Part - 23 ( Uni )

2.3K 186 8
                                    

အပိုင်း - ၂၃


အခန်းတွင်း စကားသံတို့ပြတ်တောက်သွားရလေတော့သည် နောက်တစ်ကြိမ်အစပြုမှုမှာတော့ ပင်ပန်းနေသည့်ကလေးကို ငဲ့ညှာကာ ကိုယ့်စကားအတိုင်းပင် ညင်သာမှုဖြင့်ပန်းတိုင်ရောက်အောင်သွားဖြစ်ခဲ့သည်။ ကလေးပြောသလိုပဲပေါ့ ။မင်းက ကိုယ့်အပိုင်။သက်လုံးပုံလို့ခေါ်တဲ့သျှန်းအံ့ဟန်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကိုယ်ပိုင်တယ်။ဒါက ကိုယ်တို့ကြုံခဲ့တဲ့ အတိတ်တွေကြောင့်မဟုတ်ဘူး။ ဒီတိုင်းပဲ ... ဒီတိုင်းလေး ကိုယ်မင်းကိုအရမ်းချစ်မိသွားလို့။

*
*
*
*
*
*
*
*

ပူပြင်းလှသည့်နေပူရှိန်သည် အိမ်ထဲမှာငြိမ်သက်စွာထိုင်နေဖို့သာကောင်းလှသည်။ သျှန်းအံ့မှာတော့ ထိုအပူချိန်ကိုအံတုကာ ဘယ်သူမှတာဝန်ပေးထားခြင်းမရှိသော နေစဉ်ဝတ္တရားတစ်ခုကိုထမ်းဆောင်းရန် ကုမ္ပဏီသို့ထွက်လာခဲ့တော့သည်။ ဦးရဲ့နေ့လည်စာအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး ကုမ္ပဏီအထိ နေ့စဉ်ပို့ပေးနေရတာကို အလွန်ပျော်ရွှင်ရ၏။ နှစ်ယောက်အ တူ နေ့လည်စာ,စားပြီ ဟိုဟိုဒီဒီစကားပြောရသည့်အချိန်တွေကိုဘဲ ဘာနဲ့မှမလဲနိုင်အောင်မက်မောနေမိသည်။

ဒီနေ့လည်း ထုံးစံအတိုင်း နှစ်ယောက်စာထမင်းထည့်ထားသည့်ချိုင့်ကြီးချိုင့်ငယ်ကို ဝန်ထမ်းကလေးအကူအညီနှင့် ဦးရဲ့ရုံးခန်းထဲသယ်လာလိုက်၏။ Meeting မပြီးသေးသည့်အချိန် မို့ တစ်ယောက်ထဲယောင်ချာချာဖြစ်နေသည့်အချိန် ရုံးခန်းထဲသို့ မျက်မှန်းတန်းမိနေသော အမျိုးသမီးဝန်ထမ်းတစ်ယောက် ဝင်လာလေသည်။ သူ့လက်ထဲတွင် ဖိုင်တွဲတွေပိုက်ထားတာကြောင့် ဦး ကိုလာရှာမှန်းသိလိုက်၏။

" CEO ကိုလာရှာတာလားဗျာ "

" ဟုတ်ကဲ့ရှင့် "

" Meeting မပြီးသေးဘူးနေမယ်ဗျ ။ကျွန်တော်ရောက်ထဲက မတွေ့တာ "

" အော် ဟုတ်ကဲ့ "

" ဖိုင်တွေမှာလက်မှတ်ထိုးစရာရှိလို့လား "

" ဟုတ်တယ်ရှင့် CEO Meeting ပြီးလောက်တဲ့အချိန်မှ ပြန်လာခဲ့ပါမယ်"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now