာကိုခံလိုက်ရသည်။ အားနေတိုင်းဒီဆံပင်တွေကိုရန်ရှာတတ်သူဟာ ဘယ်သူလဲဆိုတာလှည့်ပင်ကြည့်စရာမလိုချေ။ နောက်ကိုလှည့်မကြည့်ဘဲ  ခေါင်းကို ဘယ်ညာရှောင်တိမ်းနေသော် လည်းမလွတ်သွားပေ။

" အား ဒယ်ဒီရာ ဒီမှာစာလုပ်နေတယ်လို့ ကျေးဇူးပြုပြီး မရှုပ်ပါနဲ့နော် Please!   "

" အောင်မာ စကားကြီးစကားကျယ်ပြောနေတယ်။ အဖေလုပ်သူက ဒါလေးစတာကို အသားပဲ့ပါသွားလို့လား"

" အသားပဲ့မပါလဲ အာရုံပျက်တယ်လို့ စာလုပ်နေတာနော် စာ စာ "

" ဘယ်စာကိုလုပ်နေတာလဲ ရည်းစားစာလား ။ ဘွဲ့ရရင်ယောကျ်ားယူပြီး ယောကျ်ားအလုပ်မှာဝင်ကူဖို့ အသည်းအသန်ကြိုးစားပြနေတာ ငါမသိဘူးမှတ်နေလားသက်လုံးပုံရာ "

ပြောလည်းပြော ကိုယ့်ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆွဲလှည့်ပြီးဆံပင်တွေကိုအသားကုန်ဖွနေလေတော့၏။ သျှန်းအံ့ဘယ်လိုပင်ရှောင်ပစေ ဒယ်ဒီ့လက်မှမလွတ်နိုင်ချေ။

" အာ ဒယ်ဒီရေ ကေပျက်ရင်အနေခက်တယ်လို့ "

" အဲကေကို ကြွက်ကိုက်ကေဖြစ်အောင်လုပ်အုံးမှာ။ တစ်သက်လုံး မိဘတွေညှပ်ခိုင်းတာတောင်မရတဲ့ဆံပင်တွေကို ရည်းစားနဲ့သွားနေတဲ့လပိုင်းလေးမှာ ညှပ်လိုက်တဲ့ကောင်။ မင်းနဲ့ငါအတွေ့ပဲ"

အီတလီပြန်ရောက်ထဲက ဒီဆံပင်တွေကိုရန်ရှာနေသည့်ဒယ်ဒီသည် အခုလည်း စာလုပ်ခွင့်မရ အောင်လာရစ်နေပြန်သည်။ ဒယ်ဒီနှင့်အသက်ကွာပြီး ငယ်ရွယ်တဲ့ဖေက အနေအေးသလောက် ဒယ်ဒီကတော့ ကိုယ်နှင့်လက်ပွန်းတတီးနေပေးလေသည်။ ဒါကြောင့်ပဲသားအဖနှစ်ယောက် မတည့်သည့်အချိန်ကခပ်များများ။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now