Part - 6 ( Uni )

3.5K 202 7
                                    


အပိုင်း - ၆


တိတ်ဆိတ်နေသည့် အခန်းငယ်လေးအတွင်း အသံတို့ဆွံ့အနေပြီ မျက်ဝန်းချင်း စကားဆိုမိကြလေသည်။ ထိုအကြည့်တို့သည်ပင်လျှင် ရင်းနှီးမှုတည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းလေးဖြစ်ခဲ့တော့၏။

*
*
*
*
*
*
*
*

" ဟင်းးး အင့် ဟင်းးး "

တိတ်ဆိတ်နေသည့် ညသန်းခေါင်အချိန်။ အခန်းတွင်း ညီးသံသဲ့သဲ့ကိုကြားနေရသည်။ အိပ်ချင်စိတ်ကြောင့် အသံကသိပ်မသဲကွဲသော်လည်း တဖြည်းဖြည်းအသံကိုပီပီပြင်ပြင်ကြားလာရတော့သည်။ လင်းမြတ်လည်း အိပ်ပျော်ရမှနိုးလာပြီး အခန်းတွင်းဝေ့ကြည့်လိုက်သည်။ မှောင်နေသော်လည်း အပြင်မှလရောင်ကြောင့် အခန်းတွင်းဝိုးတဝါးတော့မြင်နေရလေသည်။

" ဟင်းးး အင့် ဟင်းးး အင်းးး "

ညည်းညူသံသည် အခန်းတစ်ဖက်ခြမ်းမှာရှိနေသည့် ရှိန်းထံမှ ဖြစ်လေသည်။ နေပြန်ကောင်းတာမကြာသေးသည့်ဒီကောင်လေး အခုညတော့ နေမကောင်းပြန်ဖြစ်နေပုံရလေသည်။ ရှိန်းလူကောင်ညှပ်နေတာက အခုလိုမျိုး နေမကောင်းခဏခဏဖြစ်နေတာကြောင့်လဲပါသည်။ ညည်းသံကိုခပ်စိတ်စိတ်ကြားလာရတော့လည်း လင်းမြတ်လည်း ဒီတိုင်းအိပ်မနေနိုင်တော့ချေ။ ရှိန်းရှိရာသို့ ခပ်ဖြေးဖြေးလျှောက်သွားမိ၏။ အနားကိုရောက်သည့်အခါ နဖူးကိုအသာလေးစမ်းကြည့်လိုက်သည်။

" အား ပူချစ်နေတာပဲ "

နှဖူးကပူနေသော်လည်း ခြေဖျားလက်ဖျားတွေကတော့ အေးစက်နေလေ၏။ ဘာလုပ်ပေးရမယ်မှန်း မသိပေ။

" ဆရာမကိုပဲ သွားနှိုးလိုက်ရမလား "

ကိုယ့်ဘာသာတစ်ယောက်ထဲ ခပ်တိုးတိုးစကားဆိုမိရင်းဆရာမကိုသွားနှိုးဖို့ပြင်ရသည်။ ရုတ်တရက်ဆိုသလို ပူကျစ်နေသောလက်လေးတစ်ဖက်သည် ကိုယ့်လက်မောင်းကိုလှမ်းဆွဲလာလေတော့၏။

" ချမ်း ... ချမ်းတယ် "

ယောင်ယမ်းပြီးပြောလာသည့်စကားသံလေးကပင် မေးရိုက်သံပါနေ၏။

" ချမ်း ... အရမ်းချမ်းတာပဲ "

" ငါ ဆရာမကိုသွားခေါ်ပေးမယ်လေ "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now