5

20 7 0
                                    

အပိုင်း-(5) သူမ  လန့်လို့သေတော့မယ်

အခု ဒီမှာတွေ့ရတဲ့ဆေးပင်များက  တန်းဖိုးမရှိသော ရိုးရိုးသာမန်  ဆေးပင်များဖြစ်သည်။သူမ၏ ယနေ့ရည်ရွယ်ချက်က  တန်ဖိုးရှိသော ဆေးပင်  တစ်ခုခု  ရ ရှိရန်ဖြစ်သည်။အကယ်၍  မရခဲ့ရင်လည်းကိစ္စမရှိပေ။တောင်ပေါ်မှာ ရှိသော  ဆေးပင်များနှင့် ရင်းနှီးကျွမ်းဝင်စေရန်  သာ အဓိက ဖြစ်သည်။

လင်းရှောင်ယဲ့က  ဒီဆေးပင်များကို  တွေ့ရသည့်အတွက်   စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။၎င်းတို့သည်  မော်ဒန်ခေတ်မှ  ဆေးပင်များနှင့်မတူဘဲ လေထုညစ်ညမ်းမှုမရှိသော  သဘာဝဆေးပင်များ ဖြစ်သည်။ထိုဆေးပင်များသည်  သူမအတွက်  အစွမ်းထက်၍ ထိရောက်သော ဆေးဝါးများဖြစ်လာမည်ကို  ထိုခဏမှာသူမတွေးကြည့်မိသည်။

သူမက ပြန်တဲ့အခါမှာ မတူညီတဲ့ဆေးပင်အမျိုးမျိုးကို  ပြန်ယူသွားဖို့ ဆုံးဖြတ်လိုက်သည်။

လာ- - လာ- - လာ---

လင်းရှောင်ယဲ့က ဆေးပင်များကိုဆွဲနုတ်ရင်း  သီချင်းလေးတစ်ပုဒ်ကို သီဆိုနေခဲ့သည်။အချိန်ခဏ လေးအတွင်းမှာဘဲ  သူမခြင်းတောင်းထဲဆေးပင်များဖြင့်ုပည့်သွားခဲ့သည်။

သူမ မတ်တပ်ရပ်ပြီး ပတ်ပတ်လည်ကိုကြည့်ကာ ပြန်ဖို့ပြင်ဆင်လိုက်သည်။
ထိုခဏမှာဘဲ  သူမ၏ ပတ်ဝန်းကျင်က နေရာတိုင်းက တူညီနေပြီး  သူမ တခြားတစ်ယောက်ကို မှ  မတွေ့ရပေ။

'အိုး  သွားပြီ  ငါတော့ လမ်းပျောက်ပြီ'
သူမက  မြန်မြန်ဆန်ဆန်ဘဲ ရှေ့ကိုဆက်သွားလိုက်သည်။သို့သော်လည်း  သူမလာခဲ့သောလမ်းကိုမူ မတွေ့ရသေးပေ။အချိန်အတော်ကြာထွက်လမ်းကို  ရှာဖွေပြီးနောက်  သူမ မောပန်း  ဆာလောင်ကာ  စိုးရိမ် ပူပန်လာသည်။

သူမက  သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရင်း စတင်ကာ အော်ဟစ်လိုက်သည်။
''ဟော်လီ      ဟော်လီ  ရှင်ဘယ်မှာလဲ။ကျွန်မ  အသံကို ကြားရလား။ဟော်လီ---"

သူမ၏ အော်ဟစ်ငိုယိုသံကြောင့် ငှက်များပင် အဝေးသို  ပြန်ပြေးသွားခဲ့သည်။

ငှက်တွေ  ပျံပြေးသွားတာမြင်ပြီးနောက်  သူမပိုပြီး စိုးရိမ်ပူပန်ကာ  ပြာယာခတ်လာသည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now