Part - 7 ( Uni )

3.3K 192 8
                                    

အပိုင်း - ၇

ရှိန်းက.... ။ ငါ့ရဲ့ရှိန်းငယ်က....  ။ ဘာလို့များ ဘာလို့များ
ငါ့ကလေးကဒီလိုအခြေအနေကြီး ။ ရူးသွားလိုက်ချင်သည်။ဒီအချိန် ခဏလောက်တော့ ရူးသွားချင်မိလေတော့သည်။


*
*
*
*
*
*
*
*


အခန်းတွင်း မိနစ်အနည်းငယ်ကြာသည့်အထိ တိတ်ဆိတ်နေလေ၏။ နှစ်ယောက်စလုံး၏အသက်ရှူသံများသည် ပုံမှန်ထက်ပိုပြီးကျယ်လောင်နေသည်။ အိပ်နေတာမျိုးမဟုတ်တော့ပဲ ညအမှောင်ထဲ ထိုင်နေမိခြင်းဖြစ်သည်။ လမင်း၏အလင်းရောင်အနည်းငယ်ကြောင့် မျက်နှာချင်းဆိုင်ထိုင်နေသည့် တစ်ယောက်နှင့်တစ်ယောက် မပီဝိုးတဝါးတော့မြင်နေရသည်။

လင်းမြတ် ရှိန်း၏လက်ဖဝါးလေးနှစ်ဖက်ကို အသာဆုပ်ကိုင် ထားပေးမိသည်။ ကိုယ်တိုင်မှာတော့ ဒေါသစိတ်ကြောင့်မတည်ငြိမ်နိုင်သေးချေ။

" ငါ့အသက် ၆နှစ်အရွယ်လောက်မှာ အမေကနောက်အိမ်ထောင်ပြုတယ်။ ပတ်ဝန်းကျင်ကပြောလို့ ငါ့အမေရဲ့နောက်ယောကျ်ားဆိုတာက ငါ့ပထွေးဆိုတဲ့တော်စပ်မှုကိုသိခဲ့ရတယ်။ ငါ့လိုကလေးတစ်ယောက်က ဘယ်လိုအရာတွေကိုမှ တားဆီးတာမျိုး ၊ အားပေးတာမျိုးလုပ်ပိုင်ခွင့်ရှိမှာတဲ့လဲ။ အဲအချိန်မှာ ငါ့ကိုမကြည်ဖြူတာ ငါ့အမေတစ်ယောက်ထဲတင်မဟုတ်ဘဲငါ့ပထွေးပါ, ပါလာတယ်။ အမေက ငါ့ကိုမကြည်ဖြူပေမဲ့ နာကျင်အောင်မလုပ်ဘူး။ ခါးလှအောင်မဆင်ပေမဲ့ ဝမ်းဝအောင်တော့ကျွေးပါတယ်။ ငါ့ပထွေးကတော့ ကိုယ်ထိလက်ရောက် နာကျင်အောင်အမြဲလုပ်တယ်။ ငါနာကျင်ရတိုင်း ငါ့ကိုကာကွယ်ပေးတဲ့သူ ဘယ်သူမှမရှိဘူး။ ငါ့ပထွေးအိမ်ကိုရောက်ပြီး
တစ်နှစ်ကျော်လောက်မှာ အိမ်ကို ငါ့ပထွေးရဲ့တူဆိုတဲ့သူတစ်ယောက်ရောက်လာတယ် "

ငါ့ပထွေးရဲ့တူဆိုသည့်စကားကြောင့် ရှိန်း၏လက်ကိုဆုပ်ကိုင် ထားမိသည့် ကိုယ့်ရဲ့လက်တွေသည် ပိုပြီးတင်းကျပ်သွားမိလေတော့၏ ။

" မင်း ... မင်းဆက်မပြောလဲရတယ်ရှိန်း။ ငါ့အတွက် မင်းက ဘယ်တော့မှပြောင်းလဲစရာမလိုတဲ့ ငါ့ရဲ့ရှိန်းပဲ။ မင်းအရမ်းနာကျင်ရတဲ့အရာတွေကိုပြန်မပြောလဲရတယ်"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now