6

24 7 0
                                    

အပိုင်း-5
လုပ်ငန်းကိစ္စပြောဆိုခြင်း

လင်းရှောင်ယဲ့က  ခြေလှမ်းကို သွက်သွက်လှမ်းလိုက်သည်။

ထိုစဉ်  သူမရှေ့၌  ''ရှန်ဟဲထန်  ဆေးဆိုင်''  ဟုလက်ရေးလှဖြင့်ရေးထားသော  ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

ဒီတစ်ခုပဲ။

လင်းရှောင်ယဲ့က  ခြေလှမ်းကို  အရှိန်မြှင့်ကာ ထိုခန်းမထဲသို့ဝင်ခဲ့လိုက်သည်။ထိုဆေးဆိုင်ထဲ၌  ဝယ်သူတစ်ဦးတစ်ယောက်မှ မတွေ့ရဘဲ  ငိုက်မျဉ်းနေသော ဆိုင်လုလင်လေးတစ်ယောက်ကိုသာ  တွေ့ရသည်။

''မိတ်ဆွေ  မင်းက  ဒီက  ဆိုင်ရှင်လား''
လူငယါလေးက  သန်းဝေလိုက်ပြီး  သူမကို ကြည့်လိုက်သည်။
သူ့ခမျာ ကြောက်လန့်ကာ  နှလုံးခုန်ရပ်လုနီးနီးဖြစ်သွားခဲ့သည်။

''ရုပ်ဆိုးလိုက်တာ  ရုပ်ဆိုးလိုက်တာ''

လင်းရှောင်ယဲ့က  လက်ကိုမြှောက်ကာ  သူမ  မျက်နှာကို  သူမထိလိုက်သည်။

'အာ  ဒီမျက်နှာက  တစ်ကယ်ကိုဘဲ ကြောက်စရာ ကောင်းတာပဲ။ဒီလူငယ်လေး ကြောက်လန့်သွားတာကို  သူမအနေနဲ့  နားလည်လို့ရသည်။
ကြည့်ရတာ  ဒီမျက်နှာကို  တစ်ခုခုနဲ့ ဖုန်းမှ ဖြစ်တော့မယ်  နဲ့တူပါရဲ့'

သူမက ချက်ချင်း အဖြူရောင် အဝတ်စတစ်စကို သူမ၏ လက်ကောက်ဝတ်ထဲမှ ယူလိုက်ပြီး သူမမျက်နှာကို ဖုံးအုပ်လိုက်သည်။၎င်းက  သူမမျက်နှာပေါ်တွင်  ကွက်တိဖုံးအုပ်ထားသည်။

သို့သော်လည်း၎င်းက  ချောမွေ့သော  အသားနှင့်တော့  မယှဉ်သာပေ။

''မိတ်ဆွေ  ကျွန်မ ရှင့်ဆီက  တစ်ခုလောက်စုံစမ်းချင်လို့ပါ''

လူငယ်လေးက  နောက်တစ်ခါ သူမမျက်နှာကို ကြည့်လိုက်တဲ့အခါမှာတော့  သူမမျက်နှာကို ပုဝါနှင့်ဖုံးအုပ်ထားတာ တွေ့လိုက်ရသည်။ဒါက မှ  ကြည့်လို့အဆင်ပြေသေသည်။မဟုတ်ရင်သူ့မှာ လန့်လို့အိမ်မက်ဆိုးတွေတောင် မက်တော့မယ်''

''မင်းဆေးဝယ်ချင်လို့လား။ငါ့ကိုဆေးညွှန်းပေးပါ။ငါ သွားယူပေးမယ်''

''ငါ ဒီကို ဆေးဝယ်ရအောင်လာတာမဟုတ်ဘူး။ငါဒီကို  ဆိုင်ရှင်နဲ့ စီးပွားရေးကိစ္စပြောရအောင်လာတာ''

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now