Part - 4 ( Uni )

4.4K 272 8
                                    

အပိုင်း - ၄



ကိုယ့်အမှားပါပဲ။ အရာအားလုံးက ကိုယ်အမှားပါ။
တုန့်ပြန်မလာမည့် အချစ်တစ်ခုကို မျှော်လင့်နေမိတာကိုယ့်အမှား။ ဘာမှန်းသေချာမသိသော အိမ်မက်ထဲကအရာတွေကို ဖက်တွယ်နေမိတာကိုယ့်အမှား။ မရေမရာမှုတွေကို နှလုံးသားထဲအထိကျစ်ကျပ်ပါအောင်ပွေ့ဖက်ထားရင်း တစ်နေ့တော့နီးမှာပါလို့်မျှော်လင့်နေမိတာ ကိုယ့်အမှား။

ထိုအမှားတွေကို ၁၈နှစ်ကြာထဲအထိ လွှတ်မချနိုင်သေးတာလဲ ကိုယ့်အမှားပဲပေါ့။


*
*
*
*
*
*
*
*


" ဒုန်း! "

ပြင်းထန်လွန်းသည့် လက်သီးတစ်ချက်က ဘေးနားရှိခုံပေါ်သို့ရောက်သွားရသည်။ အားပါသည့်လက်သီးချက်ကြောင့် ခုံပေါ်ရှိပစ္စည်းများပင် ဖရိုဖရဲဖြစ်သွားရလေ၏ ။

" အ ... အလင်း "

သူ့လက်ဆစ်နေရာမှ သွေးစတစ်ချို့ကိုမြင်ရသည့်အခိုက်အတန့် လဲကျနေရာမှလူးလဲထမိကာ  ထိုလက်ကိုလှမ်းပြီးဆွဲလိုက် မိတော့၏။ သို့သော် ကိုယ့်လက်ကို ပုတ်ချခံလိုက်ရလေသည်။

" ငါ့မွေးရင်ငါ့သားအရွယ်လောက်ပဲရှိတဲ့ကောင်က ငါ့ကိုထင်သလိုစော်ကားနေတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေသက်လုံးပုံ။ ငါ့ကျေးဇူးရှင်တွေရဲ့မျက်နှာနဲ့ အိမ်ပေါ်တင်ထားတာကို လိုတာထက်ပိုပြီးရောင့်တက်မလာနဲ့။ ငါ့ကို ဘယ်လိုလူစားလို့ထင်နေလဲ။ အရမ်းယဉ်ကျေးသူလို့ထင်နေရင် မှားသွားလိမ့်မယ်။ နောက်တစ်ခါ ငါ့ကိုအခုလိုတွေလာရှုပ်ရင် မင်းမလွယ်ဘူး "

နာကျင်လွန်းလို့ဝဲတက်လာသည့်မျက်ရည်ကို ပါးပြင်ပေါ်ကျခွင့်မပေးမိချေ။ မေးကြောတွေထောင်အောင်ဒေါသထွက်နေသူအား စူးရဲစွာပြန်စိုက်ကြည့်လိုက်၏။

" ကိုယ်က အလင်းကိုလာရှုပ်နေတယ်လို့ တကယ်ထင်နေတာလား။ ဘာလို့ကိုယ့်ခံစားချက်တွေကို နားမလည်ရတာလဲ။ ကိုယ့်ခံစားချက်တွေက အလင်းအတွက် တကယ်အရေးမပါတာလား။ အသက်ငါးနှစ်လောက်အရွယ်ထဲက ကိုယ်အမြဲရှာနေသူကအလင်းပဲလေ။ ကိုယ်က ဘယ်လိုလူမျိုးလဲ။ဘာလို့အလင်းရှိရာကိုပဲ လာချင်နေရတာလဲ။ အဲဒီခံစားချက်တွေကို ကိုယ်လဲမကြိုက်ဘူးလို့။ တကယ်ကြိုက်မနေဘူး။ အခြားသာမာန်လူငယ်တွေလိုပဲ ကိုယ်နေချင်တာပေါ့။ ကိုယ်နဲ့အသက်အများကြီးကွာတဲ့ယောကျ်ားတစ်ယောက်နောက်ကို ဒီလိုလိုက်နေရတာ ကိုယ်ရောပျော်မယ်ထင်နေလား "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now