Part - 21 ( Uni )

2.6K 187 13
                                    


အပိုင်း -၂၁

သျှန်းအံ့လည်း ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းဝင်ဖို့ပြင်နေသူဆီ လက်နှစ်ဖက်ဆန့်ပေးပြီး ချီခိုင်းလိုက်မိတော့သည်။ကိုယ်က ယောကျ်ားလေးတစ်ယောက်ပေမည့် ချစ်ရတဲ့ဦးရှေ့မှာတော့ အားနည်းတဲ့ကလေးတစ်ယောက်လိုသာနေပါရစေ။ ချစ်တယ် အလင်းလို့ခေါ်တဲ့ကျွန်တော့်ရဲ့ဦးကိုအရူးအမူးပဲ ချစ်ရပါတယ်လေ။

*
*
*
*
*
*
*
*

" ဘာလုပ်နေလဲကလေး ၊ အေးအေးဆေးဆေးနေပါလို့ပြောထားလဲမရဘူးကွာ"

ကိုယ့်ရှေ့တည့်တည့်မှာထောင်ထားသည်ဖုန်း Screen ပေါ်တွင် ဦးရဲ့မျက်နှာကိုမြင်နေရသည်။
နေ့လည်စာအတွက်ချက်ပြုတ်ပြင်ဆင်နေသည့်
ကိုယ့်မှာတော့ နှဖူးစပ်တွင်ချွေးစလေးများပင်ခိုကပ်နေလေ၏။

" ဒီနေ့တော့ မြန်မာဟင်းတွေပဲချက်ထားတယ်နော်။ ဦးဘာတွေစားချင်သေးလဲ ထပ်ချက်လာခဲ့မယ်"

" ရပြီ ကလေးချက်ထားတာတွေနဲ့ပဲစားတော့မယ်။ ထပ်ချက်မနေနဲ့ ပင်ပန်းတယ်။ ကိုယ်ချက်ချင်တဲ့ပုံစံကိုပြောပြပြီး အိမ်ကလူတွေကိုချက်ခိုင်းလဲရတယ်လေ။ ကိုယ်တိုင်ဝင်ချက်တော့ ပင်ပန်းတာပေါ့"

" နည်းနည်းလေးမှမပင်ပန်းပါဘူး ပျော်တောင်ပျော်နေသေး"

ဟင်းချက်စရာတွေကိုဆက်တိုက်ပြင်ဆင်နေရင်း ဦးကိုလည်းမျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြုံးရီပြဖို့မမေ့။ တစ်ဆက်တည်းဆိုသလို ဒယ်ဒီကြိုက်တတ်သမျှကို မီးဖိုခန်းထဲဝင်ပြီး တကုတ်ကုတ်ချက်ပြုတ်ကျွေးတတ်သော ဖေ့ကိုပင် သတိရမိသွား၏။ ချစ်ရသူကို အရသာရှိတာတွေပင်ချက်ပြုတ်ကျွေးမွေးချင်သောစိတ်ခံစားမှုသည် ဖေ့ဆီမှ အမွေအဖြစ်လက်ဆင့်ကမ်းပါလာပုံရသည်။

" ကလေး ဘာတွေတွေးနေတာလဲ။ လက်ကိုထိခိုက်မိမယ်နော်"

Screen တစ်ဖက်ခြမ်းမှနေ၍ ကိုယ့်ကိုလှမ်းကာစိုးရိမ်ပေးနေသူကြောင့် ကိုယ်တိုင် အထိအခိုက်အရှအနာကင်းဖို့လည်း ဂရုစိုက်ရပြန်သည်။

" မထိခိုက်ပါဘူး ဦးရဲ့။ ဒါတွေက ကျွမ်းကျင်အလုပ်တွေပါ"

" ဟုတ်ပါပြီဗျာ ကိုယ်ကစိုးရိမ်လို့ပါ။ ဒါနဲ့ ဒီနေ့ဘာဟင်းတွေချက်လဲပြောပြပါအုံး"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now