Part - 24 ( Uni)

2.4K 196 6
                                    

အပိုင်း - ၂၄

နှစ်ခြိုက်စွာအိပ်ပျော်သွားသည့်အချိန်ခဏအတွင်း တံခါးကိုအလောတကြီးဖွင့်သံကြားလိုက်ရပြီး အခန်းတွင်းသို့ လူတစ်ယောက်ပြေးဝင်လာတော့၏။

" ကလေး! !"

*
*
*
*
*
*
*
*

အိပ်ပျော်နေသည့်ကိုယ်အား ဆွဲထူကာပွေ့ချီခံလိုက်ရတာကြောင့် အိပ်ရာနိုးသွားရတော့သည်။ ကိုယ့်ကို ကလေးတစ်ယောက်လိုပွေ့ချီထားရင်းမှ တစ်ကိုယ်လုံးကိုကြည့်လိုက်၊ ကြမ်းပြင်ပေါ်တွင် အပုံလိုက်ရှိနေသေးသော ဆံပင်တွေကိုကြည့်လိုက်နှင့် သူကိုယ်တိုင်လည်း ပြောစရာစကားတို့ ဆွံ့အနေပုံရလေသည်။

ဦးတစ်ယောက် ဒီလောက်မြန်မြန်ကြီးအိမ်ပြန်လာမယ်မထင် တာကြောင့် ကိုယ်တိုင်လည်း အဝတ်အစားပင်လဲမထားမိသေး။ ခဏလောက်အိပ်ပြီး အိပ်ရာနိုးတော့မှ အခန်းကိုသန့်ရှင်းရေးလုပ်၊ ရေပါချိုးလိုက်ဖို့ တွေးထားတာဖြစ်သည်။

" ဒါ ဒါ တွေက ဘာဖြစ်တာလဲ ။ ဘာဖြစ်တာလဲလို့ အခုကိုယ့်ကိုပြောစမ်း "

လည်ဂုတ်နားမှာကပ်နေသည့် ကိုယ့်ဆံပင်တွေဆီပွတ်သပ်ရင်း မေးလာသည့်အသံထဲတွင် ဒေါသတွေနင့်နင့်သီးသီးပါဝင်နေကြောင်း ခံစားလိုက်မိ၏။

" ဘာဖြစ်တာလဲလို့ကိုယ်မေးနေတယ်လေ ဆံပင်တွေကို ဘာလို့ညှပ်လိုက်တာလဲလို့"

ကိုယ့်ဆံပင်တွေကို ခပ်ကြမ်းကြမ်းပင်ဆွဲဖွလာရင်းမေးလာသည့် နီရဲနေသောမျက်နှာနှင့် အသက်ရှူသံပြင်းပြင်းကြောင့် ဦးရဲ့ဒေါသကို ကိုယ်ပင်ပြန်ကြောက်နေမိသည်။

" ဒီ ဒီတိုင်း အိုက်လာလို့ ညှပ်လိုက်မိတာ "

ယုတ္တိမရှိသောအဖြေစကားသည် ဒေါသထွက်နေသူကို ပိုပြီးဆွပေးလိုက်သလိုဖြစ်သွားရမှန်း ပြောပြီးမှပင်သတိထားမိလိုက်သည်။

" သက်လုံးပုံ! ကိုယ့်ကိုလူသတ်ချင်စိတ်ဖြစ်အောင် လာမဆွနဲ့နော်။ အမှန်အတိုင်းပြောလို့ ကိုယ်ပြောနေတယ်။ မင်းဒယ်ဒီကိုယ့်ဆီဖုန်းဆက်ပြီး လှမ်းပြောလာလို့ ကိုယ်သိထားပြီးပြီ။အဲဒါကို လိမ်ချင်နေသေးတာလား။ မင်းပါးစပ်ကအမှန်တိုင်းဖွင့်ပြောစမ်း အခုချက်ချင်း "

Hey ! You Have To Be My Husband ( Completed  )Tahanan ng mga kuwento. Tumuklas ngayon