12

20 4 0
                                    

၁၂ .၁

လူလိမ်

လိုင်ဝမ်ကွေ့ က  ကြက်သေသေနေခဲ့ပြီး  မှ  သတိဝင်လာကာ  ထပြောလိုက်သည်။
''လင်းရှောင်ယဲ့  ငါမင်းကို  ဘယ်တုန်းက  ဒီလို ပြောခဲ့ဖူးလို့လဲ''

လင်းရှောင်ယဲ့က လိုင်ဝမ်ကွေ့အားကြည့်လိုက်ပြီး  အပြစ်ကင်စင်သော  မျက်လုံးများဖြင့်ကြည့်ကာ 
''မေးပါရစေ  ရှငိ့ကိုယ်ရှင်  လိပ်ပြာလုံတယ်ဆိုရင် ကျွန်မ မိက်နှာသေချာကြည့်ပြီး  အမှန်တိုင်းပြောပါ။ရှင်ကျွန်မကို  ပြောတယ်လေ  ကျွန်မက  ရှင့်နှလုံးသားထဲက  တစ်ယောက်ထဲသော သူပါဆိုပြီး  ပြောခဲ့ဖူးလားဆိုတာ''

''ငါ. . ငါ ''

''ကြည့်  သူ့ကိုယ်သူ  လိပ်ပြာ မလုံဖြစ်နေပြီ''

လိုင်ဝမ်ကွေ့ ဘာစကားမှ  မပြောခင်  လင်းရှောင်ယဲ့က ကြားဖြတ်နှောင့်ယှက်လိုက်သည်။

ရုတ်တရက်  လူတိုင်းက  လိုင်ဝမ်ကွေ့အား  ထိုးဖောက်မတတ်  စိုက်ကြည့်လိုက်ကြသည်။

ထိုအချိန်မှာဘဲ  ဟော်လီက ဒီစကားကို ကြားတဲ့အခါ  သူ့နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်သည်။

တစ်ချိန်ထဲမှာဘဲ  လိုင်ဝမ်ကွေ့က ဘသူ့မျက်နှာ ကို အဖတ်ဆယ်ရန်  လင်းရှောင်ယဲ့အားအော်ပြောလိုက်သည်။
''လင်းရှောင်ယဲ့  လူတိုင်းကို  အရူးလုပ်မနေနဲ့ ။ငါတို့ နှစ်ယောက်လုံး ဒါကို သဘောတူလို့  လုပ်ခဲ့တာပဲ''

လင်းရှောင်ယဲ့က ချက်ချင် မတ်တပ်ထရပ်လိုက်ပြီး  လက်ကောက်ဝတ်ရှိ အကျၤီကို ဆွဲတင်လိုက်ပြီး
''ဟုတ်တယ်  ဒါကို ကျွန်မ စိတ်ကျေကျေနပ်နပ်လုပ်ခဲ့တာ။ဘာဖြစ်လို့လဲဆိုတော့  ရှင်ကျွန်မကု မျက်ကန်းတစ်ယောက်လိုမျိုး  ချစ်မိအောင်  လှည့်စားခဲ့လို့လေ။ဒါအပြင်  ရှင်အခု ဒီကိုပြေးလာပြီး  ဒီနေရာမှာ  ဘာလို့ လာပုန်းနေတာလဲ။ဘာဖြစ်လို့လဲဆိုတော့  နောက်ဆုံးအကြိမ် ရှင်ကျွန်မကို တွေ့တုန်းက ရှင့်ကို တစ်ခုခုပေးဖို့ ပြောခဲ့တယ်လေ။ဒါဗေမဲ့  ကျွန်မက  မပေးခဲ့ဘူး။ဆိုတော့ ဒီကိုလာပြီး  ကျွန်မက မပေးတော့  လိမ်ညာပြီး ခြိမ်းခြောက်တာ အသုံးမဝင်တော့  ကျွန်မတို့ အိမ်က ဟာတွေကို  ခိုးမလို့မ ဟုတ်လား။''
စကားဆုံးအောင်ပြောပြီးနောက်  လင်းရှောင်ယဲ့က  သူ့ကို မုန်းတီးစွာ စိုက်ကြည့်ပြီး
''လူလိမ်   သူခိုး''

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now