13

25 5 0
                                    

လယ်သမား၏ အလိုလိုက် အကြိုက်ဆောင်ခြင်းခံရသောဇနီး:ကောက်ပဲ သီးနှံများစိုက်ပျိုး၍ မုန့်လုံးလေးအား ပြုစုပျိုးထောင်ခြင်း

အခန်း-13

လင်းရှောင်ယဲ့က ဟော်လီ၏ ပေါင်ကို ပုတ်လိုက်ပြီး  သူမ အဝတ်အစားများကို လဲဝတ်လိုက်သည်။သူမ အဝတ်စားဝတ်နေရင်း  သူကို့ကြည့်လိုက်သောအခါ  အမှန်တစ်ကယ်ကို  သူမစိတ်ထဲ ရှုတ်ထွေးနေသည်။

''မြန်မြန်ထတော့  မိုးလင်းတော့မယ်''

ပြောရမယ်ဆိုရင် ဒီမနက်  သူမအိပ်ရာ ထတော့ ဟော်လီ၏ ဟောက်သံကို ကြားတော့  သူမ  ထူးဆန်းသလိုခံစားရသည်။ဟော်လီက အခုအချိန်ထိ  မနိုးသေးဘဲဟောက်နေတာကို  မြင်သောအခါ သူမ သူနိုးတဲ့အထိ မစောင့်ချင်တော့ပေ။

နှစ်ယောက်သား လိုအပ်သည့်အရာများကိုမြန်မြန်ထုပ်ပိုးလိုက်ပြီး တောင်ပေါ်သို့ သွက်သွက်လမ်းလျှောက်ခဲ့သည်။သူမတို့တောင်ပေါ်ရောင်တဲ့အခါ မှာ နည်းနည်းတောင် နောက်ကျနေပါပြီ။သိပ်မကြာခင်မှာဘဲ မိုးလင်းလာခဲ့သည်။

ဒီနေ့တော့ အမဲလိုက်ဖို့ မျှော်လင့်မထား သဖြင့် လင်ရှောင်ယဲ့က ဟော်လီအား ဆေးပင်အချို့ ကူခူးရန်မေးလိုက်သည်။

ထိုအချိန်မှာဘဲ အခြားလူတွေက တောင်ပေါ်သို့တက်လာကြသည်။ထိုလူများက  တောရိုင်း ဟင်းသီးဟင်းရွက်များ ခူးယူရန်ရောက်လာခြင်းဖြစ်သည်။ယနေ့က  ရာသီဥတုကလည်း သာယာသဖြင့်  ဟင်းသီးဟင်းရွက်များက ကောင်းကောင်းကြီးထွားကာ လတ်ဆတ်နေသည်။ဒီတောရိုင်းအသီးအနှံများသည်  ရွာသားများအတွက်  အချိန်အကြာကြီး အစားအစာ ပြတ်လတ်ရန်  မပူရပေ။

''ဟေး အဲဒါ လူအိုကြီးဟော်တို့ မိသားစုမလား။မနေ့က ငါကြားတာတော့ လူအိုကြီးဟော်နဲ့ စုန့်ရွှေရှန်းတို့ ရဲ့ ဆက်ဆံရေး ပြတ်ဆဲသွားတယ်ဆိုဘဲ။သူမက ဒါကြောင့်  ပြောင်းလဲသွားတာများလား''

''သူမက တစ်ကယ်ဘဲ  ပြောင်းလဲတာလား  မပြောင်းလဲတာလားဆိုတာ ဘယ်သူသိမှာလဲ။ခွေးမှန်ရင် ဘယ်တော့မှ  မစင်စားတာ  ရပ်မှာမဟုတ်ဘူး။မကြာခင်  သူမ ဇာတိပြလာလိမ့်မယ်''

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now