Part - 10 ( Uni )

3.2K 176 3
                                    

အပိုင်း - ၁၀


" ကူညီပေးတာ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်တွေ့ကြရအောင်။ အော်! ဒါနဲ့ ကိုယ့်နာမည်ကိုလဲမှတ်ထားပါဦး။ ကိုယ့်နာမည်က မကိုဋ်ထွဋ်ခေါင်ပါ ။ တွေ့ရတာ ဝမ်းသာပါတယ်ကောင်လေး "

*
*
*
*
*
*
*
*

" မင်းအရမ်းကြာတာပဲ ။ မင်းကို နေ့လည်ထဲကစောင့်နေတာ"

ဆေးရုံကိုရောက်,ရောက်ချင်း ဆရာသမားမှ ဆီးကြိုဆူပူနေမှုကိုခံရပြန်သည်။ ကိုယ်လည်း တစ်နေကုန်မအားသလို သူလည်းတစ်နေကုန်ပျင်းနေရှာမှာကိုသိသည်။ အနားမှာအချိန်ပြည့်မနေပေးနိုင်သလို လူနာစောင့်တောင်မငှါးပေးနိုင်လို့ ဒီကောင်လေးအတွက် ပိုစိတ်မကောင်းဖြစ်ရသည်။

" ငါ အလုပ်ပြန်တာနောက်ကျရတဲ့ကြားထဲ ဆေးဝင်ဝယ်နေရလို့ပါကွာ"

လက်ထဲကဆေးထုတ်လေးကိုမြှောက်ပြလိုက်ရင်း မျက်နှာချိုသွေးရပြန်သည်။ ဒီကောင်လေးစိတ်မကြည်မသာဖြစ်မှာ ကိုယ်စိုးရိမ်တယ်လေ။

" မင်းမျက်နှာက ဘာဖြစ်လာတာလဲအလင်း "

ဆေးရုံကိုရောက်ချင်ဇောဖြင့် အမြန်လာသည့်အကျိုးဆက်သည် ရန်ပွဲမှာရလာသည့်မျက်နှာပေါ်မှဒဏ်ရာတွေကို မေ့သွားခြင်းဖြစ်၏ ။ အခုမှတော့ လိမ်လို့မရလောက်တော့ပေ။

" မင်း ရန်ဖြစ်လာပြန်ပြီလား အလင်း "

ကိုယ်ဘာမှပြန်မဖြေရသေးခင် သူကအတည်ပြုသလိုထပ်မေးလာ၏။

" ဟုတ်တယ် ငါရန်ဖြစ်လာတာ "

ရှိန်းကိုညာမရသည်ကတစ်ကြောင်း ၊ နေမကောင်းသူကို
ထပ်ပြီးစိတ်မတိုစေချင်တာကြောင့်ပါ အမှန်တိုင်းဝန်ခံလိုက်မိသည်။ ရှိန်းသည် ကိုယ့်ပါးပြင်ပေါ်မှဒဏ်ရာလေးပေါ် သူ့လက်လေးဖြင့် အသာဖွဖွထိတွေ့ပေးလာရင်း

" ဒီတစ်ခါလဲ ငါ့အတွက်ကြောင့်နဲ့ပဲလား အလင်း ၊ ဒီနေ့
ငါ့အတွက်ဆေးဝယ်ရမဲ့နေ့ဆိုတော့ မင်းကိုဘယ်သူအနိုင်ကျင့်လို့ရန်ဖြစ်လာတာလဲ "

သူ့အတွက်ဆေးဖိုးငွေကို အလုပ်ထဲကလူတစ်ယောက် ခေါင်းပုံဖြတ်ရာမှစသည့်ရန်ပွဲတစ်ခုကို ရှိန်းပြန်သိပြီးထဲက ကိုယ်ရန်ဖြစ်တိုင်း သူ့ကြောင့်လားဆိုပြီးအမြဲမေးတတ်သည် ။ ကိုယ်ရှာပေးရသည့် သူ့ဆေးရုံစရိတ်တွေအတွက် အမြဲအားနာနေတတ်သည့်ကောင်လေးသည် သူ့ဘာသာလည်းအားငယ်နေတတ်သေး၏။ ဝယ်လာသည့်ဆေးအိတ်လေးကို ကုတင်အစပ်မှာချထားပြီးမှ ကိုယ့်ပါးပြင်ပေါ်ကသူ့လက်လေးအပေါ် ကိုယ့်လက်ဖြင့်ထပ်ကိုင်လိုက်၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now