10

22 5 0
                                    

အပိုင်း-၁၀

ပြောရမှာလား

ဟောလီ၏ လက်ချောင်းများက တင်းကြပ်လာခဲ့သည်။သူ့နှလုံးသားထဲ၌ လည်းဝရုန်းသုံးကား  ဖြစ်နေခဲ့သည်။

''ပြော. . ''

''အား. . . ငါ့လက်ကအရိုးတွေကျိုးကုန်ပြီ။ဘယ်လိုလုပ် ပြောနိုင်မှာလဲ''

''လင်းရှောင်ယဲ့က သူမ၏လက်ကောက်ဝတ်ကျိုးကြေတော့မလိုခံစားနေရသည်။သူမ၏ မျက်နှာတစ်ခုလုံးက ရှုံ့မဲ့နေသည်။သို့သော်လည်းဟော်လီက  သူမကို သွားခွင့်မပေးဘဲ ထိုအစား  သူမကို  သူ့အနီးသို့ဆွဲလိုက်သည်။

''မင်းအခု    ဒါတွေကို ဘာအဓိပ္ပါယ် နဲ့ လုပ်နေတာလဲ။မင်းရဲ့ ရည်ရွယ်ချက်က  ဘာလဲ''

လင်းရှောင်ယဲ့က သူ့လက်မှလွတ်မြောက်အောင် ရုန်းလိုက်ပြီး  ပြောလိုက်သည်။
''ဘာတွေမှားနေလို့လဲ။ကျွန်မက ကောင်းကောင်းမွန်မွန်နဲ့  ဘဝကို ဖြတ်သန်းချင်ယုံလေးပါ။ဒါလေးတောင်  မရဘူးလား''

သူမပြောတာ ကြားတဲ့အခါမှာ ဟော်လီက  သူမကိုစိုက်ကြည့်လိုက်ပြီး

ဒီအမျိုးသမီးက  မျက်စိမ မြင်တဲ့ကြက်တစ်ကောင်ဘဲဟာ  ဘာမှ ကြီးကြီး မားမား  လုပ်မှာ  မဟုတ်လောက်ပါဘူး။ငါ  အတွေး  လွန်နေတာ ဘဲဖြစ်မယ်

''ကောင်းပြီး  ကောင်းပြီ   ရှင်မလွှတ်သေးဘူးဆိုရင်  ကျွန်မလက်တော့  သေချာပေါက် ကျိုးလိမ့်မယ်'' သူမက နာကျင်စွာပြောလိုက်သည်။

ဟော်လီက သူမကို တစ်ချက်ကြည့်လိုက်ပြီး  သူမလက်ကို လွှတ်ပေးလိုက်သည်။

လင်းရှောင်ယဲ့ကတော့  ရုတ်တရက်  သူမ ပြန်လည် မွေးဖွားလာသလို ခံစားရသည်။သူမက  သူမ၏ လက်ကောက်ဝတ်အား ကိုင်လိုက်ပြီး  ပွတ်သပ်လိုက်ကာ စစ်ဆေးလိုက်သည်။

ကောင်းတယ်  ကောင်းတယ်  ဒါက  မကျိုးသွားဘူး

ဟောလီက မေးလိုက်သည်''  ဒီတော့  မင်းဒါတွေကို  အရင်က  ဘာလို့  မလုက်တာလဲ''

ဟော်လီက  သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး  လင်းရှောင်ယဲ့ကို  သေသေချာချာ  စူးစိုက်ကြည့်လိုက်သည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now