16

21 6 0
                                    

အပိုင်း-16

လယ်သမား၏ အလိုလိုက် အကြိုက်ဆောင်ခြင်းခံရသောဇနီး:ကောက်ပဲ သီးနှံများစိုက်ပျိုး၍ မုန့်လုံးလေးအား ပြုစုပျိုးထောင်ခြင်း

လင်းရှောင်ယဲ့ က ကမန်းကတန်း ပြုံးပြပြီး "သေချာတာပေါ့  အရသာရှိတဲ့ တစ်ခုခုသာ ဒီမှာရှိရင်  အဖွားကိုဘဲအရင်ဆုံး  ပေးမှာပါ"

ဒါကိုကြားတော့ အဖွားစွန်း က လင်းရှောင်ယဲ့  ကို ဗလာသက်သက်နဲ့ ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။ "မင်း လှည့်စားဖို့  မကြိုးစားတာ ကောင်းမယ်"

စကားဆုံးပြီးနောက် အဖွားစွန်းသည် သူမ၏ ဝဖိုင့်သော ခန္ဓာကိုယ်ကို လှည့်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားသည်။

လင်းရှောင်ယဲ့ က စိတ်သက်သာရာရသွားသည်။ သို့သော်လည်း  သူမ  သက်ပြင်း ချမယ်လို့မှ  မကြံသေးဘူး  
ဟော်လီက  မီးဖိုချောင်မှ ယုန်ရိုင်းတစ်ကောင်ကို ရုတ်တရက် ခြံထဲသို့ သယ်ဆောင်သွားသည်။ တိုက်ဆိုင်စွာပင် အဖွားစွန်း၏ စူးရှသော မျက်လုံးများက သူ့ကို ဖမ်းမိသွားသည်။ အဖွားစွန်း သည် မျက်စိတစ်မှိတ်အတွင်း လင်းရှောင်ယဲ့ ကို စိုက်ကြည့်နေသည်။

"ဟေ့  ငွေဖြုန်းသမား မင်းဘာတွေ ကြောင်နေတာလဲ"

လင်းရှောင်ယဲ့ ရုတ်တရက် ခေါင်းတစ်ခြမ်း ကိုက်လာသည်။ ယခင်ကတော့ ဟော်လီက ကောင်းမွန်သော အထောက်အသင်းဖော် ဖြစ်မည်ဟု သူမ ထင်ခဲ့သည်။ ယခုတော့ ဝက်လို အသင်းဖော်ဖြစ်နေမယ်လို့ မမျှော်လင့်ထားပါဘူး

ထိုသို့တွေးတောရင်း လင်းရှောင်ယဲ့ သည် အမြန်ရှေ့သို့လှမ်းကာ ကြောက်ရွံ့ထိတ်လန့်သောအကြည့်ဖြင့်   အဖွားစွန်းကို ဘေးနားမှ မတ်တပ်ရပ်ကာ ဘေးဘက်သို့ အမြန်ဆွဲလိုက်သည်။

လေးလေးနက်နက်ဖြင့်  သူမက အဖွားစွန်း ထံချဉ်းကပ်ပြီး မိုက်မဲစွာပြောဆိုရန် ပြင်ဆင်ခဲ့သည်။ "အဖွား  ဟော်လီ ရဲ့လက်ထဲက ယုန်ရိုင်းကို မကြိုက်ဘူး  မဟုတ်လား"

လင်းရှောင်ယဲ့  ကြောက်လန့်နေတာကို မြင်လိုက်ရတော့ အဖွားစွန်း က ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now