Part - 3 ( Uni )

4.9K 295 10
                                    

အပိုင်း - ၃

" အလင်း "

ကိုယ်ကခေါ်လိုက်တော့ခေါက်ဆွဲကိုဝါးနေရင်း မော့ကြည့်လာ၏။ ထိုသူအား ကြည်လင်စွာပြုံးပြလိုက်ပြီး

" သိလား ဖေကလေ Dad ကို အခုလိုပဲအစားအသောက်တွေချက်ကျွေးဖူးတယ်တဲ့။ ပြီးတော့ သူတို့ညားသွားကြတယ်လေ"

" အဟွတ်! အဟွတ်! "

ကြားလိုက်ရသည့်စကားကြောင့် လင်းမြတ်တစ်ယောက်ဝါးနေလက်စခေါက်ဆွဲတွေသီးကုန်ရလေတော့၏။


*
*
*
*
*
*
*
*

" မင်း ဘာစကားပြောတာလဲ လုံးလုံး "

" မြန်မာစကားပါ "

" သက်လုံးပုံ!! "

" ကျေးဇူးပြုပြီး ကိုယ့်ကို သျှန်းအံ့။ ဒါမှမဟုတ်လဲ အခြားနာမ်စားတစ်ခုခုသုံးပေးပါလား။ လုံးလုံးဆိုတာကြီးက တကယ်အဆင်ပြေမနေဘူးရော်။ မသိရင် ကိုယ့်အဖေနှစ်ယောက်အပြင်
နောက်ထပ်အဖေတစ်ယောက်ကို ထပ်တွေ့နေရသလိုပဲ"

" မင်းလဲ ကျေးဇူးပြုပြီး ငါ့ကိုစကားကောင်းကောင်းပြောပေးစမ်းပါ သက်လုံးပုံရာ "

" ကိုယ်လဲ စကားအကောင်းပြောနေတာပဲလေ။ ဖေက
ပြောပြဖူးတယ်။ သူ Dad အိမ်ကိုစရောက်,ရောက်ချင်း
Dad အတွက် ကိုယ်တိုင်မီးဖိုချောင်ဝင်ခဲ့ဖူးတယ်တဲ့။
သူပထမဆုံးပြင်ပေးခဲ့တဲ့အရာက အဆင်မပြေပေမဲ့ Dadက
အပြစ်မတင်ပဲ စားခဲ့တာတဲ့လေ။ ကိုယ်လဲ အလင်းအိမ်ကိုရောက်လာပြီး အလင်းအတွက် မနက်စာကိုချက်ကျွေးခွင့်ရတယ်။ အခြေအနေ အဖြစ်အပျက်ကတူနေလို့ပါ၊ မတူတာတစ်ခုက ကိုယ့်ဟင်းချက်လက်ရာက လုံးဝကို Professional ဆန်နေတာပဲ ။ အီတလီက ကိုယ့်ဘော်ဒါတွေက ကိုယ့်ကိုဆိုဒီလိုခေါ်တယ်။ Perfect Boy တဲ့ "

ကြားရသည့်စကားကြောင့် ကြိုက်လွန်းလို့စားနေမိသည်ခေါက်ဆွဲသည်ပင် လည်ချောင်းဝမှာတစ်နေရလေတော့သည်။
စားနေတာကို ရပ်တန့်လိုက်ပြီး

" စကားတွေက ပြောတိုင်းမကောင်းဘူးဆိုတာ မင်းသိရင်ကောင်းမယ်။ ဆိုခဲစေ မြဲစေတဲ့။ ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် စကားပြောတာကစပြီး အဆင့်အတန်းတစ်ခုရှိဖို့လိုတယ် "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now