အပိုင္း 1.1

103 7 0
                                    

Unicode
အပိုင်း-1
လယ်သမား၏ အလိုလိုက်ခံရသော ချစ်ဇနီး

ရှီလီရွာလေး၏ တောင်နံဘေးရှိ
ကျောက်တုံးအိမ်ထဲ၌ မျက်နှာ တစ်ဝက်အား အနီရောင်အမှတ်ဖြင့် ဖုံးအုပ်ထားသော ပိန်ခြောက်ခြောက် အမျိုးသမီးတစ်ယောက် လဲလျောင်းနေသည်။

၂ နှစ်  ဒါမှမဟုတ် ၃ နှစ်အရွယ်လောက်ရှိသော ဆန်မုန့်လုံးလေးဟာ သူမဘေး၌ ဒူးထောက်နေခဲ့ပြီး  သူ၏ ကြီးမား လုံးဝန်းနေသော မျက်ဝန်းများဖြင့်  သူမအားကြည့်နေကာ သူမလက်ကိုလဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်။အချိန်တစ်ခုကြာတိုင်း ထိုလက်များအား သူ၏ သေးငယ်သော ပါးစပ်ရှေ့၌ ထား၍ အာငွေ့ပေးကာ
နွေးထွေးအောင်  ပြုလုပ်နေသည်။

လင်းရှောင်ယဲ့ဟာ မျက်မှောင်ကြုံ့လိုက်ပြီး သူမ၏ လက်များကို ခပ်ဖြေးဖြေး ဆွဲထုတ်လိုက်သည်။

ဆန်မုန့်လုံးလေးဟာ  ချက်ချင်းဘဲ သူ့ရဲ့သေးငယ်သော လက်ကလေးများအား  ကြောက်ရွံ့စွာ ပြန်ရုတ်လိုက်ပြီး  အိပ်ရာ၏ ထောင့်နားအား လျှင်မြန်စွာ ပြေးကပ်လိုက်ပြီး  ဘောလုံးလေးလို ကွေးနေကာ အိပ်ရာထက်ရှိ အမျိုးသမီးအား စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့ရောထွေးနေသော  မျက်လုံးဝိုင်းဝိုင်းတို့ဖြင့်  ငေးကြည့်နေလေသည်။

'မေမေနိုးလာတာလား။မေမေက မုန့်လုံးလေးကို ထပ်ရိုက်အုံးမှာလား'

လင်းရှောင်ယဲ့မျက်လုံးဖွင့်လိုက်တဲ့အခါမှာ  ထောင့်မှာ ကုပ်ကုပ်လေး
သူမအား မျက်လုံးဝိုင်းဝိုင်းများဖြင့်ကြည့်နေသာ မုန့်လုံးလေးအားတွေ့လိုက်သည်။
သူမဟာ မျက်မှောင်ကြုံကာ အခြေအနေအား မေးမြန်းရန်း ပါးစပ်ဖွင့်ဟ လိုက်စဉ် များပြားလှသော  အဖြစ်အပျက် အစဉ်လိုက်ဟာ  ရုပ်ရှင်ပြကွက်လိုမျိုး   သူမ ဦးခေါင်းထဲ၌ ဝင်ရောက်လာသည်။

ငါ ဝိညာဉ် ကူးပြောင်းလာတာလား?
မူလ ခန္ဓာကိုယ် ပိုင်ရှင်ရဲ့  သတိုးသားလောင်းဟာ စေ့စပ်ထားမှုအား ဖျက်သိမ်းလိုက်ခဲ့သည်။ထို့ကြောင့် သူမက မြစ်ထဲသို့ခုန်ချကာ သူမကိုယ်သူမ  သတ်သေခဲ့သည်။သို့သော်လည်း သူမသည် ကံကောင်းစွာဖြင့်  မုဆိုး တစ်ယောက်၏  ကယ်ဆယ်ခြင်းအား  ခံရသည်။သို့သော်လည်း သူမက မုဆိုးဟာ သူမဖြူစင်မှုအား စွန်းထင်းစေခဲ့သူဟု ကောလာဟာလ လွှင့်ကာ  မုဆိုးက သူမအား  လက်ထပ်ယူရန်  ဖိအားပေးခဲ့သည်။ဒါနဲ့တောင် မလုံလောက်သေးဘဲ သူမက
အိမ်၌ရှိသော ပစ္စည်းဥစ္စာများအား  သူမကို စွန့်ပစ်ခဲ့သော  ထို အမျိုးသားအား  အကုန်ပေးခဲ့သည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now