20

29 5 0
                                    

လင်းရှောင်ယဲ့

အခန်း 20

(မင်း  အခုထိ  မသေသေးဘူး  မဟုတ်လား )

ဒါက အမေဝမ် မမျှော်လင့်ထားတဲ့အရာပါ။ စီးပွားရေးလုပ်တဲ့သူတွေက မုန့်ပေါင်းကို သေးသထက် သေးအောင် လုပ်မှာပါ မဟုတ်ရင် ဘယ်လိုလုပ်  အမြတ်အစွန်းကျန်ပါ့မလဲ

အမေဝမ်ရဲ့ စားဖို့ နှောင့်နှေးနေတာကို မြင်လိုက်သော လင်းရှောင်ယ က တော်တော်လေး စိုးရိမ်နေသည်။

"မေမေ၊ ဒါက အစ်မအကြီးဆုံးလုပ်ပေး ထားတဲ့  ဘန်းမုန့်ပါ။ မြန်မြန် စားသင့်တယ်။အဘွားကြီးလာတာနဲ့  တိုးနေလို့  ပြဿနာတွေ တက်ကုန် မယ်"

အဲဒီနောက်မှာတော့ လင်းရှောင်ယ ဟာ စိတ်မသက်မသာဖြစ်ပြီး စောင့်ကြပ်ဖို့ တံခါးဆီကို ပြေးသွားခဲ့သည်။ အမေဝမ် ကတော့ ဒီအချိန်မှာ သူမ ပိုစိုးရိမ်လာပြီး မျက်မှောင်ကြုပ်ကာ သက်ပြင်းချလိုက်သည်။

"အိုး မင်းရဲ့အစ် မဟာ သူ့ဘာသာသူ ခက်ခက်ခဲခဲ နေရတယ်လို့ မင်းပြောခဲ့တယ်၊ ဒါဆို သူ ငါတို့ကို ဘယ်လိုလုပ် ထောက်ပံ့နိုင်တာလဲ"

ကြည့်ရတာ ရှောင်ယဲ့က  ဒီတစ်ခါတော့ တကယ်ပြောင်းလဲသွားတာ့ဖြစ်လိမ့်မယ်

ဒါကိုတွေးရင်း အမေဝမ် ဟာ ရုတ်တရက် နှာခေါင်းတွေ နာတာကို ခံစားခဲ့ရပြီး အရင်က သူမ ခံစားခဲ့ရတဲ့ ဝေဒနာကို တွေးနေသလား  ဒါမှမဟုတ် သူ့မသမီးလေးဟာ နောက်ဆုံးမှာ ဉာဏ်ကောင်းလာ တယ်လို့ ခံစားရသလား မသိဘဲ  မျက်ရည်များ ကျလာသည်။

သို့သော် ယခုအခိုက်တွင် လင်းရှောင်ရှန် သည် အိမ်ထဲသို့ ပေါက်ပြားထန်းကာ ချဉ်းကပ်လာသည်ကိုမြင်တော့ လင်းရှောင်ယက  ထိတ်လန့်သွားပြီး အမေဝမ်ဆီ ပြေးသွားခဲ့သည်။

"မေမေ  ဖေဖေ ဝင်လာတော့မယ်မြန်မြန်စားလိုက်။အဖမ်း မခံရစေနဲ့  မဟုတ်ရင် အစ်မကြီး ဘဝက ခက်ခဲ့လာ လိမ့်မယ်"

ဒါကို ပြောလိုက်တာနဲ့ အမေဝမ် က  ချက်ချင်း  တုံ့ပြန်လာပြီး သူ့မပါးစပ်ထဲကို ဘန်းမုန့်တစ်လုတ်ကို ချက်ချင်းထိုးထည့်လိုက်ပေမယ့် သူမ ဘယ်လောက်မြန်မြန်စားပါစေ လင်းရှောင်ရှန် လမ်းလျှောက်တာလောက်တော့ မြန်မှာ မဟုတ်ပါဘူး။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now