2

28 9 0
                                    

အပိုင်း-၂ ( လှည့်ကွက်တွေလား)

လင်းရှောင်ယဲ့က ချက်ချင်းဘဲ မီးဖိုရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး ခါးပေါ်လက်ထောက်ကာ
''တကယ်ကြီး. . . . ဒီမှာ ဆီလေးတောင်မှ မရှိဘူး''

သူမ စိတ်ဓာတ်ကျစွာ တွေးတောနေတုန်းမှာဘဲ ဟော်လီက ခုတ်ထစ်ပြီးသော ရစ်ငှက်အသား များအား ယူကာ မီးဖိုချောင်ထဲ ဝင်လာသည်။

''အဲဒီထဲမှာ ထည့်ထားလိုက်''
ထို့နောက်မှာတော့ သူမက ချက်ပြုတ်ရန် စတင်ပြင်ဆင်တော့သည်။

ဟော်လီက မီးဖိုရှေ့၌ မတ်တပ်ရပ်နေသော လင်ရှောင်ယဲ့အားကြည့်ကာ သူ့မျက်လုံး၌ သံသယ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

'သူမက တစ်ကယ်ဘဲ လင်းရှောင်ယဲ့လား။ပြီးတော့ သူမက တစ်ကယ်ဘဲ ချက်ပြုတ်မလို့လား'

အရင်အချိန်တွေ အကြောင်းပြန်တွေးကြည့်မယ် ဆိုလျှင် လင်းရှောင်ယဲ့က အစားအစာ ချက်ပြုတ်ခြင်းနဲ့ ပက်သက်လို့ တစ်ကယ်ကို ခက်ခဲသော အချိန်များ ရှိခဲ့ပြီး မီးဖိုချောင်၌ မီးလောင်လုနီးပါး ထိ ဖြစ်ပျက်ခဲ့ဖူးသည်။ဟော်လီက ၎င်းဟာ မလွယ်ကူဘူး လို့ ခံစားရသည်။သို့သော်လည်း သူက သူမအား မီးဖိုချောင်ထဲ၌ ထားခဲ့ကာ ခြံဝန်းထဲသို့ထွက်လာခဲ့သည်။သူက ထိုင်ချလိုက်ပြီး မီးဖိုချောင်ထဲရှိ သူမအား မကြာမကြာ လှမ်းလှမ်း ကြည့်နေသည်။

လင်းရှောင်ယဲ့က သူမအရှေ့ ရှိ ရစ်ငှက်အသားကို သေချာကြည့်လိုက်သည်။
ထို့နောက် အိမ်မှာ ရှိတဲ့ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။သို့သော်လည်း ဒီနေရာ၌ ဆားမှလွဲ၍ အခြား ဟင်းခတ်အမွှေးအကြိုင် ဘာဆို ဘာမှ မရှိပေ။

''ကြည့်ရတာ ပေါ့ပေါ့ ပါးပါး အစားအစာ တစ်ခုဘဲ လုပ်လို့ရလိမ့်မယ်''

သူမက အင်္ကျီလက်မောင်းကို မတင်လိုက်ပြီး ရစ်ငှက်အသားကို ရေဆူနေသော အိုးထဲသို့ထည့်လိုက်သည်။၎င်းကို ရေနွေးဖျော ပြီးသောအခါ ဆယ်ထုတ်လိုက်ပြီး ရေများကို လှယ်ကာ ရစ်ငှက်သားအိုးထဲ ရေထပ်ထည့်လိုက်သည်။ရေဆူလာသောအခါ ဆားနဲနဲ ထပ်ထည့်လိုက်ပြီး ရေခမ်းကာ ရစ်ငှက်သားအား နူးအိပျော့ပျောင်းလာအောင် စောင့်နေလိုက်သည်။နူးအိလာတဲ့အခါမှာတော့ သူမက အိုးကို မီးဖိုပေါ်မှချလိုက်သည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now