4

20 5 0
                                    

အပိုင်း(4)

သူမကို ဂရုစိုက်တာလား

လင်းရှောင်ယဲ့ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ မီးခိုးရောင်အဝတ်အစားနှင့် အမျိုးသားတစ်ဦးကို  မြင်လိုက်ရသည်။

၎င်းသည်  သူ၏ဆံပင်အား ထုံးထားသည်မှာ ဘန်းမုန့်တူသည်ဟု  သူမထင်သည်။၎င်းကို  သူ၏ဦးခေါင်း၌ စု၍ ချည်ထားသေးသည်။သူ့ပုံစံကြည့်ရတာ  လှပ၍ ဆန်းကျယ်သော စာသင်သားတစ်ယောက်၏  ပုံစံမျိုးဖြစ်သည်။သို့သော်လည်း  သူမ၏ အမြင်အရ  ဤအမျိုးသားသည်  တစ်ကယ့်စာသင်သား ပုံစံနှင့်လုံးဝမအပ်စပ်ပေ။

မူလကိုယ်၏  အကြိုက်နှင့်ပက်သတ်၍ အတော်လေး စဉ်းစားစရာပင်။

လိုင်ဝမ်ကွေ့ အရှေ့ ကိုရောက်သောအခါ  သူမသည်  ခြေအိပ်ဝတ်မထားသလို  ဖိနပ်လဲစီးမထားတာ တွေ့လိုက်ရသည်။သူက ချက်ချင်း  နောက်ကို ဆုပ်လိုက်ပြီး  စက်ဆုပ်ရွံ့ရှာသော အကြည့်ဖြင့်  သူမအားကြည့်လိုက်သည်။

''မြန်မြန်လုပ်''
လင်းရှောင်ယဲ့က  မှင်သက်သွားသည်။
ဒါက  သူက  သူမကို  စိတ်ပူနေတဲ့ပုံစံလား။မနေ့က  သူသာ မူလကိုယ်အား  မဆူပူကြိမ်းမောင်းခဲ့ဘူးဆိုရင်   သူမလည်း  သူ့ကို သက်သေပြဖို့  မြစ်ထဲခုန်ချစရာ မလိုပေ။

''အိုး    ခဏစောင့်ပါအုံး''

လင်းရှောင်ယဲ့က  ကမ်းပါးပေါ်တက်လာခဲ့ပြီး  သူမခြေထောက်များကို  သန့်ရှင်းကာ  ဖိနပ်ကို ဝတ်လိုက်ပြီး  ထိုအမျိုးသား ၏  အတားသို့ တိုးကပ်လာသည်။

''ဘာပြောစရာ ရှိလို့လဲ''

''ရစ်ငှက်က  ဘယ်မှာလဲ။မြန်မြန်ထုတ်လိုက်စမ်းပါ။ငါ့မိဘတွေ  စားဖို့စောင့်နေကြတယ်''

လင်းရှောင်ယဲ့ ပြန်ပြောတာတောင်မစောင့်ဘဲ  ထိုလူက  သူမဆီက  တစ်ခုခု ဘရ  ရှိရန်  တိုက်တွန်းလိုက်သည်။ထိုလူက  လင်းရှောင်ယဲ့ တစ်ကိုယ်လုံးသာမက  အဝတ်လျှော်သော  ဇလုံထဲပါအကျန်  သဲကြီးမဲကြီး  အတင်း  ပြူးပြဲ ရှာဖွေလေ၏။

လင်းရှောင်ယဲ့  မင်သက်သွားသည်။

အိုး  လက်စသတ်တော့ အဓိက အကြောင်းအရင်းဒါလား။ရစ်ငှက်ကို  အချောင်  တောင်းတာပေါ့။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now