Part - 22 ( Uni )

2.6K 181 9
                                    

အပိုင်း - ၂၂

❗စကားလုံးအသုံးအနှုန်းတချို့အတွက် Warning ကြိုပေးပါသည်။❗

" အရင်က ငါ့ကိုမချစ်သလို အရေးမစိုက်သလိုနေတတ်တဲ့ ဦးလင်းမြတ်နိုင်ကြီးကိုပြန်ခေါ်ပေး ပြန်ခေါ်ပေး "

*
*
*
*
*
*
*
*

ကုမ္ပဏီကအပြန် အိမ်ကိုရောက်တော့ ည၈နာရီကျော်လေးသာရှိသေးသည်။ အရင်ရက်တွေလိုမျိုး ကိုယ်အလုပ်ပြန်လာမှာကို ဧည့်ခန်းထဲမှာ ဂိမ်းဆော့ရင်းစောင့်နေတတ်သည့်ကောင်လေးကိုလည်းမတွေ့ရချေ။ နေ့လည်က ကုမ္ပဏီကိုလိုက်လာပြီး အိမ့်နှင့်တွေ့သွားကာ တစ်ခုခုအထင်လွဲစိတ်ဆိုးသွားလို့များ ကိုယ့်ကိုစောင့်မနေတော့တာလား။

လင်းမြတ်လည်း တစ်ယောက်ထဲအတွေးများနေပြီး ရေအရင်ချိုးလိုက်သည်။ ပြီးတာနှင့် ကလေးရဲ့အခန်းဆီသွားလိုက်သည်။ အခန်းတံခါးကိုအသာပင်ဖွင့်ပြီး အခန်းထဲဝင်လိုက်သည့်အခါ ကုတင်ပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်ကောင်လေးကိုတွေ့လိုက်ရ၏။ ဖုန်းနဲ့ဂိမ်းဆော့လက်စအိပ်ပျော်သွားပုံရကာ ရင်ဘက်ပေါ်တွင် ဖုန်းကိုဖွင့်လျက်သားတင်ထားသေး၏၊

" ကလေး! ကလေး! "

ပခုံးကိုအသာဆုပ်ကိုင်လှုပ်နှိုးလိုက်သော်လည်း နိုးမလာဘဲ ခန္ဓာကိုယ်ကိုတစ်ချက်တွန့်သွားကာ ပြန်အိပ်ပျော်သွားလေသည်။ ကလေးတစ်ယောက်လို ခြေပစ်လက်ပစ်အိပ်နေပုံလေးက အပြစ်ကင်းပြီး ချစ်စရာကောင်းနေလေသည်။

မွေးစအရွယ်မှာ ကိုယ်ချီပိုးခဲ့ရသည့်ကလေးငယ်သည် ယခုချိန် မှာတော့ ကိုယ့်ဘဝအတွက် လက်တွဲဖို့ရည်ရွယ်ထားသည့်သူတစ်ယောက်ဖြစ်လာခဲ့ချေပြီ။ နှစ်တွေအကြာကြီး သိမြင်ခဲ့ရသည့်ဒီကလေးကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့ရမယ်လို့ စိတ်ကူးပင်မယဉ်ခဲ့ပေ။ အစပိုင်းမှာ သနားစိတ်ပိုမိတာကြောင့်ကိုယ်အနားမှာထားပေးဖို့ စဉ်းစားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဦးနှောက်နှင့်ရွေးချယ်ခဲ့သည်လို့ ထင်ခဲ့မိသည့်အခြေအနေမှသည် ရက်ပိုင်းလေးအတွင်းမှာပင် စိတ်ခံစားချက်တိုု့ပြောင်းလဲလာမိတော့၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now