7

22 8 0
                                    

အပိုင်း-7
နှစ်ပြားဆို ရင်လည်း  နှစ်ပြားပေါ့

ဆိုင်ရှင်ကျန့်ကလသက်ပြင်းချလိုက်ပြီး
''မိန်းကလေး  မင်းက  ဒီလူတွေ့ဖူးသမျှလူတွေထဲမှာ အထင်ကြီးစရာ အကောင်းဆုံး အမျိုးသမီးပဲ။မင်းဒီနေ့  ငါ့ကိုအများကြီးသင်ပေးခဲ့တာပဲ''

ထို့နောက်သူက  ထပ်ပြီးပြောလိုက်သည်။

''ရွှင်းဇီ  ငွေပြား နှစ်ပြားသွားယူလာခဲ့''

ဆိုင်လုလင် လေးက မျက်လုံးပြူးသွားကာ
''နှစ်. .  . နှစ်ပြား  ဆိုင်ရှင်  မင်းသေချာလား''

ဆိုင်ရှင်က  သူ့မျက်ခုံးများအားမြှင့်လိုက်ပြီး
''မင်း ဒီနေ့ ဘာလို့ဒီလောက်တောင် အသုံးမကျ ဖြစ်နေတာလဲ။ငါမင်းကိြ ရက်အတော်ကြာ အလုပ်နားပေးစေချင်တာလား''

သူ့စကားကိုကြားတဲ့အခါ လူငယ်လေးက ချက်ချင်းဘဲ  ကိုယ့််ကို ကျုံ့ကာ ချက်ချင်းပြေးထွက်သွားခဲ့သည်။

လင်းရှောင်ယဲ့က ပြုံးလိုက်သည်။

ဆိုင်ရှင်၏ အာဏာသည် ဤနေရာ၌ တော်တော် သြဇာညောင်းပုံရသည်။
ok  ငွေပြား နှစ်ပြား ဆိုတော့လည်း ၂ပြားပေါ့။ဒါက သူမရဲ့ ပထမဦးဆုံး လုပ်ငန်းကိစ္စဖြစ်တဲ အတွက် ဆိုင်ရှင်ကို အရမ်းအလွန်အကျွံဖိအားပေးလို့  မကောင်းပေ။ဖြစ်ကောင်းဖြစ်နိုင်သည်မှာ  အနာဂတ်မှာ  ဒီနေရာ၌  လုပ်ငန်းကိစ္စအများအပြား ဆက်လက်လုပ်ကိုင်ဖို့ရှိသေးသည်။

ဆိုင်ရှင်ကျန့်က  အကူအညီမဲ့စွာနဲ့မေးလိုက်သည်။
''မိန်းကလေး  မေးပါရစေ  ဘယ်လို ပစ္စည်းကောင်းတွေကို များ  အနာဂတ်မှာ  မင်းယူလာမှာလဲ  သိလို့ရမလား''

လင်းရှောင်ယဲ့က  အေးခဲသွားကာ  သူမ၏ လက်များကို ပွတ်လိုက်ပြီး

'ဘုရားရေ  ငါ့မှာ အခု ဘာပစ္စည်းကောင်းမှ မရှိသေးဘူး။ငါ  ဒါကို ပြောလိုက်ရမှာလား'
'အဖြေက  no ပါ'

''ဒါပေါ့  ပစ္စည်းကောင်းတွေပဲလေး  ဒါဗေမဲ့  ဒါက လျှို့ဝှက်ချက်လေ  ကျွန်မ ယူလာတဲ့အခါ ရှင်တွေ့ရမှာပါ။ရှင်လည်း  သိမှာပါ  ကောင်းမွန်တဲ့  အရာတွေက  အထူးနေရာတွေမှာ  စိုက်ပျိုး  ပြုစုထိန်းသိမ်းရတယ်လေ။ရောင်းရမယ့် အချိန်တွေကျခါမှ  ထုတ်တာ အကောင်းဆုံးလေ။ ရှင်ရော  အဲလို အထင်ဘူးလား''

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now