Part - 17 ( Uni )

2.2K 142 7
                                    

အပိုင်း - ၁၇


❗My Husband Hates Me ကိုဖတ်ထားတဲ့စာဖတ် သူတွေအတွက် မကိုဋ်ထွဋ်ခေါင် နဲ့ ရှိန်းခေါင်ယံတို့ကြားထဲက ထားရှိခဲ့တဲ့မေတ္တာတရားကို ပြည့်ပြည့်စုံစုံလေးထပ်ပြီးအသိပေးချင်လို့ ဒီအပိုင်းကိုရေးဖြစ်ခဲ့ပါတယ်။

           ---- •••• ----

" အစ်ကို ကျွန်တော်ကလေ အစ်ကို့ကို ချစ်သူတစ်
ယောက်လိုမျိုး ချစ်လိုမရသေးပေမဲ့ အဆင်ပြေမယ်ဆို ကျွန်တော်တို့ တွဲကြည့်ကြမလားဟင်"

*
*
*
*
*
*
*
*

" ငါဆွဲထားမှမြဲမဲ့လက်တစ်စုံအတွက် ငါရဲ့ရင်ဖွင့်ရာနေရာ "

၁၇


❗My Husband Hates Me ကိုဖတ်ထားတဲ့စာဖတ် သူတွေအတွက် မကိုဋ်ထွဋ်ခေါင် နဲ့ ရှိန်းခေါင်ယံတို့ကြားထဲက ထားရှိခဲ့တဲ့မေတ္တာတရားကို ပြည့်ပြည့်စုံစုံလေးထပ်ပြီးအသိပေးချင်လို့ ဒီအပိုင်းကိုရေးဖြစ်ခဲ့ပါတယ်။

           ---- •••• ----

" ငါဆွဲထားမှမြဲမဲ့လက်တစ်စုံအတွက် ငါရဲ့ရင်ဖွင့်ရာနေရာ "

" တစ်ခါလွဲရင် တစ်ဘဝစာကြာတဲ့ ငါတို့ရဲ့
အကြောင်းပေါ့။ လာမဲ့သူမရှိတဲ့ဘူတာရုံလေးမှာ တစ်စုံတစ်ယောက်ကိုတိတ်တိတ်လေးထိုင်စောင့်နေမိသူ။ ဆွဲထားတာတောင်မမြဲခဲ့တဲ့ လက်ပိုင်ရှင်ကို သံသရာအဆက်ဆက် လိုက်ရှာနေမိသူ။ မင်းနဲ့ပတ်သက်ရင်လေ ဘယ်ဘုရားကမှချွတ်လို့မကျွတ်မဲ့ စွဲလမ်းခြင်းတဏှာကို မိုက်မိုက်မဲမဲဖက်တွယ်ထားတဲ့သူက ကိုယ်ပါပဲအချစ်ရယ် "




ဖြူလွလွစာရွက်ထဲ အဆုံးသတ်စာကြောင်းကိုရေးပြီးတာနဲ့အဖုံးပြန်ပိတ် အံဆွဲထဲထည့်ပြီး သော့ပါပိတ်လိုက်သည်။ ဘယ်သူ့ရှေ့မှာမှ ဖွင့်ဟခွင့်မရှိတဲ့ရင်တွင်းဝေဒနာတချို့ကိုဒီစာအုပ်လေးထဲမှာ သိုသိပ်စွာပင်သိမ်းဆည်းထားလိုက်၊။ ဒီနေ့နဲ့ဆို အလင်းတစ်ယောက် ပြည်ပကိုထွက်သွားတာ တစ်နှစ်ကျော်ပင်ရှိသွားလေပြီ။

တစ်နှစ်ကျော်ဆိုသည့်အချိန်သည် လူတစ်ယောက်ရဲ့စိတ်နေသဘောထား၊အမူအကျင့်စသည်တို့ကို အလုံးစုံမပြောင်းလဲပေးနိုင်သည့်တိုင် ကိုယ့်အတွက်တော့ အတော်အတန်ပင်ပြောင်းလဲနိုင်ခဲ့၏။ပြောင်းလဲလာသည့် ဘဝနေထိုင်မှုပုံစံတွေအားလုံးအတွက် အကောင်းမွန်ဆုံးအထောက်အပံ့သည် အစ်ကိုဖြစ်နေတာ အံ့သြစရာတော့မရှိချေ။

Hey ! You Have To Be My Husband ( Completed  )Donde viven las historias. Descúbrelo ahora