5.2

21 5 0
                                    

အပိုင်း-(5.10)

လင်းရှောင်ယဲ့က ပြုံးလိုက်ပြီး  ''ကောင်းပါပြီ အဘိုး  အရင်ဆုံး သမီး မြို့ထဲ ဈေးသွားဝယ်အုံးမယ်နော်။ပြီးမှ  အဘိုးရဲ့ လှည်းဆီ  ပြန်လာခဲ့မယ်နော်''

''ကောင်းပါပြီ  မိန်းကလေး''အဘိုးအိုက  ပြန်ဖြေလိုပ်သည်။

လင်းရှောင်ယဲ့က  မြို့ထဲကို  ပြန်လှည့်သွားခဲ့သည်။

ဒီမှာရှိတဲ့  နွားလှည်းများသည်  ကြေးပြား  တစ်ပြားသာ  ပေးရသည်။သူမ  ကင်မြှီးကောက်ကို  ရောင်းပြီတဲ့အခါ  ထိုအရာက  ပြဿနာ တစ်ခု မဟုတ်တော့ပေ။

ထိုအကြောင်းကိုတွေးရင်း  လင်းရှောင်ယဲ့ က  သူမအရင်ထိုင်ခဲ့သော နေရာကို  ပြန်လျှောက်လာသောအခါ  လေထဲမှာ  မွှေးပျံ့သော  အနံ့ကို  ရလိုက်သည်။

ဒီအနံ့က  ကောင်းလိုက်တာ

သူမ နှခေါင်းကို  အနံ့ခံရင်း   စားလိုက်ရင်  ဘယ်လေညက်အရသာရှိမလဲလို့  တွေးနေမိသည်။

ဘန်းမုန့်ပေါင်း!!!

သူမထိုင်ခဲ့တဲ့ နေရာနားက  ဘန်းမုန့်ဆိုင်လေးမှ အနံ့များထွက်လာခြင်းဖြစ်သည်။

''အခုမှ မီးဖိုထဲက ထုတ်တဲ့ ပူပူနွေးနွေး  ဘန်းကိတ်လေးတွေနော်
အမ တစ်ခုယူမလား''

ကလေးတစ်ယောက်က  ဘန်းမုန့်တစ်ခုကို  သူမရှေ့ယူလာပြီးမေးလိုက်သည်။

လင်းရှောင်ယဲ့က  တံတွေးကို မျိုချလိုက်ပြီး  
''မောင်ငယ်လေး  ဒါဘယ်လိုရောင်းတာလဲ''

''အသားဘန်းကိတ်တစ်ခုကို  ကြေးပြား  ၃ပြား  ကျန်တာတေက  တစ်ခုကို  ကြေးပြား  ၂ ပြားပါ''

''ကောင်းပြီ  ငါ့ကို  အသားဘန်းကိတ်  ၂ခုပေးပါ''

ထို့နောက်  လင်းရှောင်ယဲ့က  သူမကိုယ်၌  ပိုက်ဆံကို ရှာလိုက်သည်။

''အိုး  ပိုက်ဆံမရှိသေးဘူးဘဲ''

''ခဏလောက်  စောင့်ပါအုံး။ငါ ခဏနေရင် ဝယ်မယ်။မင်း  ငါ့ဖို့ချန်ထားပါအုံး''  လင်းရှောင်ယဲ့က  မြန်မြန်ပြောလိုက်သည်။

ထို့နောက် လင်းရှောင်ယဲ့က  တခြားတစ်ဖက်ကို  လှည့်ပြေးသွားခဲ့သည်။

သူမက  အရမ်းဆာလောင်နေခဲ့ပြီး  ဘန်းကိတ်၏ မွှေ့ရနံ့ကလည်း  သင်းပျံ့နေသဖြင့်  သူမဘာကို မှ ဂရုမစိုက်တော့ပေ။

မွှေးပျံ့သော အသားဘန်းကိတ်၏ အနံ့ကို  ခံရင်း  လင်းရှောင်ယဲ့အကူအညီမဲ့စွာနဲ  တံတွေးသာ  မြိုချမိသည်။

'မဟုတ်သေးဘူး   ငါပိုက်ဆံမြန်နိုင် သမျှ  မြန်မြန် ရှာရမယ်'

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now